သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အေးခေတ်လွန် NATO အဖွဲ့ ရဲ့ အကြီးဆုံးစစ်ရေးလေ့ကျင့်ခန်း


90,000 NATO Troops Participate in Biggest Exercise Since Cold War
90,000 NATO Troops Participate in Biggest Exercise Since Cold War

NATO မဟာမိတ်တပ်ဖွဲ့တွေဟာ စစ်အေးခေတ်ပြီးချိန်က စပြီး အကြီးမားဆုံး စစ်ရေး လေ့ကျင့်မှု တခုကို ဥရောပ တလွှားက တပ်သား သောင်းနဲ့ချီ ပါဝင်ပြီး ဒီသီတင်းပတ်ထဲမှာ ကျင်းပနေပါတယ်။ ဒါဟာ ယူကရိန်းကို ကျူးကျော်ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ ရုရှားကို သတိပေး တဲ့ အနေနဲ့ အင်အားပြတာလည်း ဖြစ်ပါတယ်။

လာမယ့် လတွေ အတွင်း ဥရောပတလွှား ပြုလုပ်တဲ့ NATO အဖွဲ့ရဲ့ Steadfast Defender 24 စစ်ရေးလေ့ကျင့်မှု မှာ နေတိုး တပ်ဖွဲ့ဝင် ၉ သောင်းလောက် ပါဝင်သလို ရေတပ်သင်္ဘော အစင်း ၅၀၊ လေယာဉ် အစင်း ၈၀ နဲ့ တိုက်ခိုက်ရေး ယာဉ် ၁၀၀၀ ပါဝင်ပါတယ်။

လေ့ကျင့်ရေးမှာ နိုင်ငံပေါင်း ၃၁ နိုင်ငံ မဟာမိတ်တွေ ပါဝင်ပြီး ဥရောပ မြောက်ပိုင်း တောင်တန်းဒေသ တွေကနေ အလယ်ပိုင်းနဲ့ အရှေ့ပိုင်း အထိ ကီလိုမီတာ ထောင်နဲ့ ချီကျယ်ဝန်းတဲ့ ဒေသတလွှား အဆင့်မြင့် စစ်ဆင်ရေးတွေကို NATO က လနဲ့ချီပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ရေးကို ဆွီဒင်ကလည်း ပါဝင် ဆင်နွှဲမှာ ဖြစ်ပါတယ်။

NATO ပိုင်နက် ကို တလက်မ မကျန် အကာကွယ်ပေးနိုင်အောင် လုပ်မှာ ဖြစ်ကြောင်း နေတိုး အကြီးအကဲ Jens Stoltenberg က ပြောပါတယ်။ အခုလို ကြီးမားတဲ့ စစ်ရေး လေ့ကျင့်မှုဟာ ယူကရိန်းကို ရုရှား ဝင်ရောက်ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၄ ရက် မတိုင်ခင်မှာ စတင်လိုက်တာ ဖြစ်ပါတယ်။

ယူကရိန်းအတွက် အဓိက စစ်ရေး အထောက်ပံ့ပေး နေတဲ့ အမေရိကန်နဲ့ အီးယူ ဥရောပသမဂ္ဂ တို့ဟာ အဖွဲ့တွင်း နိုင်ငံရေးတိုက်ခိုက်မှုတွေ ကြောင့် အကူအညီထပ်မပေးနိုင်ပဲ ပိတ်ပင်မှုတွေနဲ့ ကြုံနေရတာ ဖြစ်ပြီး အခုအခါမှာ ယူကရိန်းအတွက် ရုရှားကို တွန်းလှန် တိုက်ခိုက်ဖို့ လက်နက်အကူညီ လိုနေတယ်လို့လည်း NATO အကြီးအကဲက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG