သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း



An illustration of the DART spacecraft







####

တိုက်ရိုက် လင့်ခ်

Unicode

အာကာသထဲက ဥက္ကာခဲကို စမ်းသပ်ဖြိုခွဲမည့် ယာဉ် NASA ပစ်လွှတ်

ကမ္ဘာနဲ့ဝင်တိုက်မိပြီး ဘေးအန္တရယ်ဖြစ်စေနိုင်လောက်တဲ့ ဥက္ကာခဲ သိုမဟုတ် ဂြိုလ်သိမ်ဂြိုလ် မွှားတွေကိုတိုက်ခိုက်ဖျက်စီးနိုင်ဖို့ စမ်းသပ်မယ့်အာကာသယာဉ် တစီးကိုNASA အမေရိကန်အာကာသစူးစမ်းရေးအေဂျင်စီက အင်္ဂါနေ့ညကလွှတ် တင်လိုက်ပါတယ်။

DART လို့အမည်ပေးထားတဲ့ ဒီစမ်းသပ်မှုမှာ Dimorphos လို့အမည်ပေးထားတဲ့ဥက္ကာခဲ ထံကိုရောက်ဖို့ အာကာသယဉ်ဟာ ၁၀ လကြာခရီးနှင်ရမှာဖြစ်ပါတယ်။ DART အာကာသယာဉ်ဟာတနာရီကို မိုင် ၈၇၀၀ နှုန်းလောက်နဲ့ မောင်းနှင်မှာ ဖြစ်ပါတယ်။

အခုသွားရောက်စမ်းသပ်ဖျက်စီးမယ့် Dimorphos ဟာ ကမ္ဘာကြီးကိုအန္တရယ်ပြုမယ့် ဥက္ကာပျံ တော့မဟုတ်ပါဘူး။ ဒါပေမယ့် ဂြိုလ်တွေရဲ့ရွေ့လျားနှုန်းနဲ့ ကြိုတင်သိရှိပြီး ကာကွယ်နိုင်မှုတွေကို စမ်းသပ်ဖို့အတွက်ဒီ ဥက္ကာခဲကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။

DRAT အာကာသယဉ်ဟာ မော်တော်ကားအသေးတစီးရွယ်လောက်ဘဲရှိပြီး၊ ဒီအာကာသယာဉ် ဂြိုလ်နဲ့ဝင်ရောက်မတိုက်မီ သက်ရောက်မှုတွေကို ဗွီဒီယိုမှတ်တမ်းတင်ဖို့ လက်ဆွဲအိပ်အရွယ်လောက်သာရှိတယ် နောက်ထပ်အာကာသယာဉ်ငယ်လေးကို လွှင့်ထုတ်လိုက်မှာဖြစ်ပါတယ်။

ဒီစမ်းသပ်မှုအတွက် အမေရိကန်ဒေါ်လာ သန်း ၃၃၀ ကုန်ကျမှာဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG