သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြောက်ကိုရီးယားရပ်ဆိုင်း


ယခင်မှတ်တမ်းရုပ်ပုံ | တောင်နဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း ပူးတွဲစီမံချက် ရပ်ဆိုင်းလိုက်တဲ့ Kumgang တောင်မှာ တွေ့ရတဲ့ ခရီးသွားများ (အောက်တိုဘာ ၂၃၊ ၂၀၁၈)
ယခင်မှတ်တမ်းရုပ်ပုံ | တောင်နဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း ပူးတွဲစီမံချက် ရပ်ဆိုင်းလိုက်တဲ့ Kumgang တောင်မှာ တွေ့ရတဲ့ ခရီးသွားများ (အောက်တိုဘာ ၂၃၊ ၂၀၁၈)

တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေး ဆုတ်ယုတ်ကျဆင်းနေချိန်မှာပဲ တောင်ကိုရီးယားနိုင်ငံနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်တဲ့ သဘောတူညီချက် အားလုံးကို ပယ်ဖျက်လိုက်တဲ့အကြောင်း မြောက်ကိုရီးယား ပြည်သူ့ လွှတ်တော်ရဲ့ အမြင့်ဆုံး အာဏာပိုင်အဖွဲ့က ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ဆုံးဖြတ်လိုက်တဲ့အကြောင်း မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းမှာ ဖော်ပြပါတယ်။

မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီရဲ့ မူဝါဒတွေကို တရားဝင်ချမှတ်လေ့ရှိတဲ့ ပြည်သူ့လွှတ်တော် အမြင့်ဆုံး အာဏာပိုင်အဖွဲ့က တောင်နဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံအကြား Kumgang တောင် ခရီးသွားလုပ်ငန်း ပူးတွဲ စီမံချက် အထူးဥပဒေ အပါအဝင် စီးပွားရေးအရ ဆက်ဆံမှု အားလုံးကို မဲခွဲပြီး ရုတ်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။ သာယာတဲ့ Kumgang တောင် အပန်းဖြေ ခရီးစဉ်ကို ၂၀၀၀ ပြည့်နှစ် အစောပိုင်းတုန်းက စတင်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံသား အယောက် ၂ သန်းလောက် သွားရောက် လည်ပတ်ခဲ့တာပါ။

၂၀၀၈ ခုနှစ်က တောင်ကိုရီးယား ခရီးသွားအဖွဲ့ထဲက ကွဲထွက်ပြီး လမ်းပျောက်နေတဲ့ ခရီးသည်တယောက်ကို မြောက်ကိုရီးယား အစောင့်တပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့ပြီးနောက်မှာ ဒီခရီးသွားလုပ်ငန်းကို ရပ်ဆိုင်းခဲ့ပါတယ်။ တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ တောင်ကိုရီးယားဝန်ကြီးကတော့ မြောက်ကိုရီးယားရဲ့ လုပ်ရပ်အပေါ် မအံ့ဩတဲ့အကြောင်းနဲ့ ဒီလုပ်ရပ်ကြောင့် မြောက်ကိုရီးယားနိုင်ငံပဲ ပိုပြီး အထီးကျန် ဖြစ်စေလိမ့်မယ်လို့ ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ တဘက်သတ် ဆုံးဖြတ်ချက်တွေကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့လည်း သူက ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG