သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 အမေရိကန် နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်


 အမေရိကန် နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း တောင်ကိုရီးယားတိုက်လေယာဉ်တစီးကိုတွေ့ရစဉ် (ဖေဖော်ဝါရီ ၂၃၊ ၂၀၂၄)
အမေရိကန် နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း တောင်ကိုရီးယားတိုက်လေယာဉ်တစီးကိုတွေ့ရစဉ် (ဖေဖော်ဝါရီ ၂၃၊ ၂၀၂၄)

တောင်ကိုးရီးယားနဲ့ အမေရိကန်စစ်တပ် ပူးပေါင်းပြီး ဒီကနေ့ ပူးတွဲ စစ်ရေးလေ့ကျင့်ကြတာမှာ ရန်သူ့ဒုံးကျည်တွေကို ပစ်ချနိုင်ဖို့အတွက် ရေဒါနဲ့ဖမ်းမမိနိုင်တဲ့ နောက်ဆုံးပေါ် အဆင့်မြင့် ဂျက်တိုက်လေယာဉ်တွေ အသုံးပြု လေ့ကျင့် ပျံသန်းခဲ့တယ်လို့ တောင်ကိုရီးယား လေတပ်က ပြောပါတယ်။ ဒါဟာ မကြာသေးခင်က မြောက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်မှုတွေကို တုံ့ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ ဒီနှစ်ထဲမှာတင် ဒုံးကျည် ၆ ကြိမ် စမ်းသပ် ပစ်လွှတ်ခဲ့ပြီး အများစုက တဘက်ရန်သူရဲ့ ဒုံးလက်နက် ကာကွယ်ရေး စနစ်ကို ကျော်လွှားဖို့ အနိမ့်ပျံသန်းတဲ့ ပဲ့ထိန်း ခရုဇ်ဒုံးကျည်တွေ ဖြစ်ပါတယ်။ ထိပ်တိုက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့ရင် အမေရိကန် လေယာဉ်တင်သင်္ဘောတွေနဲ့ ဂျပန်နိုင်ငံမှာရှိတဲ့ အမေရိကန်စစ် စခန်းတွေကို ခရုဇ် ဒုံးကျည်တွေ သုံးပြီး တိုက်ခိုက်ဖို့ မြောက်ကိုရီးယားက ရည်ရွယ်ထားပုံ ရတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ကလည်း မဟာမိတ်တွေရဲ့ အထူးစစ်ဆင်ရေး ပူးတွဲ ဆောင်ရွက်မှု စွမ်းရည် ပိုပြီး ထက်မြက်စေဖို့ ရည်ရွယ်တဲ့အနေနဲ့ တောင်ကိုးရီးယားမြောက်ပိုင်း Pocheon မြို့မှာ တောင်ကိုရီးယားနဲ့ အမေရိကန် အထူးတပ်ဖွဲ့တွေ ဒီနှစ်အတွက် ပထမဆုံး ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။

Forum

XS
SM
MD
LG