သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တောင်ကိုရီးယား လေကြောင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်


ကန်-တောင်ကိုရီးယား လေကြောင်းစစ်ရေးလေ့ကျင့်မှုအတွင်း တွေ့ရတဲ့ တောင်ကိုရီးယားတိုက်လေယာဉ် KF-16 (မတ် ၁၃၊ ၂၀၂၄)
ကန်-တောင်ကိုရီးယား လေကြောင်းစစ်ရေးလေ့ကျင့်မှုအတွင်း တွေ့ရတဲ့ တောင်ကိုရီးယားတိုက်လေယာဉ် KF-16 (မတ် ၁၃၊ ၂၀၂၄)

တောင်ကိုရီးယားနဲ့ အမေရိကန် ပူးပေါင်းပြီး လေကြောင်းစစ်ရေးလေ့ကျင့်မှုတွေ ဒီသတင်းပတ်ထဲ ကျင်းပခဲ့တဲ့အကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ပြောပါတယ်။

မတ်လ ၁၁ ရက်နေ့ကနေ ဒီကနေ့ ၁၅ ရက်နေ့အထိ ကျင်းပတဲ့ ၅ ရက်ကြာ ပူးတွဲ လေ့ကျင့်မှုတွေမှာ တောင်ကိုရီးယား F-35A တိုက်လေယာဉ်တွေ၊ အမေရိကန် U.S A-10 နဲ့ U.S F-16 တိုက်လေယာဉ်တွေ အပါအဝင် ဂျက်တိုက်လေယာဉ် အစင်း ၄၀ ပါဝင်ပါတယ်။

ကန်-တောင်ကိုရီးယား လေကြောင်းစစ်ရေးလေ့ကျင့်မှုအတွင်း တွေ့ရတဲ့ တောင်ကိုရီးယားတိုက်လေယာဉ် KF-16 (မတ် ၁၃၊ ၂၀၂၄)
ကန်-တောင်ကိုရီးယား လေကြောင်းစစ်ရေးလေ့ကျင့်မှုအတွင်း တွေ့ရတဲ့ တောင်ကိုရီးယားတိုက်လေယာဉ် KF-16 (မတ် ၁၃၊ ၂၀၂၄)

ဒီလေကြောင်း စစ်ရေးလေ့ကျင့်မှုဟာ တောင်ကိုရီးယားနဲ့ အမေရိကန်တပ်ဖွဲ့တွေ ပူးပေါင်းပြီး နှစ်စဥ်ကျင်းပတဲ့ Freedom Shield (လွတ်လပ်ခြင်းဒိုင်း) ပူးတွဲ စစ်ရေးလေ့ကျင့်မှု တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။ ရန်သူဘက်က တိုက်ခိုက်လာတဲ့ ပဲ့ထိန်းဒုံးကျည်နဲ့ တခြား တိုက်ခိုက်မှုကို ကြားဖြတ် ဟန့်တား တိုက်ခိုက်နိုင်စွမ်းရည် တိုးမြှင့်ဖို့ ရည်ရွယ်ပြီး အခု လေကြောင်းလေ့ကျင့်မှုကို လုပ်ခဲ့တာပါ။

မနေ့က မြေပြင်စစ်ရေး လေ့ကျင့်မှုတွေမှာလည်း တောင်ကိုရီးယား တပ်ဖွဲ့ဝင် ၃၀၀ ကျော်နဲ့ တောင်ကိုရီးယား တင့်ကား ၂၀ ကျော် ပါဝင်ပြီး ပစ်မှတ်ပေါင်း ရာချီကို ကျည်အစစ်တွေသုံးပြီး ပစ်ခတ် လေ့ကျင့်ခဲ့ကြပါတယ်။

ကန်-တောင်ကိုရီးယား လေကြောင်းစစ်ရေးလေ့ကျင့်မှုအတွင်း လေထီးစစ်သည်တဦးကိုတွေ့ရစဉ် (မတ် ၁၄၊ ၂၀၂၄)
ကန်-တောင်ကိုရီးယား လေကြောင်းစစ်ရေးလေ့ကျင့်မှုအတွင်း လေထီးစစ်သည်တဦးကိုတွေ့ရစဉ် (မတ် ၁၄၊ ၂၀၂၄)

မတ်လ ၅ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ကျင်းပခဲ့တဲ့ တောင်ကိုရီးယားနဲ့ အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေနဲ့ ပတ်သက်လို့ မြောက်ကိုရီးယား ကတော့ သူ့နိုင်ငံကို ကျူးကျော် တိုက်ခိုက်ဖို့ ရည်ရွယ်လုပ်နေတာလို့ ကန့်ကွက် ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG