သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်ချိန် ကန်နဲ့ တောင်ကိုရီးယား စစ်လေ့ကျင့်


South Korea US Drill
South Korea US Drill

မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်ချိန် ကန်နဲ့ တောင်ကိုရီးယား စစ်လေ့ကျင့်

အမေရိကန်နဲ့ တောင်ကိုရီးယား ၂၀၂၄ ခုနှစ် အတွက် ပထမဆုံးအကြိမ် အဖြစ် အထူးတပ်ဖွဲ့ စစ်ရေးလေ့ကျင့်မှုကို ပူးတွဲပြုလုပ်ခဲ့ပါတယ်။ ဒီလေ့ကျင့်မှုကို တောင်ကိုရီးယားမြောက်ပိုင်း ကိုရီးယားနယ်စပ်အနီး ပိုချွန် Pocheon မြို့မှာ ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

မြောက်ကိုရီးယား တပတ်ကျော်ကာလအတွင်း စတုတ္ထအကြိမ်မြောက် ဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်နေချိန်မှာ အခုလို ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွေ လုပ်တာပါ။ "တောင်ကိုရီး ယားနဲ့ အမေရိကန် အထူးတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဒီတကြိမ် ပူးတွဲ လေ့ကျင့်တာက အထူးစစ်ဆင်ရေးစွမ်းရည်တွေကို အားကောင်းစေပါတယ်။

ရှေ့ဆက်ပြီးတော့လည်း ရန်သူကို အောင်နိုင်ရေး လိုအပ်တဲ့ စွမ်းရည်ရဖို့နဲ့ အမြဲ အဆင်သင့်ဖြစ်နေအောင် စစ်ရေးလေ့ကျင့်မှုတွေ ဆက်လုပ်သွားမယ်” လို့ တောင်ကိုရီးယား ဗိုယ်ကြီး ဆွန်းဒွန်ဂူ (Song Dong-gu) က ပြောပါတယ်။ လေ့ကျင့်တဲ့ အထဲမှာ သေနတ်ပစ်လေ့ကျင့်တာ၊ အထူးကင်းထောက် ထောက်လှမ်းတာနဲ့ ထိုးဖောက်ချီတက်တာတွေ ပါဝင်ပါတယ်။

မဟာမိတ် နှစ်နိုင်ငံကြား ပူးတွဲ အထူးစစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်မှုစွမ်းရည်ကို မြှင့်တင်ဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။ မြောက်ကိုရီးယားဘက်ကလည်း အနောက်ဘက်ကမ်းရိုးတန်းတလျှောက် ခရုဇ်ဒုံးကျည် အများအပြား သောကြာနေ့က ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

မြောက်ကိုရီးယားဟာ မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်တွေကို စမ်းသပ်ခဲ့ကြောင်း အရင်အပတ်က ထုတ်ပြောထားပြီး ဒါဟာ နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်တွေ ဖြစ်ဖွယ်ရှိပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်ကလည်း အနောက်ဘက်ကမ်းရိုးတန်းက Nampho ဆိပ်ကမ်းမြို့က သင်္ဘောကျင်းတခုကို စစ်ဆေးနေတုန်း စစ်ရေးပြင်ဆင်မှုမှာ ရေတပ်အင်အားရဲ့ အရေးကြီးပုံကို အလေးပေး ပြောထားပါတယ်။

XS
SM
MD
LG