သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားရေနံ တရုတ်နဲ့ အိန္ဒိယကိုသာ တင်ပို့


ရုရှားရေနံတင်သင်္ဘော
ရုရှားရေနံတင်သင်္ဘော

ရုရှားက အနောက်နိုင်ငံရဲ့ စီးပွားရေး ပိတ်ဆို့မှုကို တုံ့ပြန်တဲ့အနေနဲ့ ရေနံတင်ပို့မှု အားလုံးကို တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကို တင်ပို့ခဲ့တယ်လို့ ရုရှား ဒုတိယဝန်ကြီးချုပ် Alexander Novak ကဒီနေ့ပဲပြောပါတယ်။ ရုရှားဟာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုကို ရှောင်ရှားတဲ့ အနေနဲ့ ရေနံစိမ်းတင်ပို့မှု ၉၀ ရာခိုင်နှုန်းခန့်ကို ဥရောပကနေ တရုတ်နဲ့ အိန္ဒိယကို လမ်းကြောင်းပြောင်းပြီး တင်ပို့ခဲ့တယ်လို့ ဒုတိယဝန်ကြီးချုပ်က နိုင်ငံပိုင် ရုပ်သံမှာ ပြောသွားတာပါ။

ယူကရိန်းစစ်ပွဲကို စတင်ခဲ့ပြီးတဲ့နောက်ပိုင်း ရုရှားကို အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူမှုတွေ မစခင်ကတည်းက အာရှ-ပစိဖိတ်နိုင်ငံတွေနဲ့ ဆက်ဆံရေးကို ထူထောင်ထားပြီး ဖြစ်သလို၊ ဥရောပနဲ့ အမေရိကန်က လုပ်ခဲ့တဲ့ ပိတ်ဆို့ ကန့်သတ်မှုတွေဟာ ရုရှားရဲ့ စွမ်းအင်စီးဆင်းမှုကို ပြန်လည်ဦးမော့အောင် လုပ်ပေး လိုက်တာပဲ လို့လည်း သူက ပြောပါတယ်။

ရုရှားကုမ္ပဏီ Novatek ဦးဆောင်တဲ့ သဘာဝဓာတ်ငွေ့ရည် စီမံကိန်း Arctic LNG 2 ကို ပိတ်ဆို့ အရေးယူဖို့ကို အမေရိကန်က ပြီးခဲ့တဲ့လကပဲ ကြေညာခဲ့တာပါ။ လက်ရှိမှာတော့ ရုရှားက ဥရောပကို ရေနံစိမ်းတင်ပို့မှုဟာ မူလက ၄၀-၄၅ ရာခိုင်နှုန်းကနေ ၄-၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။ မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ တရုတ်ရဲ့ ရှယ်ယာကတော့ ၄၅-၅၀ ရာခိုင်နှုန်းအထိ တိုးလာသလို၊ အိန္ဒိယကလည်း ၄၀ ရာခိုင်းနှုန်းအထိ တိုးလာတယ်လို့ ဒုတိယဝန်ကြီးချုပ် Novak ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG