သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာကာသလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ရေး အမေရိကန်နဲ့ ရုရှားသဘောတူ 


ISS photographed by Expedition 56 crew members from a Soyuz spacecraft after undocking
ISS photographed by Expedition 56 crew members from a Soyuz spacecraft after undocking

အမေရိကန် NASA နဲ့ ရုရှား Roscosmos အာကာသအေဂျင်စီ ၂ ခုတို့ဟာ နိုင်ငံတကာ အာကာသစခန်းကို သွားရောက်တဲ့ ပျံသန်းမှုမှာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ရေရှည်သဘောတူညီချက်တရပ်ကို လက်မှတ်ထိုးကြပါတယ်။

အာကာသလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ရေး အမေရိကန်နဲ့ ရုရှားသဘောတူ

{{Zawgyi/Unicode}}
အမေရိကန် NASA နဲ့ ရုရှား Roscosmos အာကာသအေဂျင်စီ ၂ ခုတို့ဟာ နိုင်ငံတကာ အာကာသစခန်းကို သွားရောက်တဲ့ ပျံသန်းမှုမှာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ရေရှည်သဘောတူညီချက်တရပ်ကို လက်မှတ်ထိုးကြပါတယ်။ အဲဒီသဘောတူညီချက်အရ ရုရှား အာကာသယာဉ်မှူးတွေဟာ အမေရိကန်လုပ် အာကာသကို သွားတဲ့ယာဉ်မှာ လိုက်ပါစီးနင်းခွင့်ရမှာဖြစ်ပြီး အပြန်အလှန်အားဖြင့် အမေရိကန် အာကာသယာဉ်မှူးတွေ အနေနဲ့လည်း ရုရှားလုပ် Soyuz အာကာသယာဉ်မှာ လိုက်ပါခွင့်ရမှာဖြစ်တယ်လို့ အေဂျင်စီ ၂ခုစလုံးက သောကြာနေ့က ပြောပါတယ်။

အဲဒီသဘောတူညီချက်ဟာ ရုရှား နဲ့ အမေရိကန် ၂ နိုင်ငံ အကျိုးရှိမှာ ဖြစ်ပြီး နိုင်ငံတကာ အာကာသစခန်း အစီအစဉ် ရဲ့ မူဘောင်အတွင်းကနေ ပူးပေါင်းဆောင်ရွက်မှု ဖွံဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးမှာဖြစ်တယ်လို့ ရုရှား အာကာသ အေဂျင်စီ Roscosmos က ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ဒါအပြင် ငြိမ်းချမ်းရေး ရည်ရွယ်ချက်အတွက် အာကာသ စူးစမ်းလေ့လာရေးမှာလည်း လွယ်ကူအဆင်ပြေစေလိမ့်မယ်လို့လည်း ပါရှိပါတယ်။

ဆယ်စုနှစ် ၂ ခုကြာ အာကာသစခန်းမှာ အဓိက မိတ်ဖက်တွေဖြစ်ကြတဲ့ NASA နဲ့ Roscosmos တို့ဟာ အရပ်ဖက်ဆိုင်ရာ ရေရှည် မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ နှစ်ပေါင်းများစွာ ကြိုးပမ်းနေတာဖြစ်ပြီး၊ ယူကရိန်းအပေါ် ကျုးကျော်မှုကြောင့် တင်းမာနေတဲ့ အမေရိကန်နဲ့ ရုရှားကြားမှာ နောက်ဆုံးကျန်နေတဲ့ ဆက်ဆံမှု တခုလည်း ဖြစ်ပါတယ်။

သဘောတူညီချက်အရ ပထမဆုံး ပူးပေါင်းပျံသန်းမှုကို လာမယ့် စက်တင်ဘာလအတွင်းမှာ စတင်မှာဖြစ်ပြီး အမေရိကန် အာကာသယဉ်မှူး Frank Rubio နဲ့ ရုရှား အာကာသယဉ်မှူး ၂ ဦးဖြစ်ကြတဲ့ Sergey Prokopyev နဲ့ Dmitry Petelin တို့နဲ့အတူ Kazakhstan နိုင်ငံမှာရှိတဲ့ ရုရှားငှားရမ်းထားတဲ့ Baikonur Cosmodrome လွှတ်တင်တဲ့နေရာကနေ အာကာသစခန်းကို လွှတ်တင်မှာဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် ရုရှား အာကာသယာဉ်မှူး Anna Kikina ဟာ အမေရိကန် ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ NASA ရဲ့ Kennedy အာကာသစခန်းကနေ လွှတ်တင်မယ့် SpaceX Crew Dragon အာကာသယာဉ်နဲ့အတူ အမေရိကန် အာကာသယာဉ်မှူး ၂ ဦး၊ ဂျပန်အာကာသယာဉ်မှူး တဦးတို့နဲ့အတူ လိုက်ပါမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

....................................................


{{Zawgyi/Unicode}}




XS
SM
MD
LG