သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို အီးယူ လက်နက်ထောက်ပံ့မှု တိုးမြှင့်


EU NATO Russia
EU NATO Russia

ယူကရိန်းကို အီးယူ လက်နက်ထောက်ပံ့မှု တိုးမြှင့်

ရုရှားက ယူကရိန်းကို ကျူးကျော်တဲ့စစ် ၂ နှစ်ပြည့်ဖို့ နီးလာချိန်မှာပဲ ၊ ယူကရိန်းက တောင်းဆိုထားတဲ့အတိုင်း လက်နက်ခဲယမ်းတွေ တိုးမြှင့် ထောက်ပံ့သွားမယ်လို့ EU ဥရောပသမဂ္ဂအဖွဲ့က သောကြာနေ့မှာ ကြေညာပါတယ်။

၂၀၂၄ နှစ်ကုန်ပိုင်းလောက်ဆို ကျည်မျိုးစုံ အနည်းဆုံး ( ၁.၃ ) သန်းလောက် EU က ထောက်ပံ့ သွားနိုင်လိမ့်မယ်လို့ EU နိုင်ငံများ ဈေးကွက်ဆိုင်ရာ ကော်မရှင်နာမင်းကြီး Thierry Breton က ပြောပါတယ်။ ဒီကာလဟာ ဥရောပတိုက်အတွက် စုပေါင်းကာကွယ်ရမယ့် အရေးကြီးဆုံး အချိန်ဖြစ်ပြီး ၊ နည်းလမ်းမျိုးစုံနဲ့ ယူကရိန်းကို မဖြစ်မနေ ဆက်လက် ကူညီသွားရမှာ ဖြစ်တယ်လို့လည်း Estonia ခရီးစဉ်အတွင်း Breton က ပြောပါတယ်။

ယူကရိန်းစစ်က ဥရောပနိုင်ငံတွေထိ ကူးစက်လာမယ့် အရေးကို စိုးရိမ်နေကြပြီး ၊ ရှေ့ သီတင်းပတ်ထဲ NATO အဖွဲ့က စစ်ရေးလေ့ကျင့်မှုတွေ စတင်ဖို့ ပြင်ဆင်နေချိန်မှာ EU က ယူကရိန်းကို လက်နက်ခဲယမ်း ကူညီမယ့် ကြေညာချက် ထွက်ပေါ်လာတာပါ။

NATO အဖွဲ့ရဲ့ ဒီစစ်ရေးလေ့ကျင့်မှုဟာ စစ်အေးခေတ် ကုန်ဆုံးခဲ့ပြီးနောက်ပိုင်း အကြီးမားဆုံး လေ့ကျင့်မှုလည်း ဖြစ်လာမှာပါ။ တပ်သား ၉ သောင်းလောက် ပါဝင်မယ့် ဒီ ၂၀၂၄ Steadfast Defender စစ်ရေးလေ့ကျင့်မှုမှာ NATO အဖွဲ့ဝင် ၃၁ နိုင်ငံစလုံးနဲ့အတူ ဆွီဒင်နိုင်ငံပါ ပါဝင်ပြီး မေလအထိ လေ့ကျင့်သွားမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG