သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယား ကျွန်းဆွယ်က အာကာသစူးစမ်းမှု ပြိုင်ပွဲ


On the 25th, South Korea succeeded in putting a practical satellite, which was manufactured by itself, into orbit using the space launch vehicle Nuriho.
On the 25th, South Korea succeeded in putting a practical satellite, which was manufactured by itself, into orbit using the space launch vehicle Nuriho.

၂၀၂၃ ခုနှစ်ဟာ ကိုရီးယားကျွန်းဆွယ်မှာ တောင်နဲ့မြောက် ကိုးရီးယားနှစ်နိုင်ငံကြား အာကာသ စူးစမ်းလေ့လာရေး ကဏ္ဍမှာ အပြိုင်အဆိုင်ဖြစ်ခဲ့တဲ့ ထူးခြားတဲ့နှစ်အဖြစ် လေ့လာသူတွေက သုံးသပ်ကြပါတယ်။ မေလ ၂၅ ရက်နေ့တုန်းက တောင်ကိုရီးယားဟာ အာကာသ ပတ်လမ်းထဲကို ဂြိုလ်တုလွှင့်တင်နိုင်တဲ့ ပြည်တွင်းဖြစ် ဒုံးကျည်တခုကို ပထမဆုံးအကြိမ် အသုံးပြုနိုင်ခဲ့သလို ရက်ပိုင်းပဲခြားပြီး မြောက်ကိုရီးယားကလည်း အာကာသ စခန်းအသစ် တခုကနေ ဒုံးပျံ ဒီဇိုင်းအသစ်တခု ထုတ်လုပ်ပါတယ်။

တောင်ကိုရီးယားရဲ့ Nuri ဒုံးပစ် လောင်ချာဟာ ပထမဆုံး ပြည်တွင်းဖြစ် ဒီဇိုင်းဖြစ်ပြီး စစ်ဘက်နဲ့ အရပ်ဘက်သုံး ဂြိုလ်တုတွေကို ပတ်လမ်းကြောင်းထဲ ပစ်လွှတ်နိုင်ပါတယ်။

မြောက်ကိုရီးယားရဲ့ Chollima-1 booster လို့ အမည်ပေးထားတဲ့ ဒုံးပျံကတော့ မေလမှာ စမ်းသပ်တုန်းက မအောင်မမြင် ဖြစ်ခဲ့ပေမယ့် လက်ရှိ အဆင့်မြင့်ဆုံး နောက်ဆုံးပေါ် နည်းပညာအဖြစ် သိသိသာသာ ထူးခြားနေပါတယ်။

"မြောက်ကိုရီးယားက ဆိုဟေးမှာ Chollima-1 အတွက် ကမ်းရိုးတန်း ပစ်လွှတ်မှု အခြေစိုက်စခန်းသစ် တခု တည်ဆောက်နေလို့ ဒါဟာ အရှိန် အဟုန်ကောင်းကောင်းနဲ့ အောင်မြင်နေပြီး သူတို့မှာ လုပ်နိုင်တဲ့ နည်းလမ်းတွေနဲ့ အထင်ကြီးလောက်စရာ အရင်းအမြစ်တွေ လက်ထဲမှာ ရှိနေတာကို ညွှန်ပြနေတယ်" လို့ ဥရောပအခြေစိုက် ဒုံးကျည်ကျွမ်းကျင်သူ Markus Schiller က သုံးသပ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကတော့ အာကာသ ဟာ “တိုင်းပြည်အင်အားကို ခြုံလွှမ်း သရုပ် ပြသနိုင်မှု”အဖြစ် ညွန်းဆိုခဲ့ပြီး တောင်ကိုရီးယား သမ္မတဟောင်း Moon Jae-in ကလည်း ၂၀၂၁ ခုနှစ် Nuri ဒုံးပျံကို ပထမဆုံး ပစ်လွှတ်တုန်းက "ကိုရီးယား အာကာသ ခေတ်"ဆီ ချဉ်းကပ်လာနေပြီလို့ ဆိုခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံ ကတော့ လာမယ့် ၂၀၂၅ ထဲမှာ Nuri ဒုံးပျံ နောက်တကြိမ် စမ်းသပ်ဖို့ စီစဥ်နေပြီး နောက်ဆက်တွဲ KSLV-III လို့ အမည်ပေးထားတဲ့ အာကာသ လေ့လာရေး စီမံကိန်းတခုကိုလည်း ၂၀၃၀ ခုနှစ်မှာ စတင်နိုင်ဖို့ စီစဉ်ထားပါတယ်။

"တောင်ကိုရီးယားဟာ အာကာသဆီကို လမ်းပွင့်နေပြီ"လို့ သမ္မတ Yoon Suk Yeol က ၂၀၂၂ ခုနှစ် Nuri လွှတ်တင်ပြီးနောက် ပြောခဲ့ပါတယ်။ "ဒါဟာ လွန်ခဲ့တဲ့ အနှစ် ၃၀ အတွင်း ခက်ခဲတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားခဲ့တဲ့ အသီးအပွင့်တွေပါ။ ကိုရီးယားလူမျိုးတွေနဲ့ လူငယ်တွေရဲ့ အိပ်မက်နဲ့ မျှော်လင့်ချက်တွေဟာ အာကာသဆီကို ရောက်ရှိသွားပါလိမ့်မယ်" လို့ ဆိုပါတယ်။

ကိုရီးယား နှစ်နိုင်ငံလုံးရဲ့ အာကာသ အစီအစဉ်တွေဟာ ဒေသတွင်းက အိမ်နီးချင်း ဂျပန်နဲ့တရုတ် နိုင်ငံတွေထက် နောက်ကျနေပေမယ့် ဒါဟာ တိုင်းပြည်အတွက် ဂုဏ်ယူစရာအဖြစ် မှတ်ယူပြီး အာကာသ စူးစမ်းလေ့လာရေး အရှိန်မြှင့် လုပ်ဆောင်နေတာ ဖြစ်ပါ တယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG