သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမပါတဲ့ အာကာသယာဉ် လပေါ်ဆင်းနိုင်ဖို့ အိန္ဒိယ ထပ်ကြိုးစားမယ်


၂၀၁၉ ဇူလိုင် ၁၅ တုန်းက အိန္ဒိယ အာကာသယာဉ် လွှတ်တင်စဉ်
၂၀၁၉ ဇူလိုင် ၁၅ တုန်းက အိန္ဒိယ အာကာသယာဉ် လွှတ်တင်စဉ်

(Zawgyi/Unicode)

လကမ္ဘာပေါ်ကို လူမပါတဲ့ အာကာသယာဉ် ဆင်းသက်နိုင်ဖို့ မနှစ်ကကြိုးစားတာ မအောင်မမြင် ဖြစ်ခဲ့ပြီးတဲ့နောက် အခုနှစ် ၂၀၂၀ ပြည့်နှစ်အတွင်းမှာ ဆင်းသက်နိုင်ဖို့ ထပ်မံကြိုးစားသွားမယ်လို့ အိန္ဒိယ အာကာသအစီအစဉ် အကြီးအကဲက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

လမျက်နှာပြင်ပေါ်ကို Chandrayaan-3 အမျိုးအစား အာကာသယာဉ် အဆင်ပြေ ချောမွေ့စွာ ဆင်းသက်နိုင်ရေးအတွက် လိုအပ်တဲ့အစီအစဉ်တွေ စတင် ဆောင်ရွက်နေပြီလို့ အိန္ဒိယ အာကာသ သုတေသနဌာန အကြီးအကဲ K. Sivan က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။

အခုနှစ်မကုန်ခင်မှာ လမျက်နှာပြင်ပေါ်ကို ဆင်းသက်နိုင်ဖို့ ကြိုးစားမှာဖြစ်ပေမယ့် နောက်နှစ်ထဲ ရောက်ကောင်းရောက်သွားနိုင် တယ်လို့လည်း မစ္စတာ Sivan က ပြောပါတယ်။ ဒါပေမယ့် အာဏာပိုင်တွေအနေနဲ့ နိုဝင်ဘာလလောက်မှာ ဆင်းသက်နိုင်ဖို့ အကြမ်းဖျဉ်း စီစဉ် ဆောင်ရွက်နေတယ်လို့ ခန့်မှန်း ပြောဆိုနေကြပါတယ်။

ရုရှား၊ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ပြီးရင် အိန္ဒိယဟာ လကမ္ဘာပေါ်ကို ဆင်းသက်နိုင်တဲ့ ၄ နိုင်ငံမြောက် နိုင်ငံအဖြစ်သာမက အကုန်အကျသက်သာစွာနဲ့ အာကာသကို သွားရောက်နိုင်တဲ့ အင်အားကြီးနိုင်ငံဖြစ်လာဖို့ ကြိုးစား ဆောင်ရွက်နေတာပါ။

မနှစ် စက်တင်ဘာလက လွှတ်တင်လိုက်တဲ့ Chandrayaan-2 အာကာသယာဉ်ကတော့ လမျက်နှာပြင်ပေါ်ကို ပျက်ကျ ပျက်ဆီးသွားခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ လပေါ်ကို လူပါတဲ့ အာကာသယာဉ် စေလွတ်နိုင်ရေး အိန္ဒိယက စီစဉ်နေတာမှာ အဲဒီအစီအစဉ်မှာ ပါဝင်မယ့်သူ အာကာသယာဉ်မှူးလောင်း ၄ ဦးဟာ အခုချိန်မှာ ရုရှားနိုင်ငံမှာ သင်တန်းတက်နေကြတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်


...........


(Zawgyi/Unicode)







XS
SM
MD
LG