သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“Freedom of Oxford" ဆု ဒေါ်အောင်ဆန်းစုကြည်ထံက ပြန်ရုပ်သိမ်းဖို့ ဆုံးဖြတ်


Freedom of Oxford ဆုလက်ခံယူပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရ။
Freedom of Oxford ဆုလက်ခံယူပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရ။

ဗြိတိန်နိုင်ငံ Oxford မြို့က ဒေါ်အောင်ဆန်းစုကြည်ကို ပေးထားတဲ့ “Freedom of Oxford” Oxford လွတ်မြောက်ရေးဂုဏ်ထူးဆောင်ဆုကို ပြန်လည်ရုတ်သိမ်းဖို့အတွက် မြို့ကောင်စီဝင်အားလုံး တညီတညွတ်ထဲ မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီမိုကရေစီခေါင်းဆောင်ဘဝနဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေစဉ် 1997 ခုနှစ်မှာ Oxford မြို့က သူ့ကို ဒီဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ခဲ့တာပါ။ ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ ရိုဟင်ဂျာ မူဆလင် ၄ သိန်းကျော် Bangladesh နိုင်ငံဖက် ထွက်ပြေး ခဲ့ကြပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံ တာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ Oxford လွတ်မြောက်ရေးဂုဏ်ထူးဆောင်ဆု မထိုက်တန်တော့ဘူးလို့ ပါတီစုံက တင်သွင်းတဲ့ အဆိုကို Oxford မြို့ကောင်စီဝင်တွေ မဲခွဲဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

ဆုံးဖြတ်အကြံပြုချက်အတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို မြို့ကပေးထားတဲ့ “Freedom of Oxford” ဂုဏ်ထူးဆောင်ဆုကို ပြန်ရုတ်သိမ်းမယ် မသိမ်းဘူးဆိုတာအတွက် November လ ၂၇ ရက်နေ့ကျရင် မြို့ကောင်စီမှာ အထူးစည်းဝေးပွဲတခု လုပ်ဖို့စီစဉ်ထားတယ်လို့ Oxford Mail သတင်းစာမှာ သတင်းဖော်ပြထားပါတယ်။

Oxford တက္ကသိုလ် St Hugh's College မှာ ချိတ်ဆွဲထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်းချီကားကိုလည်း ပြီးခဲ့တဲ့သီတင်းပါတ်တုန်းက ဖယ်ရှားခဲ့ပါတယ်။ မြန်မာနိုင်ငံကို ပြန်မသွားခင်က ဒေါ်အောင်ဆန်းစုကြည်ဟာ မိသားစုနဲ့အတူ Oxford မြို့မှာ နေထိုင်ခဲ့ ပါတယ်။ ၁၉၆၄ ခုနှစ်ကနေ ၁၉၆၇ ခုနှစ်အထိလည်း Oxford တက္ကသိုလ် St Hugh's College မှာ တက်ရောက် ပညာသင်ယူခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်တုန်းကတော့ Oxford တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ်ခဲ့တာကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်ခံယူခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG