သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မိုးႀကိဳးအႏၲရာယ္ ၾကံဳရေပမဲ့ လကမာၻေလ့လာေရးဒုံးပ်ံ လႊတ္တင္ဖို႔ NASA ျပင္ဆင္


(Zawgyi / Unicode)

အေမရိကန္ အာကာသသိပၸံေအဂ်င္စီ (NASA) ရဲ႕ လကမာၻစူးစမ္းေလ့လာေရး အာကာသယာဥ္သစ္ လႊတ္တင္မယ့္ ပစ္စင္ကို မိုးႀကိဳးေတြ ဆက္တိုက္ ထိမွန္ခဲ့ေပမဲ့ အစီအစဥ္အတိုင္း တနလၤာေန႔မွာ ပစ္လႊတ္မွာ ျဖစ္ပါတယ္။ အာကာသယာဥ္ လႊတ္တင္မယ့္ ၃၂၂ ေပ အရွည္ရွိတဲ့ ဒုံးပ်ံဟာ NASA က တည္ေဆာက္ခဲ့သမွ်ထဲမွာ အဆင့္အျမင့္ဆုံး ျဖစ္ပါတယ္။

လကမာၻေပၚကို အာကာသယာဥ္မွဴး ၁၂ ေယာက္ ဆင္းသက္ခဲ့တဲ့ NASA ရဲ႕ အပိုလို စူးစမ္းေလ့လာေရး အစီအစဥ္ေတြ စတင္ခဲ့တာ ရာစု၀က္ေလာက္ အၾကာမွာ လႊတ္တင္မယ့္ အာကာသယာဥ္သစ္မွာေတာ့ လူကိုယ္တိုင္လိုက္ပါမွာ မဟုတ္ပါဘူး။ သီတင္း ၆ ပတ္ၾကာ စမ္းသပ္ပ်ံသန္းမယ့္ အစီအစဥ္ ေအာင္ျမင္ခဲ့ရင္ေတာ့ ႏွစ္အနည္းငယ္အတြင္း အာကာသယာဥ္မွဴးေတြ လေပၚကို တေက်ာ့ျပန္ သြားႏိုင္ၾကမွာပါ။

NASA တာ၀န္ရွိသူေတြကေတာ့ ခရီးစဥ္ဟာ အႏၲရာယ္ႀကီးမားၿပီး၊ တ၀က္တပ်က္နဲ႔ ရပ္သြားႏိုင္တယ္လို႔လည္း သတိေပးထားၾကပါတယ္။ အာကာသထဲမွာ လူသားေတြအတြက္ အႀကီးမားဆုံး အႏၲရာယ္ေတြျဖစ္တဲ့ တုန္ခါမႈ၊ အရွိန္နဲ႔ ေရဒီယိုသတၱိႂကြမႈေတြကို တိုင္းတာႏိုင္ဖို႔ အာကာသယာဥ္ ေခါင္းခန္းထဲမွာ လူပုံတူ ၃ ခုကို ထည့္ေပးလိုက္မွာ ျဖစ္ပါတယ္။ Orion အာကာသယာဥ္ ေခါင္းခန္းထဲမွာတင္ အာ႐ုံခံကရိယာ ၁ ေထာင္ေက်ာ္ တပ္ဆင္ထားတာပါ။

ဖေလာ္ရီဒါျပည္နယ္ ကေနဒီ အာကာသစခန္းမွာ စေနေန႔က မိုးႀကိဳးမုန္တိုင္းအတြင္း အျမင့္ေပ ၆၀၀ ရွိတဲ့ ပစ္စင္ကို မိုးႀကိဳး ၆ ႀကိမ္ ထိမွန္ခဲ့ေပမဲ့ ဒုံးပ်ံမွာေရာ၊ အာကာသယာဥ္မွာပါ ထိခိုက္မႈေတြ မရွိခဲ့သလို၊ တျခားအသုံးအေဆာင္ ပစၥည္းေတြလည္း ပ်က္စီးမႈ မရွိခဲ့ေၾကာင္း NASA တာ၀န္ရွိသူေတြက တနဂၤေႏြေန႔မွာ ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


(Unicode)

မိုးကြိုးအန္တရာယ် ကြုံရပေမဲ့ လကမ္ဘာလေ့လာရေးဒုံးပျံ လွှတ်တင်ဖို့ NASA ပြင်ဆင်

အမေရိကန် အာကာသသိပ္ပံအေဂျင်စီ (NASA) ရဲ့ လကမ္ဘာစူးစမ်းလေ့လာရေး အာကာသယာဉ်သစ် လွှတ်တင်မယ့် ပစ်စင်ကို မိုးကြိုးတွေ ဆက်တိုက် ထိမှန်ခဲ့ပေမဲ့ အစီအစဉ်အတိုင်း တနင်္လာနေ့မှာ ပစ်လွှတ်မှာ ဖြစ်ပါတယ်။ အာကာသယာဉ် လွှတ်တင်မယ့် ၃၂၂ ပေ အရှည်ရှိတဲ့ ဒုံးပျံဟာ NASA က တည်ဆောက်ခဲ့သမျှထဲမှာ အဆင့်အမြင့်ဆုံး ဖြစ်ပါတယ်။

လကမ္ဘာပေါ်ကို အာကာသယာဉ်မှူး ၁၂ ယောက် ဆင်းသက်ခဲ့တဲ့ NASA ရဲ့ အပိုလို စူးစမ်းလေ့လာရေး အစီအစဉ်တွေ စတင်ခဲ့တာ ရာစုဝက်လောက် အကြာမှာ လွှတ်တင်မယ့် အာကာသယာဉ်သစ်မှာတော့ လူကိုယ်တိုင်လိုက်ပါမှာ မဟုတ်ပါဘူး။ သီတင်း ၆ ပတ်ကြာ စမ်းသပ်ပျံသန်းမယ့် အစီအစဉ် အောင်မြင်ခဲ့ရင်တော့ နှစ်အနည်းငယ်အတွင်း အာကာသယာဉ်မှူးတွေ လပေါ်ကို တကျော့ပြန် သွားနိုင်ကြမှာပါ။

NASA တာဝန်ရှိသူတွေကတော့ ခရီးစဉ်ဟာ အန္တရာယ်ကြီးမားပြီး၊ တဝက်တပျက်နဲ့ ရပ်သွားနိုင်တယ်လို့လည်း သတိပေးထားကြပါတယ်။ အာကာသထဲမှာ လူသားတွေအတွက် အကြီးမားဆုံး အန္တရာယ်တွေဖြစ်တဲ့ တုန်ခါမှု၊ အရှိန်နဲ့ ရေဒီယိုသတ္တိကြွမှုတွေကို တိုင်းတာနိုင်ဖို့ အာကာသယာဉ် ခေါင်းခန်းထဲမှာ လူပုံတူ ၃ ခုကို ထည့်ပေးလိုက်မှာ ဖြစ်ပါတယ်။

Orion အာကာသယာဉ် ခေါင်းခန်းထဲမှာတင် အာရုံခံကရိယာ ၁ ထောင်ကျော် တပ်ဆင်ထားတာပါ။ ဖလော်ရီဒါပြည်နယ် ကနေဒီ အာကာသစခန်းမှာ စနေနေ့က မိုးကြိုးမုန်တိုင်းအတွင်း အမြင့်ပေ ၆၀၀ ရှိတဲ့ ပစ်စင်ကို မိုးကြိုး ၆ ကြိမ် ထိမှန်ခဲ့ပေမဲ့ ဒုံးပျံမှာရော၊ အာကာသယာဉ်မှာပါ ထိခိုက်မှုတွေ မရှိခဲ့သလို၊ တခြားအသုံးအဆောင် ပစ္စည်းတွေလည်း ပျက်စီးမှု မရှိခဲ့ကြောင်း NASA တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောဆိုထားပါတယ်။

XS
SM
MD
LG