သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည် ၅ဝခန့် ပြင်သစ်ကနေ အင်္ဂလန်ကူးဖို့ ကြိုးစား


Calais မြို့ဆိပ်ကမ်းကနေ သင်္ဘောနဲ့ အင်္ဂလန်ကို လိုက်ပါ ဝင်ရောက်ဖို့ ကြိုးစားခဲ့သူတွေကို ရဲက ဖမ်းမိစဉ်
Calais မြို့ဆိပ်ကမ်းကနေ သင်္ဘောနဲ့ အင်္ဂလန်ကို လိုက်ပါ ဝင်ရောက်ဖို့ ကြိုးစားခဲ့သူတွေကို ရဲက ဖမ်းမိစဉ်

ရွှေ့ပြောင်းအခြေချသူ ၅၀ ခန့် ဟာ စနေနေ့ နှောင်းပိုင်းက ပြင်သစ်နိုင်ငံ တောင်ပိုင်း Calais မြို့ဆိပ်ကမ်းကနေ သင်္ဘောနဲ့ အင်္ဂလန်ကို လိုက်ပါ ဝင်ရောက်ဖို့ ကြိုးစားခဲ့တယ်လို့ ပြင်သစ်အာဏာပိုင်တွေက ပြောပါတယ်။

အင်္ဂလန်နိုင်ငံ Doverမြို့ကနေ ရေလက်ကြားဖြတ်ကျော်ပြီး ပြင်သစ်ကို လာတဲ့ ဒီသင်္ဘော အပြန်ခရီးမှာ ဒုက္ခသည်တွေက လိုက်ပါပြီး အင်္ဂလန်နိုင်ငံ ထဲကို ဝင်ရောက်ခွင့်ရဖို့ မျှော်လင့်ခဲ့ ကြတာဖြစ်ပါတယ်။ သူတို့က သဘောၤပေါ်ကို အလုအယက်တက်ဖို့ ကြိုးစားခဲ့ကြတာဖြစ်ပြီး လက်ရှိမှာ ဒုက္ခသည်၄၄ ဦး ကို ဖမ်းဆီးရမိထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ရွှေ့ပြောင်း ဒုက္ခသည်တွေထဲက ၂ ဦး ရေထဲ ပြုတ်ကျခဲ့ပေမယ့် အလျင်အမြန် ကယ်ဆယ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ရှာဖွေရေးတွေ လုပ်ခဲ့တဲ့ အတွက် သင်္ဘောထွက်ခွာချိန် နာရီပေါင်းများစွာ ရွှေ့ဆိုင်းထားရတယ်လို့ ရေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ စနေနေ့ည မှာ ရွှေ့ပြောင်း အခြေချ ၁၀၀ လောက် Calais မြို့ဆိပ်ကမ်းကို စုပြုံရောက်လာတာ ဖြစ်တယ်လို့လည်း အာဏာပိုင်တွေက ပြောတာပါ။

သဘောၤပေါ်မှာ ပုန်းနေသူ အနည်းဆုံး လေးဦးလောက် ကျန်နေဦးမယ်လို့ ယူဆတဲ့ အတွက် ဒီကနေ့ တနင်္ဂနွေနေ့ မနက်ပိုင်းအထိ ရဲတပ်ဖွဲ့ ဝင်တွေက ဆက်လက်ရှာဖွေနေတယ်လို့ ပြင်သစ် သတင်းဌာန AFP ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG