သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လကမ္ဘာ‌ပေါ် ဆင်းသက်နိုင်ဖို့  အိန္ဒိယ ဒုတိယအကြိမ် ကြိုးစား


Indian Space Research Organisation (ISRO) chief S. Somanath (2L) and Minister of State for the Ministry of Science and Technology Jitendra Singh (R) hold a model of spacecraft Chandrayaan-3 during a press conference, after its launch from the Satish Dhawa
Indian Space Research Organisation (ISRO) chief S. Somanath (2L) and Minister of State for the Ministry of Science and Technology Jitendra Singh (R) hold a model of spacecraft Chandrayaan-3 during a press conference, after its launch from the Satish Dhawa


လကမ္ဘာ‌ရဲ့ အရင်က မစူးစမ်းရသေးတဲ့နေရာမှာ ဆင်းသက်မယ့် အာကာသယာဉ်ငယ်ကို တင်ဆောင်သွားတဲ့ ဂြိုလ်တုတစင်းကို အိန္ဒိယနိုင်ငံ အာကာသအေဂျင်စီက သောကြာနေ့က လွှတ်တင်လိုက်ပါတယ်။

သင်္သကရိုက် (Sanskrit) စကားနဲ့ “လယာဥ်” လို့ အဓိပ္ပာယ်ရတဲ့ Chandrayaan အမှတ် ၃ အာကာသယာဥ်ဟာ လကမ္ဘာရဲ့ တောင်ဝန်ရိုးစွန်းဘက်ခြမ်းကို ဩဂုတ်လ ၂၃ ရက် ဒါမှမဟုတ် ၂၄ ရက် တရက် ရက်မှာ ဆင်းသက်ဖို့ စီစဉ်ထားပါတယ်။

အိန္ဒိယဟာ လွန်ခဲ့တဲ့ ၄ နှစ်ကလည်း လကမ္ဘာကို ဆင်းသက်ဖို့ ကြိုးစားခဲ့ဖူးပြီး အဲ့ဒီတုန်းကတော့ မအောင်မမြင်ဖြစ်ခဲ့ပါတယ်။

အခု လကမ္ဘာခရီးဟာ အမေရိကန် ဒေါ်လာ ၇၅ သန်း ကုန်ကျပြီး စရိတ်နည်းနည်းနဲ့ ပြည်တွင်းဖြစ် နည်းပညာတွေကို အဓိကသုံး တည်ဆောက်ထားတာပါ။ ဒီ အာကာသစူးစမ်းရေး အစီအစဥ်ဟာ အိန္ဒိယအတွက် ဂုဏ်ယူစရာအဖြစ် ခံယူထားကြာပါတယ်။ အခု လွှတ်တင်မှုကို နိုင်ငံသား သန်းနဲ့ချီက ရုပ်သံကနေ တိုက်ရိုက်ကြည့်ရှုခဲ့ကြပါတယ်။

၀န်ကြီးချုပ် နရင်ဒရာမိုဒီကလည်း “ဒီ လကမ္ဘာခရီးက တိုင်းပြည်အတွက် မျှော်လင့်ချက် အိပ်မက်တွေကို ယူ ေဆာင်လာမယ်” ဆိုပြီး သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ အခုအချိန်အထိ အမေရိကန်၊ ရုရှားနဲ့ တရုတ် (၃)နိုင်ငံကပဲ လ မျက်နှာပြင်ပေါ်ကို ဆင်းသက်ဖူးပြီး အိန္ဒိယသာ အခုတကြိမ်မှာ အောင်အောင်မြင်မြင် ဆင်းနိုင်ခဲ့ရင် အိန္ဒိယဟာ ကမ္ဘာ့ထိပ်တန်း အာကာသ စူးစမ်းလေ့လာရေး အင်အားကြီးတနိုင်ငံ ဖြစ်လာမယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

ဒါ့အပြင် ဒီခရီးဟာ လကမ္ဘာရဲ့ အီကွေတာဒေသတွေနဲ့ ကွဲပြားတဲ့ ဘူမိဗေဒ ရှိနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယူဆထားတဲ့ တောင်ဝင်ရိုးစွန်းဘက်ခြမ်းကို ပထမဆုံး လေ့လာနိုင်မှာ ဖြစ်ပါတယ်။ အဲဒီဘက်ခြမ်းက ချိုင့်ခွက်ကြီးတွေထဲမှာ ရေခဲနဲ့ တွင်းထွက်သတ္တုဓာတ်တွေ တွေ့ရမယ်လို့ ယူဆထားကြပါတယ်။

အိန္ဒိယဟာ ၂၀၁၃ ခုနှစ် တုန်းကလည်း အင်္ဂါဂြိုဟ်ကို မောင်းသူမဲ့ အာကာသယာဥ် လွှတ်တင်ခဲ့ဖူးပြီး အဲ့ဒါက အိန္ဒိယ အတွက် ပထမဆုံး ဂြိုဟ်အချင်းချင်းကြား သွားလာမှု ဖြစ်ပါတယ်။ ဒါ့အပြင် အိန္ဒိယဟာ အာကာသယာဉ်မှူးတွေကို ပတ်လမ်းကြောင်းထဲ ပို့နိုင်ဖို့ အာကာသယာဉ်ကို တီထွင်နေပြီး လာမယ့် ၂၀၂၅ ခုနှစ်မှာ ဖြစ်လာနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

အိန္ဒိယဟာ အခြားနိုင်ငံတွေနဲ့ သူ့ နိုင်ငံအတွက် ကိုယ်ပိုင်ဂြိုဟ်တု အာကာသအစီအစဉ်ကို အရင် ဆယ်စုနှစ် များစွာကတည်းက လွှတ်တင်ခဲ့ပြီး ကုန်ကျစရိတ် သက်သက်သာသာနဲ့ အာကာသကို အရောက်လှမ်းနိုင်ရေး အဓိကထား လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဒါ့အပြင် အိန္ဒိယနဲ့ အမေရိကန် နှစ်နိုင်ငံပူးပေါင်းပြီး လာမယ့် နှစ်ထဲမှာ နိုင်ငံတကာ အာကာသစခန်းကို အိန္ဒိယအာကာသယာဉ်မှူး တဦး စေလွှတ်ဖို့ စီစဥ်ထားပါတယ်။

XS
SM
MD
LG