သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Webb အာကာသ စူးစမ်းလေ့လာရေးမှန်ပြောင်း စတင်ဖွင့်လှစ်


အာကာသထဲ လွှတ်တင်ခဲ့တဲ့ အာကာသစူးစမ်းရေးမှန်ပြောင်း James Webb အသုံးပြုဖို့ ဖွင့်လှစ်ပြီးနောက် အောင်ပွဲခံနေတဲ့ အင်ဂျင်နီယာအဖွဲ့ဝင်များ။ (ဇန်နဝါရီ ၈၊ ၂၀၂၂)
အာကာသထဲ လွှတ်တင်ခဲ့တဲ့ အာကာသစူးစမ်းရေးမှန်ပြောင်း James Webb အသုံးပြုဖို့ ဖွင့်လှစ်ပြီးနောက် အောင်ပွဲခံနေတဲ့ အင်ဂျင်နီယာအဖွဲ့ဝင်များ။ (ဇန်နဝါရီ ၈၊ ၂၀၂၂)

(Zawgyi / Unicode)

အမေရိကန် အာကာသ စူးစမ်းလေ့လာရေးအဖွဲ့ နာဆာက မကြာသေးခင်က အာကာသထဲ လွှတ်တင်ခဲ့တဲ့ အာကာသစူးစမ်းရေးမှန်ပြောင်း James Webb ကို စတင်အသုံးပြုဖို့ ရွှေသုတ်ထားတဲ့ သူ့ရဲ့ ပန်းပွင့်ပုံမှန်ချပ်ကြီးကို စနေနေ့မှာ ဖွင့်ပေးလိုက်ပါပြီ။ ဒီမှန်ချပ်ကို ရွှေမျက်လုံး Golden Eye လို့ သိပ္ပံပညာရှင်တွေက တင်စား ခေါ်ဝေါ်ကြပါတယ်။

ဒီမှန်ပြောင်းက မှန်ကြီးကို အအေးဒဏ်ခံနိုင်ပြီး ပေါ့ပါးတဲ့ Beryllium နဲ့ ပြုလုပ်ထားတာဖြစ်ပြီး ဆဋ္ဌဂံပုံရှိတဲ့ အပိုင်း ၁၈ ပိုင်းရှိတဲ့ မှန်ကို ရွှေလွှာသုတ်ထားတာ ဖြစ်ပါတယ်။ ခေါက်ထားတဲ့ James Webb မှန်ပြောင်းရဲ့ နောက်ဆုံး အစိတ်အပိုင်းအဖြစ် ၂၁ ပေရှိတဲ့ ကြီးမားပြီး အသေးစိတ်မြင်နိုင်တဲ့ ဒီမှန်ကို ခေါက်ထားရာကနေ အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် Baltimore ထိန်းချုပ်ရေးစခန်းကနေ ဖွင့်ပေးခဲ့တာပါ။ နာဆာရဲ့ James Webb မှန်ပြောင်းအစီစဉ် တာဝန်ခံ Thomas Zurbuchen က ဒါဟာ သိပ်အံ့သြစရာ အောင်မြင်မှုတခုဖြစ်ကြောင်း ပြောပါတယ်။

James Webb ဟာ သိပ်ကြီးမားတဲ့အတွက် ဒုံးပျံထဲမှာ ထည့်လို့ရအောင် သူ့ကို Origami စက္ကူခေါက်တဲ့ပုံစံမျိုး ခေါက်ပြီး လွန်ခဲ့တဲ့ သီတင်း ၂ ပတ်တုန်းက တောင်အမေရိကတိုက်ကနေ ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ မှန်ချပ်ကြီးနဲ့ သိပ္ပံတိုင်းတာရေး ကိရိယာတွေကို မထိခိုက်အောင် အကာအကွယ်ပေးထားတဲ့ တင်းနစ်ကစားကွင်း အရွယ်ရှိတဲ့ အကာကိုတော့ ဒီသီတင်းပတ် အစောပိုင်းကမှ ဖြည်ပေးခဲ့တာ ဖြစ်ပါတယ်။

သူ့အရင် လွှတ်တင်ထားတဲ့ Hubble အာကာသမှန်ပြောင်းထက် အားကောင်းတဲ့ James Webb မှန်ပြောင်းကို အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ အကုန်ကျခံ တည်ဆောက်ခဲ့တာဖြစ်ပြီး ဒီမှန်ပြောင်းဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၃ ဒသမ ၇ သန်းတုန်းက စပြီး ဖြစ်တည်လာတဲ့ နဂါးငွေ့တန်းတွေနဲ့ ကြယ်တွေကို ကြည့်နိုင်မှာ ဖြစ်ပါတယ်။

Webb အာကာသ စူးစမ်းလေ့လာရေးမှန်ပြောင်း စတင်ဖွင့်လှစ်
please wait

No media source currently available

0:00 0:00:55 0:00
တိုက်ရိုက် လင့်ခ်

--------------------

(Unicode)






XS
SM
MD
LG