သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လကမ႓ာ စူးစမ္းေရးယာဥ္ လႊတ္တင္ေရး ဒုတိယအႀကိမ္ ေရႊ႕ဆိုင္း


NASA's new moon rocket sits on Launch Pad 39-B hours ahead of a planned launch at the Kennedy Space Center, Sept. 3, 2022, in Cape Canaveral, Fla.

အေမရိကန္ အာကာသ ေအဂ်င္စီ NASA ရဲ႕ လကမာၻ စူးစမ္းေရး ဒုံးပ်ံလႊတ္တင္မဲ့ အစီအစဥ္ဟာ စေနေန႔က ေလာင္စာဆီ ယိုစိမ့္မႈေၾကာင့္ ဒုတိယအႀကိမ္ ထပ္မံ ေ႐ႊ႕ဆိုင္းလိုက္ရပါတယ္။  အဲဒီလို အေနအထားေၾကာင့္ ဒီဒုံးပ်ံကို ဘယ္အခ်ိန္မွာ ျပန္ၿပီးလႊတ္တင္မယ္ဆိုတာကို NASA အဖြဲ႕က ခ်က္ခ်င္းမေျပာေသးပါဘူး။ 

လကမ႓ာ စူးစမ္းေရးယာဥ္ လႊတ္တင္ေရး ဒုတိယအႀကိမ္ ေရႊ႕ဆိုင္း

{{Zawgyi/Unicode}}
အေမရိကန္ အာကာသ ေအဂ်င္စီ NASA ရဲ႕ လကမာၻ စူးစမ္းေရး ဒုံးပ်ံလႊတ္တင္မဲ့ အစီအစဥ္ဟာ စေနေန႔က ေလာင္စာဆီ ယိုစိမ့္မႈေၾကာင့္ ဒုတိယအႀကိမ္ ထပ္မံ ေ႐ႊ႕ဆိုင္းလိုက္ရပါတယ္။ အဲဒီလို အေနအထားေၾကာင့္ ဒီဒုံးပ်ံကို ဘယ္အခ်ိန္မွာ ျပန္ၿပီးလႊတ္တင္မယ္ဆိုတာကို NASA အဖြဲ႕က ခ်က္ခ်င္းမေျပာေသးပါဘူး။

ဒါေၾကာင့္ အဂၤါေန႔ကစၿပီး သီတင္း ၂ ပတ္ၾကာ လုပ္ငန္းစဥ္ေတြကို ရပ္ဆိုင္းထားမွာျဖစ္ပါတယ္။ အဲဒီေနာက္ ေလာင္စာဆီ ယိုစိမ့္မႈေတြ နဲ႔ လိုအပ္တဲ့ ျပင္ဆင္မႈေတြကို လုပ္ေဆာင္ဖို႔အတြက္ ဒုံးပ်ံကို သိမ္းဆည္းထားတဲ့ အေဆာက္အဦထဲမွာ ျပန္ထားမွာျဖစ္ပါတယ္။

အဲဒီ ဒုံးပ်ံကို လာမဲ့ ေအာက္တိုဘာ အတြင္းမွာ လႊတ္တင္ႏိုင္ဖို႔ ျဖစ္ႏိုင္ေခ်ရွိေအာင္ အားတိုက္ လုပ္ေဆာင္ၾကမွာျဖစ္ပါတယ္။ ဒီသီတင္းပတ္ အေစာပိုင္းကလည္း ေလာင္စာယိုစိမ့္မႈေၾကာင့္ အဲဒီ ဒုံးပ်ံ လႊတ္တင္မဲ့ အစီအစဥ္ကို ပထမဦးဆုံး ေ႐ႊ႕ဆိုင္းခဲ့ရပါတယ္။

NASA သမိ္ုင္းမွာ အဆင့္အျမင့္ဆုံးလို႔ သတ္မွတ္ထားတဲ အဲဒီ ဒုံးပ်ံနဲ႔ လႊတ္တင္မယ့္ Orion အာကာသယာဥ္ရဲ႕ အခုခရီးစဥ္မွာေတာ့ လူလိုက္ပါသြားမွာ မဟုတ္ပါဘူး။ သီတင္း ၆ ပတ္ေလာက္ၾကာ စူးစမ္းေရးခရီးစဥ္မွာ Orion အာကာသယာဥ္ဟာ လကိုလွည့္ပတ္ၿပီး ကမာၻေျမကို ျပန္လည္ဆင္းသက္မွာပါ။

အခုစမ္းသပ္မႈ ေအာင္ျမင္ခဲ့ရင္ေတာ့ အာကာသယာဥ္မွဴးေတြ လိုက္ပါတဲ့ ခရီးစဥ္ကို ခန္႔မွန္းေျခ ၂၀၂၄ ခုႏွစ္မွာ စတင္ဖို႔ စီစဥ္ထားၿပီး၊ လကမာၻေပၚ ဆင္းသက္ဖို႔ကိုေတာ့ ၂၀၂၅ ခုႏွစ္ဆန္းပိုင္းေလာက္မွာ ျဖစ္မယ္လို႔ ခန္႔မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

.................................................

လကမ္ဘာ စူးစမ်းရေးယာဉ် လွှတ်တင်ရေး ဒုတိယအကြိမ် ရွှေ့ဆိုင်း

{{Zawgyi/Unicode}}
အမေရိကန် အာကာသ အေဂျင်စီ NASA ရဲ့ လကမ္ဘာ စူးစမ်းရေး ဒုံးပျံလွှတ်တင်မဲ့ အစီအစဉ်ဟာ စနေနေ့က လောင်စာဆီ ယိုစိမ့်မှုကြောင့် ဒုတိယအကြိမ် ထပ်မံ ရွှေ့ဆိုင်းလိုက်ရပါတယ်။ အဲဒီလို အနေအထားကြောင့် ဒီဒုံးပျံကို ဘယ်အချိန်မှာ ပြန်ပြီးလွှတ်တင်မယ်ဆိုတာကို NASA အဖွဲ့က ချက်ချင်းမပြောသေးပါဘူး။

ဒါကြောင့် အင်္ဂါနေ့ကစပြီး သီတင်း ၂ ပတ်ကြာ လုပ်ငန်းစဉ်တွေကို ရပ်ဆိုင်းထားမှာဖြစ်ပါတယ်။ အဲဒီနောက် လောင်စာဆီ ယိုစိမ့်မှုတွေ နဲ့ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို လုပ်ဆောင်ဖို့အတွက် ဒုံးပျံကို သိမ်းဆည်းထားတဲ့ အဆောက်အဦထဲမှာ ပြန်ထားမှာဖြစ်ပါတယ်။

အဲဒီ ဒုံးပျံကို လာမဲ့ အောက်တိုဘာ အတွင်းမှာ လွှတ်တင်နိုင်ဖို့ ဖြစ်နိုင်ချေရှိအောင် အားတိုက် လုပ်ဆောင်ကြမှာဖြစ်ပါတယ်။ ဒီသီတင်းပတ် အစောပိုင်းကလည်း လောင်စာယိုစိမ့်မှုကြောင့် အဲဒီ ဒုံးပျံ လွှတ်တင်မဲ့ အစီအစဉ်ကို ပထမဦးဆုံး ရွှေ့ဆိုင်းခဲ့ရပါတယ်။

NASA သမိုင်းမှာ အဆင့်အမြင့်ဆုံးလို့ သတ်မှတ်ထားတဲ အဲဒီ ဒုံးပျံနဲ့ လွှတ်တင်မယ့် Orion အာကာသယာဉ်ရဲ့ အခုခရီးစဉ်မှာတော့ လူလိုက်ပါသွားမှာ မဟုတ်ပါဘူး။ သီတင်း ၆ ပတ်လောက်ကြာ စူးစမ်းရေးခရီးစဉ်မှာ Orion အာကာသယာဉ်ဟာ လကိုလှည့်ပတ်ပြီး ကမ္ဘာမြေကို ပြန်လည်ဆင်းသက်မှာပါ။

အခုစမ်းသပ်မှု အောင်မြင်ခဲ့ရင်တော့ အာကာသယာဉ်မှူးတွေ လိုက်ပါတဲ့ ခရီးစဉ်ကို ခန့်မှန်းခြေ ၂၀၂၄ ခုနှစ်မှာ စတင်ဖို့ စီစဉ်ထားပြီး၊ လကမ္ဘာပေါ် ဆင်းသက်ဖို့ကိုတော့ ၂၀၂၅ ခုနှစ်ဆန်းပိုင်းလောက်မှာ ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

XS
SM
MD
LG