သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Webb ဧရာမမှန်ပြောင်း အာကာသထဲလွှတ်တင်


James Webb ဧရာမ အာကာသမှန်ပြောင်းကြီးကို ဒုံးပျံနဲ့ အာကာသထဲ လွှတ်တင်လိုက်တဲ့မြင်ကွင်း။ (ဒီဇင်ဘာ ၂၅၊ ၂၀၂၁)
James Webb ဧရာမ အာကာသမှန်ပြောင်းကြီးကို ဒုံးပျံနဲ့ အာကာသထဲ လွှတ်တင်လိုက်တဲ့မြင်ကွင်း။ (ဒီဇင်ဘာ ၂၅၊ ၂၀၂၁)

(Zawgyi / Unicode)

စကြဝဠာရဲ့အစကို ခြေရာခံဖို့ ရည်ရွယ်ပြီး အမေရိကန် အာကာသသိပ္ပံအေဂျင်စီ NASA တည်ဆောက်ထားတဲ့ James Webb ဧရာမ အာကာသမှန်ပြောင်းကြီးကို တောင်အမေရိကတိုက်ရဲ့ အရှေ့မြောက် ကမ်းရိုးတန်းကနေ စနေနေ့ကပဲ ဒုံးပျံနဲ့ လွှတ်တင်လိုက်ပါတယ်။

လာမယ့်ဆယ်စုနှစ် အာကာသသိပ္ပံပညာမှာ အရေးပါတဲ့ အခန်းကဏ္ဍက နေရာယူလိမ့်မယ်လို့ NASA က ပြောထားတဲ့ ဒေါ်လာ ၉ ဘီလီယံ တန်ဖိုးရှိတဲ့ အနီအောက်ရောင်ခြည်သုံး အဆင့်မြင့် မှန်ပြောင်းကြီးကိုတော့ ပြင်သစ်ပိုင် Guiana မှာရှိတဲ့ ဥရောပ အာကာသအေဂျင်စီ စခန်းကနေ ဒေသစံတော်ချိန် မနက် ၇ နာရီ ၂၀ လောက်မှာ လွှတ်တင်လိုက်တာပါ။

ခရစ္စမတ်နေ့မှာ ချောချောမောမော လွှတ်တင်နိုင်ခဲ့တဲ့ အစီအစဉ်ကိုတော့ NASA နဲ့ ဥရောပ အာကာသအေဂျင်စီတို့ ပူးတွဲပြီး တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့ပါတယ်။

အာကာသထဲ လွှတ်တင်လိုက်ပြီး ၂၇ မိနစ် အကြာမှာပဲ အလေးချိန် ပေါင် ၁၄,၀၀၀ ရှိတဲ့ မှန်ပြောင်းကြီးဟာ ပြင်သစ်နိုင်ငံလုပ် ဒုံးပျံကနေ ခွဲထွက်သွားခဲ့တာပါ။

တင်းနစ်ဘောလုံးကွင်း တခုစာနီးပါးရှိတဲ့ ဧရာမမှန်ပြောင်းကြီးအဖြစ် ရှေ့လာမယ့် ၁၃ ရက်အတွင်း အလိုအလျောက် ပွင့်ထွက်လာမှာဖြစ်ပြီး နောက်ပိုင်း အာကာသထဲ ဆက်လက် ခရီးနှင်မှာ ဖြစ်ပါတယ်။

နောက်ထပ် သီတင်း ၂ ပတ်ကျော်လောက် အာကာသထဲ ခရီးနှင်ပြီးရင်တော့ ကမ္ဘာမြေကနေ မိုင်ပေါင်း ၁ သန်းကျော် ကွာဝေးပြီး လကမ္ဘာနဲ့ အကွာအဝေးထက် ၄ ဆလောက် ပိုများတဲ့ နေပတ်လမ်းကြောင်းထဲကို ရောက်ရှိမှာ ဖြစ်ပါတယ်။

Webb ဧရာမ အာကာသမှန်ပြောင်းကြီး မတိုင်ခင် အသုံးပြုခဲ့တဲ့ သက်တမ်း နှစ် ၃၀ ကြာ Hubble မှန်ပြောင်းကြီးကတော့ ကမ္ဘာကနေ မိုင်ပေါင်း ၃၄၀ အကွာအဝေးကသာ လှည့်ပတ်သွားလာခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)









XS
SM
MD
LG