သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မော်ရိုကို ငလျင်ကြောင့် ပိတ်မိနေသူတွေ ဆက်လက်ရှာဖွေ


Damage in the historic city of Marrakech, following a powerful earthquake
Damage in the historic city of Marrakech, following a powerful earthquake

လူပေါင်း ၂ ထောင်ကျော်သေဆုံးခဲ့တဲ့ ငလျင်ဒဏ်ခံခဲ့ရတဲ့ မော်ရိုကိုနိုင်ငံမှာ အရေးပေါ်အကူအညီပေးဖို့ အသင့်ရှိကြောင်း ပြင်သစ်သမ္မတကပြောလိုက်ပါတယ်။

မော်ရိုကို တာဝန်ရှိသူတွေကသာ အသုံးဝင်မယ်လို့လက်ခံမယ်ဆိုရင် အကူအညီပေးဖို့ နည်းပညာပိုင်းနဲ့ လုံခြုံရေးအတွက် အသင့်ပြင်ဆင်ထားကြောင်း G-20 ထိပ်သီးအစည်းအဝေးအတွက် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ ရောက်နေတဲ့ ပြင်သစ်သမ္မတ Emmanuel Macron က ဒီကနေ့ပဲ သတင်းထောက်တွေကို ပြောလိုက်တာပါ။

ငလျင်ကြောင့် သေကြေထိခိုက်သူတွေအတွက် မော်ရိုကိုမှာ ဝမ်းနည်းပူဆွေးနေကြတဲ့တချိန်တည်းမှာပဲ အပျက်အစီးတွေကြားမှာ ဒီကနေ့လည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေကြပါတယ်။ ပြင်းအား ၆.၈ ရှိတဲ့ ငလျင်ကြောင့် လူပေါင်း ၂,၀၀၀ ကျော် သေဆုံးပြီး အပြင်းအထန် ဒဏ်ရာရသူတွေ အပါအဝင် နောက်ထပ် ၂,၀၀၀ လောက်လည်း ထိခိုက်ဒဏ်ရာရခဲ့ကြတာပါ။

ခရီးသွားတွေကြား ရေပန်းစားတဲ့ Marrakesh ဒေသကငလျင်ကြောင့် ရွာလုံးကျွတ် ထိခိုက်ပျက်စီးခဲ့ပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေကတော့ အပျက်အစီးတွေအောက်မှာ အသက်ရှင်လျက် ပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်နေကြသလို ပျောက်ဆုံးနေသူတွေရဲ့ မိသားစုဝင်တွေဟာလည်း ဆေးရုံတွေမှာ စုံစမ်းမေးမြန်းနေကြရပါတယ်။

မော်ရိုကို ငလျင်ကြောင့် ပိတ်မိနေသူတွေ ဆက်လက်ရှာဖွေ
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG