သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မော်ရိုကို ငလျင် သေဆုံးသူ ၂၀၀၀ ကျော်ပြီ


Rescue workers search for survivors in a collapsed house in Moulay Brahim, Al Haouz province, Morocco, after an earthquake, Sept. 9, 2023.
Rescue workers search for survivors in a collapsed house in Moulay Brahim, Al Haouz province, Morocco, after an earthquake, Sept. 9, 2023.

မော်ရိုကို နိုင်ငံမှာ သောကြာနေ့ ညဘက် လှုပ်ခတ်ခဲ့တဲ့ ပြင်းအား အဆင့် ၆.၈ ရှိတဲ့ ငလျင်ကြောင့် သေဆုံးရသူက စနေညအထိဆို ၂၀၁၂ ယောက်ရှိပြီဖြစ်ပြီး ဒဏ်ရာရသူကလည်း ၂၀၀၀ ထက် မနည်းရှိနေတယ်လို့ မော်ရိုကို ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မော်ရိုကို ငလျင် သေဆုံးသူ ၂၀၀၀ ကျော်ပြီ

မော်ရိုကို နိုင်ငံမှာ သောကြာနေ့ ညဘက် လှုပ်ခတ်ခဲ့တဲ့ ပြင်းအား အဆင့် ၆.၈ ရှိတဲ့ ငလျင်ကြောင့် သေဆုံးရသူက စနေညအထိဆို ၂၀၁၂ ယောက်ရှိပြီဖြစ်ပြီး ဒဏ်ရာရသူကလည်း ၂၀၀၀ ထက် မနည်းရှိနေတယ်လို့ မော်ရိုကို ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ယူနက်စကို ကုလသမဂ္ဂ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင် Marrakech မြို့ တောင်ဘက် မိုင် ၄၀ ကျော်မှာ ဗဟိုပြုလုပ်ခတ်ခဲတ့ာ ဖြစ်ပြီး ဒီမြို့ ဝန်းကျင် ဒေသ ၅ ခု မှာ သေဆုံးမှု အများဆုံး ဖြစ်ခဲ့သလို ၁၂ ရာစုက ဆောက်လုပ်ထားတဲ့ နာမည်ကျော် Koutoubia ဗလီ ပျက်စီးခဲ့ရတယ်လို့လည်း ပြောပါတယ်။

ပျက်စီးမှု ပမာဏက ကြီးမားတဲ့ အတွက် မော်ရိုကိုဘုရင် ဆဌမမြောက် မိုဟာမက်က စစ်တပ်စေလွှတ်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ဖို့ အမိန့်ပေးခဲ့တဲ့ အပြင် ကယ်ဆယ်ရေးနဲ့ ရွေ့လျား ဆေးကုသရေးလုပ်ဆောင်ဖို့ပါ ညွှန်ကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG