သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားနဲ့ ရုရှားပူးပေါင်းလုပ်ဆောင်မှုအပါ် ကန်အမတ်တွေ စိုးရိမ်


FILE PHOTO: North Korean leader Kim Jong Un meets Russia's President Vladimir Putin
FILE PHOTO: North Korean leader Kim Jong Un meets Russia's President Vladimir Putin

မြောက်ကိုရီးယားနဲ့ ရုရှားတို့ကြား စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ တိုးလာနေကြောင်း အမေရိကန် ပါတီကြီး ၂ ရပ်စလုံးက အထက်လွှတ်တော် အမတ်တွေက သောကြာနေ့မှာ ပြောပါတယ်။ ဒါဟာ ယူကရိန်းကို အမေရိကန်က ဆက်လက်ပံ့ပိုးပေးဖို့ လိုအပ်နေတယ် ဆိုတာကို ပြသနေတယ် လို့လည်း ပြောပါတယ်။

Delaware အထက်လွှတ်တော်အမတ် Chris Coons ကတော့ အခုလို အရေးပါတဲ့အချိန်မျိုးမှာ မြောက်ကိုရီးယား ရဲ့ စစ်လက်နက် တွေအတွက် ရုရှားရဲ့ ကူညီပံ့ပိုးမှု ရမှာကို စိုးရိမ်ရသလို မြောက်ကိုရီးယား ရဲ့ ပဲ့ထိန်းတပ် မစ်ဇိုင်း ဒုံးလက်နက်တွေနဲ့ ယူကရိန်း နိုင်ငံတွင်း အရပ်ဘက် လူနေအဆောက်အအုံ တွေကို ရုရှားက တိုက်ခိုက်မှာကိုလည်း စိုးရိမ်ရတယ်လို့ VOA ကို ပြောပါတယ်။

Nebraska က ရီပတ်ဘလစ်ကင် အထက်လွှတ်တော်အမတ် Pete Ricketts ကလည်း အခုလို ရုရှားနဲ့ မြောက်ကိုရီးယား ၂ နိုင်ငံရဲ့ ဆက်ဆံရေးကြောင့် လက်ရှိမှာ အောက်လွှတ်တော်နဲ့ သမ္မတ အိမ်ဖြူကြား ဘတ်ဂျက်သုံးငွေ ဆိုင်ရာ အခြေအတင် ပြောဆိုမှုတွေ မှာ အပိတ်ပင်ခံနေရတဲ့ ယူကရိန်းကို အမေရိကန်က နောက်ထပ် ရံပုံငွေ ချထားရေး အတွက် ဦးစားပေး စဉ်းစားဖို့ လိုအပ်လာပြီလို့ ပြောပါတယ်။

Virginia ပြည်နယ်က ဒီမိုကရက် အထက်လွှတ်တော်အမတ် Tim Kaine ကတော့ ရုရှားနဲ့ မြောက်ကိုရီးယား အပြင် တရုတ်နဲ့ အီရန် တို့ကြား ဆက်ဆံရေးတွေ ပိုမို နီးကပ်မှုရှိလာနေတာကို ကြည့်ရင် သူတို့ဟာ မဟာမိတ် အင်အားကို သုံးနိုင်တယ်ဆိုတာ နားလည်လာကြောင်း ပြသ နေတာကြောင့် အမေရိကန် ဘက်ကလည်း မဟာမိတ်အင်အားကို ရယူဖို့ ဘယ်လိုလုပ်ရမယ် ဆိုတာကို ကြည့်ရတော့မှာ ဖြစ်ကြောင်း ပြောပါတယ်။

မေရီလန်းပြည်နယ်က ဒီမိုကရက် အထက်လွှတ်တော်အမတ် Chris Van Hollen ကလည်း မြောက်ကိုရီးယားကနေ ရုရှားကို လက်နက်တွေ တင်ပို့လာတာဟာ အမေရိကန် လွှတ်တော် အနေနဲ့ အရေးယူဆောင်ရွက်ဖို့ အချိန်ကျနေပြီဆိုတာကို ပြသနေတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG