Zawgyi
NASA စူးစမ်းရေးယာဉ် နေရောင်ခြည် စက်ဝန်းထဲဝင်ရောက်
နေကိုစူးစမ်းဖို့ အမေရိကန်အာကာသစူးစမ်းလေ့လောရေးအေဂျင်စီ NASA က လွှတ်တင် ထားတဲ့ Parker Solar Probe နေစူးစမ်းရေးအာကာသယဉ်ဟာ နေရဲ့ရောင်ခြည်စက်ဝန်းထဲကို ရောက်ရှိသွားပြီလို့ အင်္ဂါနေ့တုန်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။
နေစူးစမ်းရေး အာကာသယဉ်ဟာ ဧပြီလ ၁၈ ရက်နေ့ကတည်းက နေရောင်စက်ဝန်းထဲကို ရောက်ရှိခဲ့တာဖြစ်ကြောင်းနဲ့ အခုအချိန်အထိအချက်အလက်အထောက်အထားတွေကို ရယူနေတုန်းဘဲလို့ နယူးအော်လန်ပြည်နယ်မှာရှိတဲ့ American Geophysical Union မှာသိပ္ပံပညာရှင်တွေ တွေ့ဆုံပြီးနောက်ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာကြေငြာခဲ့တာပါ။
နေလုံးကြီးမှာမာကြောတဲ့မျက်နှာပြင်မရှိဘဲ အလွန်ပြင်းထန်စွာတောက်လောင်နေတဲ့အပူစွမ်းအင်တွေကဘဲ နေလုံးကြီးအဖြစ်ရှိနေစေပြီး သူ့ရဲ့ စွဲအားနဲ့ သံလိုက်ဓာတ်တွေကို ဖြစ်ပေါ်စေတာ ဖြစ်တယ်လို့ဆိုပါတယ်။
Parker စူးစမ်းရေးယဉ်ဟာ နေမျက်နှာပြင်ရဲ့ အထက် မိုင် ၈ သန်းအကွာကနေ ဖြတ်သန်းသွားတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအကွာအဝေးကနေဘဲ အချက်အလက်တွေရယူ စူးစမ်းနိုင်ပါတယ်။ ဒါပေမယ့်လည်း သိပ္ပပညာရှင်တွေကိုယ်တိုင် နေရဲ့ဘယ်အပိုင်းဘယ်နေရာလဲ ဆိုတာကိုသေခြာမသိနိုင်ဘူးဖြစ်နေပါတယ်။
နေကိုစူးစမ်းဖို့စေလွှတ်တဲ့ Parker Solar Probe စူးစမ်းရေး အာဏာသယဉ်ကို NASA က ၂၀၁၈ ခုနှစ်ကတည်းကစတင်ခဲ့တာပါ။
##
Unicode