သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

၂၀၂၂ အကာသသိပၸံေမွ်ာ္မွန္းမႈ


၂၀၂၂ အကာသသိပၸံေမွ်ာ္မွန္းမႈ
please wait

No media source currently available

0:00 0:04:09 0:00

၂၀၂၁ ခုႏွစ္ရဲ႕ အာကာသ စူးစမ္းေလ့လာမႈရဲ႕ ထူးျခားတဲ့ မွတ္တိုင္ေတြထဲမွာ ဘီလ်ံနာသေဌးႀကီးေတြ အာကာသထဲ အလည္သြားတာ၊ နာဆာနဲ႔တ႐ုတ္တို႔ရဲ႕ ၿဂိဳလ္ဆင္းယာဥ္ငယ္ေတြ အဂၤါၿဂိဳလ္ေပၚကို ဆင္းသက္ႏိုင္ခဲ့တာေတြဟာ ထူးျခားပါတယ္။

(zawgyi)
၂၀၂၁ ခုႏွစ္ရဲ႕ အာကာသ စူးစမ္းေလ့လာမႈရဲ႕ ထူးျခားတဲ့ မွတ္တိုင္ေတြထဲမွာ ဘီလ်ံနာသေဌးႀကီးေတြ အာကာသထဲ အလည္သြားတာ၊ နာဆာနဲ႔တ႐ုတ္တို႔ရဲ႕ ၿဂိဳလ္ဆင္းယာဥ္ငယ္ေတြ အဂၤါၿဂိဳလ္ေပၚကို ဆင္းသက္ႏိုင္ခဲ့တာေတြဟာ ထူးျခားပါတယ္။ သန္းႂကြယ္သူေဌးေတြနဲ႔ သိပၸံပညာရွင္ေတြတင္မကပဲ လူသာမန္ေတြေရာ အာကာသထဲ သြားေရာက္လည္ပတ္လို႔မရႏိုင္ဘူးလား။ လာမယ့္ ၂၀၂၂ မွာ ဒါေတြ ျဖစ္လာႏိုင္မလား။ AP သိပၸံသတင္းေဆာင္းပါးကို အေျခခံၿပီး ကိုေအာင္ျမတ္သူက တင္ဆက္ေပးထားပါတယ္။

အာကာသ စူးစမ္းေလ့လာေရးနယ္ပယ္မွာ ၂၀၂၁ ခုႏွစ္ဟာ ထူးထူးျခားျခားႏွစ္ တခုျဖစ္ခဲ့ပါတယ္။ အဂၤါၿဂိဳလ္ေပၚကို စက္႐ုပ္ယာဥ္ငယ္ ဆင္းသက္ေလ့လာႏိုင္တာ၊ ဘီလ်ံနာသေဌးႀကီးေတြ ျဖစ္တဲ့ Jeff Benzos နဲ႔ Richard Branson တို႔ႏွစ္ဦး အာကာထဲ သြားေရာက္တာ စတာေတြဟာ အာကာသေလ့လာေရးရဲ႕ ထူးျခားတဲ့မွတ္တိုင္ေတြပါ။

AP ရဲ႕ Cape Canaveral သတင္းေထာက္ Marcia Dunn ေျပာတာကေတာ့ ၂၀၂၂ မွာလည္း အဂၤါၿဂိဳလ္ေလ့လာေရးနဲ႔အာကာသ ခရီးသြားလုပ္ငန္းေတြဟာ ေလ်ာ့ပါးသြားမယ့္ လကၡဏာ မေတြ႕ရဘူးလို႔ဆိုပါတယ္။

“ ၂၀၂၁ ကေတာ့ အာကာသနယ္ပယ္ရဲ႕ ထူးျခားတဲ့ ႏွစ္ပါ။ သံသယ မရွိပါဘူး။ ၂၀၂၁ မွာလည္း ဆက္ၿပီး အရွိန္ရေနဦးမွာပါ။ နည္းနည္းေတာင္ ပိုပါဦးမယ္။ အာကာသထဲ လူေတြပို သြားဖို႔ရွိၿပီး နာဆာေရာ၊ လူသာမန္ေတြပါ အာကာသ ခရီးေတြ ထြက္ၾကမွာပါ။ အဂၤါၿဂိဳလ္၊ ၾကာသပေတးၿဂိဳလ္ ခရီးစဥ္ေတြ နဲ႔ ဥကၠာပ်ံေတြဆီ သြားႏိုင္ေျခရွိပါတယ္။ ၂၀၂၂ ကိုေတာ့ ေတာ္ေတာ္ေလး ေမွ်ာ္လင့္ထားၾကပါတယ္”

အေမရိကန္ အမ်ိဳးသားအာကာသေအဂ်င္စီ NASA ကေတာ့ ၂၀၂၅ ခုႏွစ္အထိ လေပၚကို လူျပန္လႊတ္ဖို႔ အစီအစဥ္မရွိေသးေပမယ့္လို႔၊ ၂၀၂၂ ထဲမွာေတာ့ SLS ေခၚတဲ့ အကာသဒုံးစနစ္နဲ႔ Orion ယာဥ္ငယ္ကို လူမပါပဲ ပစ္လႊတ္ဖို႔ ရည္႐ြယ္ထားပါတယ္။

၂၀၂၂ ထဲ လဆီကို သြားဖို႔ဂ်ပန္နဲ႔ ယူေအအီးႏိုင္ငံတို႔အပါအဝင့္ ႏိုင္ငံေတာ္ေတာ္မ်ားမ်ား စီစဥ္ေနၾကၿပီး နာဆာကေတာ့ ၂၀၂၅၊ ၂၀၂၆ ေလာက္မွ တျခားမိတ္ဖတ္ေတြနဲ႔အတူ လေပၚကို သြားဖို႔ေမွ်ာ္လင့္ထားတယ္လို႔ Dunn က ေျပာပါတယ္။

၂၀၂၁ ထဲမွာေတာ့ နာဆာရဲ႕ ကားတစီးအ႐ြယ္ရွိတဲ့ ၿဂိဳလ္ဆင္းယာဥ္ Perseverance နံ႔ တ႐ုတ္ ၿဂိဳလ္ဆင္းယာဥ္ Zhurong တို႔ ၿဂိဳလ္နီႀကီးျဖစ္တဲ့ အဂၤါၿဂိဳလ္ေပၚကို ဆင္းသက္ခဲ့ၾကပါတယ္။

အဂၤါၿဂိဳလ္ေပၚ သက္ရွိေတြရွိမရွိေလ့လာဖို႔ ဥေရာပအာကာသ ေအဂ်င္စီနဲ႔ ႐ုရွရဲ႕ Roscosmos တို႔အစီအစဥ္က ၂၀၂၀ မွာ မပစ္လႊတ္ႏိုင္ခဲ့ေပမယ့္လည္း ၂၀၂၂ စက္တင္ဘာလထဲမွာ ပစ္လႊတ္ဖို႔ရွိပါတယ္။

သိပံပညာရွင္ေတြကေတာ့ အဆင့္ျမင့္ ကိရိယာေတြတပ္ဆင္ထားတဲ့ ၿဂိဳလ္ဆင္းယာဥ္ဟာ အဂၤါၿဂိဳလ္ မ်တ္ႏွာျပင္ေအာက္ေပၚမွာ သက္ရွိနဲ႔ေရ ရွိမရွိ သမိုင္းေၾကာင္းကို တူးဆြ ရွာေဖြၾကမွာျဖစ္ပါတယ္။

ဒါနဲ႔ပက္သက္ၿပီးေတာ့ AP သတင္းေထာက္ Dunn က အခုလိုေျပာပါတယ္။

“ ဥေရာပရဲ႕ အဂၤါၿဂိဳလ္ခရီးစဥ္အတြက္ ႐ုရွားဒုံပ်ံနဲ႔ပစ္လႊတ္ဖို႔လုပ္ေနတာ ၾကည့္ရတာ အစစအရာရာ အဆင္ေျပပါတယ္။ သူတို႔ အဂၤါၿဂိဳလ္ေပၚမွာ ၿဂိဳလ္ဆင္းယာဥ္ကို ဆင္းသက္ဖို႔ႀကီးစားေနၾကတာပါ။ ဒါက ျဖစ္မလာေသးေပမယ့္ ၂၀၂၂ ထဲ ပစ္လႊတ္မယ့္အစီအစဥ္ကေတာ့ ကံေကာင္းျခင္းေတြအမ်ားႀကီးရွိမယ္လို႔ေမွ်ာ္လင့္ထားၾကပါတယ္”

၂၀၂၁ ဟာ အာကာသခရီးသြားႏွစ္ကို စတင္လိုက္တဲ့ ႏွစ္တႏွစ္အျဖစ္ သတိရ ၾကမွာပါ။ Space-X အာကာသယာဥ္ ရဲ႕ သီးသန္႔ခရီးစဥ္အျဖစ္ သေဌးႀကီး Jeff Bezos နဲ႔ Richard Branson တို႔ဟာ အာကာသထဲ အေပ်ာ္တမ္း ကမာၻပတ္ခဲ့ၾကပါတယ္။

Dunn ေျပာတာကေတာ့ Space-X တည္ေထာင္သူ Elon Musk အေနနဲ႔ Jeff Bezos နဲ႔ Richard Branson တို႔လမ္းေၾကာင္းမ်ိဳးသြားမွာမဟုတ္ပဲ ေလာေလာဆယ္ သူဟာ ကုမၼဏီက က်ည္ဆံပုံ တည္ေဆာင္ထားတဲ့ Starship အေပၚ အာ႐ုံက်ေနတယ္လို႔ဆိုပါတယ္။ သူ႔ကို ၂၀၂၂ အေစာပိုင္းမွာ အစမ္းပစ္လႊတ္မွာျဖစ္ပါတယ္။

“ Jeff Bezos က Texas ကေန ဒုံးပ်ံနဲ႔တက္သြားတာ က်မတို႔ျမင္ခဲ့ရတယ္။ Richard Branson ကလည္း ၂၀၂၁ ထဲမွာ နယူး မကၠဆီကိုကေန Virgin Galactic ဒုံးယာဥ္နဲ႔တက္သြားတာကို ျမင္ခဲ့ရတယ္။ လူတိုင္းက စိတ္ဝင္စားေနၾကတာက Elon Musk ဘာလဲ၊ ဘယ္လဲေပါ့။ သူကလည္း အရင္ကတည္းက ဒါနဲ႔မပက္သက္ဘူးလို႔ေျပာၿပီးသားျဖစ္ၿပီး သူ႔ဒုံးပ်ံနဲ႔ေတာင္ ဒါမ်ိဳးသြားဖို႔သူတခါမွ မစီစဥ္ခဲ့ပါဘူး။ သူပိုၿပီးစိတ္ဝင္စားတာက လူသားေတြက ၿဂိဳလ္ေတြကို လွည့္ပတ္သြားလာတာမ်ိဳးပါ။ ဒါေၾကာင့္မို႔သူ Starship ကို Texas ျပည္နယ္ထဲမွာ တည္ေဆာက္ေနတာျဖစ္တယ္။ အနိမ့္ဆုံးေတာ့၂၀၂၂ ထဲမွာ ကိုယ့္ဒုံးပ်ံနဲ႔ကိုယ္ အာကာသကိုသြားတဲ့ ဘီလ်ံနာေတြ ထပ္ၿပီး ရွိလာမွာ မဟုတ္ပါဘူး။ “

ဂ်ပန္ ဖက္ရွင္ဒီဇိုင္နာ သူေဌးႀကီး Yusaku Maezawa နဲ႔ သူ႔ရဲ႕ ထုတ္လုပ္သူတို႔ဟာလည္း မၾကာေသးမီကပဲ ႏိုင္ငံတကာ အာကာသစခန္းကို ကိုယ့္စားရိတ္နဲ႔ကိုယ္ အလည္အပတ္သြားခဲ့ပါေသးတယ္။

၂၀၂၂ ထဲ မွာေတာ့ သူလိုကိုယ္လို သာမန္လူေတြ ပိုၿပီး အာကာသထဲေရာက္ဖို႔ျဖစ္လာမယ္လို႔ Dunn က ယူဆပါတယ္။ ခ်မ္းသာတဲ့သူေတြ ၊ ဒါမွမဟုတ္ အဆင့္ျမင့္သင္ၾကားေလ့က်င့္ထားတဲ့ အာကာသ သူရဲ ေတြ တင္မကပါဘူး၊ ၂၀၂၂ ဟာ သာမန္လူေတြကိုလည္း အာကာသထဲ ပိုၿပီး သြားႏိုင္ေအာင္ တံခါးဖြင့္ေပးထားပါတယ္လို႔ သူက ေျပာပါတယ္။

(unicode)

၂၀၂၁ ခုနှစ်ရဲ့ အာကာသ စူးစမ်းလေ့လာမှုရဲ့ ထူးခြားတဲ့ မှတ်တိုင်တွေထဲမှာ ဘီလျံနာသဌေးကြီးတွေ အာကာသထဲ အလည်သွားတာ၊ နာဆာနဲ့တရုတ်တို့ရဲ့ ဂြိုလ်ဆင်းယာဉ်ငယ်တွေ အင်္ဂါဂြိုလ်ပေါ်ကို ဆင်းသက်နိုင်ခဲ့တာတွေဟာ ထူးခြားပါတယ်။ သန်းကြွယ်သူဌေးတွေနဲ့ သိပ္ပံပညာရှင်တွေတင်မကပဲ လူသာမန်တွေရော အာကာသထဲ သွားရောက်လည်ပတ်လို့မရနိုင်ဘူးလား။ လာမယ့် ၂၀၂၂ မှာ ဒါတွေ ဖြစ်လာနိုင်မလား။ AP သိပ္ပံသတင်းဆောင်းပါးကို အခြေခံပြီး ကိုအောင်မြတ်သူက တင်ဆက်ပေးထားပါတယ်။

အာကာသ စူးစမ်းလေ့လာရေးနယ်ပယ်မှာ ၂၀၂၁ ခုနှစ်ဟာ ထူးထူးခြားခြားနှစ် တခုဖြစ်ခဲ့ပါတယ်။ အင်္ဂါဂြိုလ်ပေါ်ကို စက်ရုပ်ယာဉ်ငယ် ဆင်းသက်လေ့လာနိုင်တာ၊ ဘီလျံနာသဌေးကြီးတွေ ဖြစ်တဲ့ Jeff Benzos နဲ့ Richard Branson တို့နှစ်ဦး အာကာထဲ သွားရောက်တာ စတာတွေဟာ အာကာသလေ့လာရေးရဲ့ ထူးခြားတဲ့မှတ်တိုင်တွေပါ။

AP ရဲ့ Cape Canaveral သတင်းထောက် Marcia Dunn ပြောတာကတော့ ၂၀၂၂ မှာလည်း အင်္ဂါဂြိုလ်လေ့လာရေးနဲ့အာကာသ ခရီးသွားလုပ်ငန်းတွေဟာ လျော့ပါးသွားမယ့် လက္ခဏာ မတွေ့ရဘူးလို့ဆိုပါတယ်။

“ ၂၀၂၁ ကတော့ အာကာသနယ်ပယ်ရဲ့ ထူးခြားတဲ့ နှစ်ပါ။ သံသယ မရှိပါဘူး။ ၂၀၂၁ မှာလည်း ဆက်ပြီး အရှိန်ရနေဦးမှာပါ။ နည်းနည်းတောင် ပိုပါဦးမယ်။ အာကာသထဲ လူတွေပို သွားဖို့ရှိပြီး နာဆာရော၊ လူသာမန်တွေပါ အာကာသ ခရီးတွေ ထွက်ကြမှာပါ။ အင်္ဂါဂြိုလ်၊ ကြာသပတေးဂြိုလ် ခရီးစဉ်တွေ နဲ့ ဥက္ကာပျံတွေဆီ သွားနိုင်ခြေရှိပါတယ်။ ၂၀၂၂ ကိုတော့ တော်တော်လေး မျှော်လင့်ထားကြပါတယ်”

အမေရိကန် အမျိုးသားအာကာသအေဂျင်စီ NASA ကတော့ ၂၀၂၅ ခုနှစ်အထိ လပေါ်ကို လူပြန်လွှတ်ဖို့ အစီအစဉ်မရှိသေးပေမယ့်လို့၊ ၂၀၂၂ ထဲမှာတော့ SLS ခေါ်တဲ့ အကာသဒုံးစနစ်နဲ့ Orion ယာဉ်ငယ်ကို လူမပါပဲ ပစ်လွှတ်ဖို့ ရည်ရွယ်ထားပါတယ်။

၂၀၂၂ ထဲ လဆီကို သွားဖို့ဂျပန်နဲ့ ယူအေအီးနိုင်ငံတို့အပါအဝင့် နိုင်ငံတော်တော်များများ စီစဉ်နေကြပြီး နာဆာကတော့ ၂၀၂၅၊ ၂၀၂၆ လောက်မှ တခြားမိတ်ဖတ်တွေနဲ့အတူ လပေါ်ကို သွားဖို့မျှော်လင့်ထားတယ်လို့ Dunn က ပြောပါတယ်။

၂၀၂၁ ထဲမှာတော့ နာဆာရဲ့ ကားတစီးအရွယ်ရှိတဲ့ ဂြိုလ်ဆင်းယာဉ် Perseverance နံ့ တရုတ် ဂြိုလ်ဆင်းယာဉ် Zhurong တို့ ဂြိုလ်နီကြီးဖြစ်တဲ့ အင်္ဂါဂြိုလ်ပေါ်ကို ဆင်းသက်ခဲ့ကြပါတယ်။

အင်္ဂါဂြိုလ်ပေါ် သက်ရှိတွေရှိမရှိလေ့လာဖို့ ဥရောပအာကာသ အေဂျင်စီနဲ့ ရုရှရဲ့ Roscosmos တို့အစီအစဉ်က ၂၀၂၀ မှာ မပစ်လွှတ်နိုင်ခဲ့ပေမယ့်လည်း ၂၀၂၂ စက်တင်ဘာလထဲမှာ ပစ်လွှတ်ဖို့ရှိပါတယ်။

သိပံပညာရှင်တွေကတော့ အဆင့်မြင့် ကိရိယာတွေတပ်ဆင်ထားတဲ့ ဂြိုလ်ဆင်းယာဉ်ဟာ အင်္ဂါဂြိုလ် မျတ်နှာပြင်အောက်ပေါ်မှာ သက်ရှိနဲ့ရေ ရှိမရှိ သမိုင်းကြောင်းကို တူးဆွ ရှာဖွေကြမှာဖြစ်ပါတယ်။

ဒါနဲ့ပက်သက်ပြီးတော့ AP သတင်းထောက် Dunn က အခုလိုပြောပါတယ်။

“ ဥရောပရဲ့ အင်္ဂါဂြိုလ်ခရီးစဉ်အတွက် ရုရှားဒုံပျံနဲ့ပစ်လွှတ်ဖို့လုပ်နေတာ ကြည့်ရတာ အစစအရာရာ အဆင်ပြေပါတယ်။ သူတို့ အင်္ဂါဂြိုလ်ပေါ်မှာ ဂြိုလ်ဆင်းယာဉ်ကို ဆင်းသက်ဖို့ကြီးစားနေကြတာပါ။ ဒါက ဖြစ်မလာသေးပေမယ့် ၂၀၂၂ ထဲ ပစ်လွှတ်မယ့်အစီအစဉ်ကတော့ ကံကောင်းခြင်းတွေအများကြီးရှိမယ်လို့မျှော်လင့်ထားကြပါတယ်”

၂၀၂၁ ဟာ အာကာသခရီးသွားနှစ်ကို စတင်လိုက်တဲ့ နှစ်တနှစ်အဖြစ် သတိရ ကြမှာပါ။ Space-X အာကာသယာဉ် ရဲ့ သီးသန့်ခရီးစဉ်အဖြစ် သဌေးကြီး Jeff Bezos နဲ့ Richard Branson တို့ဟာ အာကာသထဲ အပျော်တမ်း ကမ္ဘာပတ်ခဲ့ကြပါတယ်။

Dunn ပြောတာကတော့ Space-X တည်ထောင်သူ Elon Musk အနေနဲ့ Jeff Bezos နဲ့ Richard Branson တို့လမ်းကြောင်းမျိုးသွားမှာမဟုတ်ပဲ လောလောဆယ် သူဟာ ကုမ္မဏီက ကျည်ဆံပုံ တည်ဆောင်ထားတဲ့ Starship အပေါ် အာရုံကျနေတယ်လို့ဆိုပါတယ်။ သူ့ကို ၂၀၂၂ အစောပိုင်းမှာ အစမ်းပစ်လွှတ်မှာဖြစ်ပါတယ်။

“ Jeff Bezos က Texas ကနေ ဒုံးပျံနဲ့တက်သွားတာ ကျမတို့မြင်ခဲ့ရတယ်။ Richard Branson ကလည်း ၂၀၂၁ ထဲမှာ နယူး မက္ကဆီကိုကနေ Virgin Galactic ဒုံးယာဉ်နဲ့တက်သွားတာကို မြင်ခဲ့ရတယ်။ လူတိုင်းက စိတ်ဝင်စားနေကြတာက Elon Musk ဘာလဲ၊ ဘယ်လဲပေါ့။ သူကလည်း အရင်ကတည်းက ဒါနဲ့မပက်သက်ဘူးလို့ပြောပြီးသားဖြစ်ပြီး သူ့ဒုံးပျံနဲ့တောင် ဒါမျိုးသွားဖို့သူတခါမှ မစီစဉ်ခဲ့ပါဘူး။ သူပိုပြီးစိတ်ဝင်စားတာက လူသားတွေက ဂြိုလ်တွေကို လှည့်ပတ်သွားလာတာမျိုးပါ။ ဒါကြောင့်မို့သူ Starship ကို Texas ပြည်နယ်ထဲမှာ တည်ဆောက်နေတာဖြစ်တယ်။ အနိမ့်ဆုံးတော့၂၀၂၂ ထဲမှာ ကိုယ့်ဒုံးပျံနဲ့ကိုယ် အာကာသကိုသွားတဲ့ ဘီလျံနာတွေ ထပ်ပြီး ရှိလာမှာ မဟုတ်ပါဘူး။ “

ဂျပန် ဖက်ရှင်ဒီဇိုင်နာ သူဌေးကြီး Yusaku Maezawa နဲ့ သူ့ရဲ့ ထုတ်လုပ်သူတို့ဟာလည်း မကြာသေးမီကပဲ နိုင်ငံတကာ အာကာသစခန်းကို ကိုယ့်စားရိတ်နဲ့ကိုယ် အလည်အပတ်သွားခဲ့ပါသေးတယ်။

၂၀၂၂ ထဲ မှာတော့ သူလိုကိုယ်လို သာမန်လူတွေ ပိုပြီး အာကာသထဲရောက်ဖို့ဖြစ်လာမယ်လို့ Dunn က ယူဆပါတယ်။ ချမ်းသာတဲ့သူတွေ ၊ ဒါမှမဟုတ် အဆင့်မြင့်သင်ကြားလေ့ကျင့်ထားတဲ့ အာကာသ သူရဲ တွေ တင်မကပါဘူး၊ ၂၀၂၂ ဟာ သာမန်လူတွေကိုလည်း အာကာသထဲ ပိုပြီး သွားနိုင်အောင် တံခါးဖွင့်ပေးထားပါတယ်လို့ သူက ပြောပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG