သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုယ်ပိုင်အာကာသစခန်းယာဉ် အိန္ဒိယ လွှတ်တင်မည်


အိန္ဒိယ အာကာသ အေဂျင်စီ အကြီးအကဲ K Sivan သတင်းစာရှင်းလင်း
အိန္ဒိယ အာကာသ အေဂျင်စီ အကြီးအကဲ K Sivan သတင်းစာရှင်းလင်း

အိန္ဒိယနိုင်ငံအနေနဲ့ ကိုယ်ပိုင် အာကာသယာဉ်စခန်းငယ်လေး တစ်ခုကို အာကာသအတွင်း လွှတ်တင်ဖို့ ရှိကြောင်း အိန္ဒိယ အာကာသ အေဂျင်စီ အကြီးအကဲ K Sivan က ကြာသပတေးနေ့က သတင်းထောက်တွေကို ပြောပါတယ်။ အိန္ဒိယရဲ့ ရည်မှန်းချက် ကြီးမားလှတဲ့ ဒီ စခန်းကို လွှတ်တင်ဖို့ရာမှာ ဘယ်နိုင်ငံနဲ့မှ ပူးပေါင်း ဆောင်ရွက်ခြင်း မရှိကြောင်း၊ အာကာသအတွင်း စမ်းသပ်မှုတွေ လုပ်ဆောင်ဖို့ အသုံးဝင်မယ့် အငယ်စား စခန်းဖြစ်ကြောင်းနဲ့ အိန္ဒိယအနေနဲ့ ပထမဆုံး လူသား လိုက်ပါမယ့် အာကာသယာဉ် လွှတ်တင်ရာမှာ အထောက်အကူပေးဖို့ အာကာသစခန်းတစ်ခု လိုအပ်ကြောင်း သူက ပြောပါတယ်။

တန်ချိန် ၂၀ ရှိမယ့် အဲဒီ အာကာသစခန်းငယ်ကို သက္ကရာဇ် ၂၀၃၀ မှာ လွှတ်တင်ဖို့ ရည်မှန်း ထားတာပါ။ ဒီ စခန်းမှာ အာကာသယာဉ်မှူးတွေ နှစ်ချီ နေထိုင်နိုင်ပြီး စမ်းသပ်မှုတွေ လုပ်နိုင်သလို အာကာသယာဉ်ငယ်တွေလည်း ဆိုက်ကပ် ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။ ဒီ အာကာသယာဉ် စခန်း တည်ဆောက်ရေး စီမံချက်ဟာ အိန္ဒိယနိုင်ငံရဲ့ အာကာသပိုင်းဆိုင်ရာ အရေးကြီးတဲ့ နောက်ထပ် ခြေလှမ်း တစ်ရပ်ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံအနေနဲ့ ဇူလိုင်လမှာလည်း လကမ္ဘာသွားယာဉ်တစ်စီးကို ဒုတိယအကြိမ် လွှတ်တင်ဖို့ ရှိသလို အာကာသယာဉ်မှူး ၃ ဦး လိုက်ပါမယ့် ပထမဆုံး အာကာသယာဉ်ကို ၂၀၂၂ ခုနစ်မှာ လွှတ်တင်ဖို့ အတွက်လည်း ပြင်ဆင်မှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

အခု လောလောဆယ် ကမ္ဘာပေါ်မှာ တစ်ခုတည်းသော လုပ်ငန်းလည်ပတ်ဆဲ အာကာသစခန်းကတော့ နိုင်ငံအများ ပူးတွဲ ပိုင်ဆိုင်တဲ့ နိုင်ငံတကာ အာကာသ စခန်းကြီးပဲ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ ၂၀၀၈ ခုနှစ်မှာ လကမ္ဘာသွားယာဉ်နဲ့ ၂၀၁၄ ခုနှစ်အတွင်းမှာ အင်္ဂါဂြိုလ်သွား ယာဉ်တစ်စီးကို လွှတ်တင်ခဲ့ပြီး၂၀၂၀ ခုနှစ်မှာ နေ သွားယာဉ်နဲ့ ၂၀၂၃ ခုနှစ်မှာ သောကြာဂြိုလ်သွား ယာဉ်ကို ပစ်လွှတ်ဖို့ ရှိပါတယ်။

ကိုယ်ပိုင်အာကာသစခန်းယာဉ် အိန္ဒိယ လွှတ်တင်မည်
please wait

No media source currently available

0:00 0:00:48 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG