သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား ဘဲလားရု(စ်)တို့နဲ့ နယ်စပ်တလျှောက် ဘောလတစ် ၃ နိုင်ငံ ကာကွယ်ရေးအတားအဆီးသစ် ပြုလုပ်မည်


UKRAINE-CRISIS/EUROPE-DEFENCE
UKRAINE-CRISIS/EUROPE-DEFENCE

ရုရှား ဘဲလားရု(စ်)တို့နဲ့ နယ်စပ်တလျှောက် ဘောလတစ် ၃ နိုင်ငံ ကာကွယ်ရေးအတားအဆီးသစ် ပြုလုပ်မည်

ယူကရိန်းကို ရုရှားကျူးကျော်မှုကြောင့် ဒေသတွင်း လုံခြုံရေးကို စိုးရိမ်လာတဲ့ ဘောလတစ်ပင်လယ်ကွေ့ ၃ နိုင်ငံဟာ သူတို့နိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဘယ်လာရုစ်နဲ့ ရုရှား နယ်စပ်တွေမှာ ခုခံကာကွယ်ရေးဆိုင်ရာ လုပ်ဆောင်မှုတွေ စတင်ဖို့ သောကြာနေ့မှာ သဘောတူလိုက်ကြပါတယ်။

ရုရှားဟာ ယူကရိန်းကိုအောင်နိုင်သွားရင် ဘောလတစ်ဒေသတွင်းက နိုင်ငံတွေကို သိမ်းယူဖို့ လုပ်လာမှာကို သူတို့ စိုးရိမ်လာကြတာ ဖြစ်ပါတယ်။ ဒါကြောင့် Estonia ၊ Latvia န့ Lithuania ၃ နိုင်ငံ ဝန်ကြီးတွေဟာ လာမယ့် နှစ်တွေအတွင်း သူတို့နိုင်ငံတွေ အတွက် ကာကွယ်ရေးဆိုင်ရာ စက်ပစ္စည်းတွေ တပ်ဆင်ဖို့နဲ့ လိုအပ်ရင် စစ်ရေးခြိမ်းခြောက်မှုတွေကို ခုခံဖို့ လုပ်မှာ ဖြစ်ကြောင်း သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ Estonia ကာကွယ်ရေးဝန်ကြီးရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒါပေမယ့် ဘယ်လို စစ်လက်နက် ပစ္စည်းတွေ တပ်ဆင်မယ်ဆိုတာကိုတော့ သေသေချာချာ ဖေါ်ပြ မထားပါဘူး။

ကာကွယ်ရေး ပစ္စည်းတွေကို ရုရှားနဲ့ ဘယ်လ်လာရုစ် နယ်စပ်တွေမှာ တပ်ဆင်မှာ ဖြစ်ပါတယ်။ Estonia ဟာ ရုရှားနဲ့ပဲ နယ်စပ်ချင်း ထိနေတာ ဖြစ်ပေမယ့် Latvia နဲ့ Lithuania နိုင်ငံတွေကတော့ ရုရှားနဲ့ရော၊ ဘယ်လ်လာရုစ် နဲ့ပါ နယ်စပ်ထိစပ်နေတာပါ။ ဒီ ၃ နိုင်ငံ စလုံးဟာ အရင် ဆိုဗီယက် ပြည်ထောင်စု မှာပါတဲ့ နိုင်ငံတွေ ဖြစ်ပေမယ့် အခုအချိန်မှာတော့ အီးယူ ဥရောပသမဂ္ဂ မှာရော NATO အဖွဲ့မှာပါ အဖွဲ့ဝင်တွေ ဖြစ်နေပါပြီ။

Latvian ကာကွယ်ရေးဝန်ကြီး Andris Spruds ကလည်း NATO ရဲ့ အရှေ့ပိုင်းဒေသ ကို ကာာကွယ်ရေးအတွက် ဘောလတစ် ဒေသ ခုခံကာကွယ်ရေး လိုင်းကို သူတို့ ထူထောင်မှာ ဖြစ်ကြောင်း တွစ်တာကနေ ပြောပါတယ်။

XS
SM
MD
LG