သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလတ်ပစ်ယူဆရတဲ့ ပဲ့ထိန်းဒုံး မြောက်ကိုရီးယား စမ်းသပ်ပစ်ခတ်


မြောက်ကိုရီးယားပဲ့ထိန်းတပ် ဒုံးကျည်စမ်းသပ်မှုကို ရုပ်သံကနေ ကြည့်နေကြသူများ။ (ဇန်နဝါရီ ၁၄၊ ၂၀၂၄)။
မြောက်ကိုရီးယားပဲ့ထိန်းတပ် ဒုံးကျည်စမ်းသပ်မှုကို ရုပ်သံကနေ ကြည့်နေကြသူများ။ (ဇန်နဝါရီ ၁၄၊ ၂၀၂၄)။

မြောက်ကိုရီးယားက တာလတ်ပစ်လို့ယူဆရတဲ့ ပဲ့ထိန်းတပ် ဒုံးကျည်ကို ကိုရီးယားကျွန်းဆွယ်အရှေ့ဘက်ကမ်းဘက် ပစ်လွှတ်ခဲ့တာ နဲ့ပတ်သက်လို့ သင့်တော်တဲ့ အရေးယူဆောင်ရွက်နိုင်တာမှန်သမျှ ဆောင်ရွက်ဖို့ အစိုးရအဖွဲ့ အတွင်းဝန်ချုပ်ကို ညွှန်ကြားထားကြောင်း ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှိဒါက ပြောပါတယ်။

မြေငလျင်လှုပ်ခဲ့ရာ အီရှီကာဝါး စီရင်စုရဲ့ မြို့တော် ကာနာဇာဝမှာ သတင်းထောက်တွေကို ဝန်ကြီးချုပ်က ခုလိုပြောခဲ့တာပါ။ အမျိုးအစားသေချာမသိတဲ့ ပဲ့ထိန်းတပ်ဒုံးကျည်ကို မြောက်ကိုရီးယားက သူ့ရဲ့ အရှေ့ဘက်ကမ်းခြေကနေ တနင်္ဂနွေနေ့က ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ပြောမသွားခဲ့ပါဘူး။

ဒေသတွင်း အဝေးက အမေရိကန်ပစ်မှတ်တွေအထိ ရောက်နိုင်ပြီး ရေဒါက ရှာလို့မရနိုင်တဲ့ ဒုံးကျည်အမျိုးအစားအသစ်အတွက် အင်ဂျင်တွေကို စမ်းသပ်ခဲ့တယ်လို့ မြောက်ကိုရီးယားကပြောအပြီး ၂ လ အကြာမှာ ခု စမ်းသပ်မှု ဖြစ်လာခဲ့တာပါ။ ဒါဟာ ဒီနှစ်အတွက် မြောက်ကိုရီးယားရဲ့ ပထမဆုံး စမ်းသပ်ချက်လည်းဖြစ်ပါတယ်။ ဧပြီမှာ ကျင်းပမယ့် တောင်ကိုရီးယား လွှတ်တော်ရွေးကောက်ပွဲနဲ့ နိုဝင်ဘာမှာကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွေအပေါ် ဩဇာသက်ရောက်နိုင်ဖို့ ခုလို ဒုံးကျည်စမ်းသပ်တာဖြစ်တယ်လို့ ကျွမ်းကျင်သူတချို့က ယူဆကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG