သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲ့ထိန်းဒုံးကျည်အများအပြား မြောက်ကိုရီးယား စမ်းသပ်ပစ်လွှတ်


မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်တဲ့မှတ်တမ်းကို ရုပ်သံကပြသနေစဉ်။ (ဇန်နဝါရီ ၂၄၊ ၂၀၂၄)
မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်တဲ့မှတ်တမ်းကို ရုပ်သံကပြသနေစဉ်။ (ဇန်နဝါရီ ၂၄၊ ၂၀၂၄)

မြောက်ကိုရီးယားဟာ သူ့ရဲ့အနောက်ဘက်ကမ်းရိုးတန်း ရေပြင်ထဲကို ဒီနေ့အစောပိုင်းက ပဲ့ထိန်းဒုံးကျည် အများအပြား ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ အခုလို ပဲ့ထိန်းဒုံးကျည်တွေပစ်လွှတ်လိုက်မှုကြောင့် မူလက နျူကလီးယားအရေး တင်းမာမှုတွေ ရှိနေပြီးဖြစ်တဲ့ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ ရန်လိုတဲ့ လုပ်ဆောင်မှုအဖြစ် ရှုမြင်စရာ ဖြစ်လာပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယား စစ်တပ်ကတော့ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်အမျိုးအစားတွေကို ခွဲခြမ်းစိတ်ဖြာဖို့ လုပ်နေတယ်လို့ တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်များရုံး တာဝန်ရှိသူက ဒီနေ့ပဲပြောပါတယ်။ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်အရေအတွက် အတိအကျနဲ့ သူတို့ရဲ့ ပျံသန်းမှု အသေးစိတ် အချက်အလက်တွေ ကိုတော့ ချက်ချင်း အတည်မပြုနိုင်သေးပါဘူး။

အခုဖြစ်စဉ်ဟာ ဂျပန်နဲ့ Guam မှာရှိတဲ့ အမေရိကန်စစ်စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နိုင်ဖို့အတွက် ထုတ်လုပ်ထားတဲ့ လောင်စာခဲသုံး တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်ကို ဇန်နဝါရီ ၁၄ ရက်က ပထမဆုံးအကြိမ် စမ်းသပ်ပစ်ခတ်ပြီးနောက် အခု ဒုတိယအကြိမ်အဖြစ် ပစ်လွှတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒေသတွင်းတင်းမာမှုတွေမှာ ပြိုင်ဘက်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ရဲ့ စုပေါင်း ရေတပ်လေ့ကျင့်မှုကို တုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားဟာ လွန်ခဲ့တဲ့ သီတင်းပတ်တုန်းကလည်း နျူကလီယား စွမ်းရည်သုံး ရေအောက် တိုက်ခိုက်ရေး ဒရုန်းယာဉ်ကို စမ်းသပ်မှု ပြုလုပ်ခဲ့ပါ သေးတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG