သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမနီ ကို ၂ ဂိုး-ဂိုးမရှိ နိုင်တဲ့ ပြင်သစ် ဖိုင်နယ်တက်


ဂျာမနီ ကို ၂ ဂိုး-ဂိုးမရှိ နိုင်တဲ့ ပြင်သစ် အသင်း ဖိုင်နယ်တက်။
ဂျာမနီ ကို ၂ ဂိုး-ဂိုးမရှိ နိုင်တဲ့ ပြင်သစ် အသင်း ဖိုင်နယ်တက်။

ယူရို ၂၀၁၆ ဥရောပဖလားဘောလုံးပွဲမှာတော့ အိမ်ရှင်ပြင်သစ် အသင်းက နောက်ဆုံး ဖိုင်နယ်ကို တက်သွားပြီဖြစ်ပါတယ်။ ပြင်သစ် နဲ့ ကမ္ဘာ့ချန်ပီယံ ဂျာမနီတို့ မာဆေးလ်မြို့မှာ ဒုတိယဆီမီးဖိုင်နယ်ကို ကစားကြတာမှာ ပြင်သစ်က ၂ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရသွားတာဖြစ်ပါတယ်။ ပြင်သစ်အတွက် ဂိုးတွေကိုတော့ အန်တွန် ဂရီးဇ်မန်းက (Antoine Griezmann) ၄၅ မိနစ် နဲ့ ၇၂ မိနစ်တွေမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ၂ သင်းစလုံးက အပြန်အလှန်တိုက်စစ်ဆင်ကစားခဲ့ကြပြီး ဂိုးသွင်းခွင့်တွေ လည်း အပြန်အလှန်ရခဲ့ကြပါတယ်။ ဂျာမနီအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာ နဲ့ ဖိကစားခဲ့ပေမယ့်၊ တိုက်စစ်ပိုင်းမှာ ဂိုးမသွင်းနိုင်ခဲ့ပဲ၊ ပထမပိုင်းပြီးခါးနီး ဒဏ်ရာရအချိန်ပိုမှာ ဂျာမနီက ရှဝိုင်းစတိုင်းဂါး ဂိုးဧရိယာထဲမှာ လက်ထိသွားတဲ့ အတွက် ပြင်သစ်က ပယ်နယ်တီကနေ ပထမဂိုးရသွားခဲ့တာပါ။

ပြင်သစ်အတွက် ဒုတိယဂိုးကိုတော့ ၇၂ မိနစ်မှာ ဂျာမနီ နောက်တန်းအမှားကနေ တဆင့် ဂရီးဇ်မန်းကပဲ ထပ်ပြီး သွင်းသွားခဲ့တာဖြစ်ပါတယ်။ ဂရီးဇ်မန်းဟာ အခုဆိုရင် ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ၆ ဂိုးသွင်းပြီး ဂိုးအများဆုံးသွင်းထားပါတယ်။

ပြင်သစ်နည်းပြ ဒေရှော့မ်ကတော့ - “သူ့ရဲ့ ကစားသမားတွေအတွက် အရမ်းဝမ်းသာပြီး ၊ ဂုဏ်ယူကြောင်း၊ ဒီပွဲ အရမ်းကိုခက်ပြီး၊ ထိုက်ထိုက်တန်တန် အနိုင်ရပြီးဖိုင်နယ်တက်နိုင်တာ ဖြစ်တယ်လို့” ပွဲအပြီးမှာ ပြောလိုက်ပါတယ်။

နောက်ဆုံးဖိုင်နယ်ကိုတော့ ပဲရစ်မြို့က Stade de France ဘောလုံးကွင်း မှာ ပြင်သစ် နဲ့ ပေါ်တူဂီအသင်းတို့ ဗိုလ်လုကြမှာဖြစ်ပါတယ်။ ပြင်သစ် နဲ့ ပေါ်တူဂီအသင်းတို့ ယူရိုပြိုင်ပွဲမှာ ၃ ကြိမ်တွေ့ဖူးတာမှာ ပြင်သစ်က ၃ ကြိမ်စလုံးကို အနိုင်ရထားပါတယ်။

ပြင်သစ်အသင်းဟာ နိုင်ငံတကာပြိုင်ပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၁၉၈၄ ဥရောပဖလား နဲ့ ၁၉၉၈ ကမ္ဘာ့ဖလားတွေမှာလည်း အိမ်ရှင်အဖြစ်နဲ့ ဗိုလ်စွဲခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG