သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယအာကာသယာဉ် လကမ္ဘာဆင်းသက်မှု မအောင်မြင်


ဇူလိုင်လ ၂၂ ရက်နေ့က လွှတ်တင်ခဲ့သည့် Chandrayaan-2 အာကာသယာဉ်။
ဇူလိုင်လ ၂၂ ရက်နေ့က လွှတ်တင်ခဲ့သည့် Chandrayaan-2 အာကာသယာဉ်။

အိန္ဒိယနိုင်ငံရဲ့ လူမပါတဲ့ အာကာသယာဉ် လမျက်နှာပြင်ပေါ် ဆင်းသက်ဖို့ မိနစ်ပိုင်းအလိုမှာပဲ အာကာသထိန်းချုပ်ရေးစခန်းနဲ့ အဆက်အသွယ် ပြတ်တောက်သွားတဲ့အတွက် လကမ္ဘာပေါ် အာကာသယာဉ် စေလွှတ်နိုင်ရေး အိန္ဒိယရဲ့ ရည်မှန်းချက် မအောင်မမြင် ဖြစ်သွားရပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဆိုဗီယက်ယူနီယံနဲ့ တရုတ်နိုင်ငံတို့ကသာ လမျက်နှာပြင်ပေါ်ကို ဆင်းသက်နိုင်သေးတာ ဖြစ်တဲ့အတွက် သူတို့ရဲ့ အောင်မြင်မှုကို ပြသနိုင်ဖို့ မျှော်မှန်းထားတဲ့ အိန္ဒိယအတွက် ဒီဖြစ်ရပ်က အတော်လေးကို စိတ်ပျက်စရာ ဖြစ်သွားခဲ့တာပါ။

လေ့လာစူးစမ်းမှုတွေ မလုပ်ရသေးတဲ့ လမျက်နှာပြင် တောင်ဝင်ရိုးစွန်းထဲ ဒီကနေ့မနက် ဒေသစံတော်ချိန် ၂ နာရီလောက်မှာ ဆင်းသက်တာကို ရုပ်မြင်သံကြားကနေ စောင့်ကြည့်ဖို့ ဝန်ကြီးချုပ် နရင်ဒရာမိုဒီ အပါအဝင် သန်းနဲ့ချီတဲ့ပြည်သူတွေ ညမအိပ်ဘဲ စောင့်ကြည့်ခဲ့ကြပါတယ်။

ဒီမစ်ရှင်ဟာ အိန္ဒိယနိုင်ငံအတွက်တော့ Chandrayaan-2 ပြီးရင် လကမ္ဘာကို အာကာသ စူးစမ်းလေ့လာရေးအတွက် စိန်ခေါ်မှုအများဆုံး ဒုတိယမြောက်မစ်ရှင်လည်း ဖြစ်ပါတယ်။

လုပ်ငန်းစဉ်အားလုံး အဆင်ပြေချောမွေ့တဲ့ပုံရပေမယ့် လမျက်နှာပြင်ကို အာကာသယာဉ် ဆင်းသက်ဖို့ ၂ ကီလိုမီတာ အကွာလောက် အရောက်မှာတေ့ာ အာကာသယာဉ်နဲ့ အဆက်အသွယ် ပြတ်တောက်သွားကြောင်း အိန္ဒိယ အာကာသစူးစမ်းလေ့လာရေးဌာန အကြီးအကဲ K. Sivan က ပြောဆိုခဲ့တာပါ။

ထိန်းချုပ်ရေးအခန်းကနေ စောင့်ကြည့်နေတဲ့ ဝန်ကြီးချုပ် နရင်ဒရာမိုဒီကတော့ ဘဝမှာ အတက်အကျဆိုတာ ရှိတတ်စမြဲ ဖြစ်တဲ့အတွက် စိတ်မပျက်ကြဖို့နဲ့ အာကာသသိပ္ပံညာရှင်တွေရဲ့ ကြိုးပမ်းမှုအတွက် တနိုင်ငံလုံးက ဂုဏ်ယူကြောင်း အားပေးစကား ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG