သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဝါရောင်ဆန္ဒပြသူတွေနဲ့ ပါရီရဲ ရုန်းရင်းဆန်ခတ်ဖြစ်


အဝါရောင် ရောင်ပြန်အကျီ ၤဝတ် ဆန္ဒပြသူ (မတ်၊ ၁၆၊ ၂၀၁၉)
အဝါရောင် ရောင်ပြန်အကျီ ၤဝတ် ဆန္ဒပြသူ (မတ်၊ ၁၆၊ ၂၀၁၉)

ပြင်သစ်နိုင်ငံ ပါရီမြို့တော်ရဲ့ အထင်ကရ ဈေးဆိုင်တန်းရှိရာ လမ်းမပေါ်က ဘဏ်တခုကို ဆန္ဒပြသူတွေက စနေနေ့မှာ မီးရှိုှု့ပြီး ဈေးဆိုင်တွေကိုလည်း ဝင်ရောက် ဖျက်စီးခဲ့ကြပါတယ်။

သမ္မတ Emmanuel Macron နဲ့ သူ့ရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြကြတဲ့ အဝါရောင် ရောင်ပြန်အကျီ ၤဝတ်သူတွေရဲ့ ဆန္ဒပြပွဲက ၄ လထဲကို ရောက်လာခဲ့ပါပြီ။ ဆန္ဒပြသူ အရေအတွက် လျော့ကျလာနေပြီး ချီတက်မှုတွေမှာလည်း ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်လာခဲ့တာ သတင်းပတ်တွေနဲ့ချီ ရှိလာပြီးနောက် အခုလို ရုန်းရင်းဆန်ခတ် ပြန်ဖြစ်လာတာပါ။

ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို မီးသတ်ပိုက်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခဲ့ပါတယ်။ မီးသတ်သမားတွေ ရောက်မလာခင်မှာ Banque Tarneaud ဘဏ်ခွဲတခု မီးလောင်ခဲ့ပါတယ်။ Champs Elysees က စာအုပ်ဆိုင် ၂ ခုလည်း မီးလောင်ခဲ့သလို လမ်းတွေပေါ်မှာ မီးပုံရှို့ခဲ့ကြပါတယ်။

ပါရီမြို့တော်က Arc de Triomphe မုခ်ဦးရှေ့မှာ မျက်ရည်ယိုဗုံးတွေ ပစ်ထားတဲ့ ကြားကဘဲ ဆန္ဒပြသူတွေက ရဲတွေကို လမ်းခင်း ကျောက်တုံးတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ နေ့ခင်းပိုင်းလောက်မှာတော့ ဆန္ဒပြသူတွေက Champs Elysees တဝိုက်က စတိုးဆိုင်တွေကို လုယက်၊ နောက် Fouquet’s စားသောက်ဆိုင်ကို ဝင်ရောက်ဖျက်စီးတာတွေ လုပ်ခဲ့ကြပြီး ဆန္ဒပြသူ ၈၀ ကျော်ကို ရဲက ဖမ်းဆီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်တွေနဲ့ ယှဉ်ရင် ဆန္ဒပြသူက နည်းလာကြောင်း၊ ပါရီမှာ ဆန္ဒပြသူ ၈၀၀၀ ပဲ ရှိခဲ့တယ်လို့လည်း ပြည်ထဲရေး ဝန်ကြီး Christophe Castaner က ပြောပါတယ်။ ဒါပေမယ့် ဒီထဲက ၁၅၀၀ ကျော်က အစွန်းရောက် အကြမ်းဖက်ကြသူတွေ ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၁၄၀၀ ကို တာဝန်ချထားခဲ့ရတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

အဝါရောင်ဆန္ဒပြသူတွေနဲ့ ပါရီရဲ ရုန်းရင်းဆန်ခတ်ဖြစ်
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG