သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံရုရှားအတိုက်အခံခေါင်းဆောင် ဝေလံခေါင်ဖျား ပြောင်းရွှေ့ခံရ


ထောင်ချခံထားရတဲ့ ရုရှား အတိုက်အခံခေါင်းဆောင် Alexei Navalny ကို တရားရုံးကြားနာစစ်ဆေးချိန်မှာတွေ့ရစဥ်။
ထောင်ချခံထားရတဲ့ ရုရှား အတိုက်အခံခေါင်းဆောင် Alexei Navalny ကို တရားရုံးကြားနာစစ်ဆေးချိန်မှာတွေ့ရစဥ်။

အကျဥ်းချခံထားရတဲ့ ရုရှား အတိုက်အခံခေါင်းဆောင် Alexei Navalny ကို အာတိတ်စက်ဝိုင်း မြောက်ဘက်၊ ဝေးလှံခေါင်သီတဲ့ တကျွန်းစံ အကျဥ်းသားတွေထားရာ အရပ်ဒေသကို လွှဲပြောင်းခဲ့ကြောင်း အင်္ဂါနေ့က အတည်ပြုချက် ထွက်လာပါတယ်။ သူ့ကို ဘယ်ကို ရွှေ့ပြောင်း လိုက်တယ်ဆိုတာကို သီတင်းပတ် အတော်ကြာ ရှာဖွေ စုံစမ်းခဲ့ရပြီးမှ ခုလို သိခဲ့ရတာလို့ သူ့အဖွဲ့ဝင်တွေက ထုတ်ဖော်ပြောဆိုလိုက်ပြီး နောက်တရက်မှာ Navalny ကိုယ်တိုင်က သူ့ရဲ့ X လူမှုကွန်ရက်မှာ အတည်ပြု ပြောဆိုလိုက်တာပါ။

အရင်က Navalny ကို မော်စကို အရှေ့ဘက် Vladimir ဒေသမှာ အကျဥ်းချထားရာကနေ ဆောင်းရာသီမှာ ရာသီဥတုဆိုးရွားလှတဲ့ Yamal-Nenets ဒေသက Kharp မြို့ကို ရွှေ့ပြောင်းလိုက်တာ ဖြစ်ပါတယ်။ သူ့ကို ကြိုတင်အကာအကွယ်တွေ လုပ်ပြီး ထူးထူးခြားခြား လမ်းကြောင်းကနေ ရွှေ့ပြောင်း ခေါ်သွားခဲ့ တာကြောင့် သူကိုယ်တိုင် ဘယ်ရောက်နေတယ်ဆိုတာကို ရှေ့လ ဇန်နဝါရီလလောက်အထိတော့ မသိလောက်သေးဘူးလို့ ထင်ခဲ့တဲ့အကြောင်းလည်း Navalny က X လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ ပြောင်းရွှေ့လိုက်တဲ့ နေရာသစ်မှာ သူ့ ရှေ့နေက သူ့ကို တွေ့ဆုံခဲ့ပြီး ဖြစ်ကြောင်းလည်း Navalny ရဲ့ ပြောခွင့်ရ Kira Yarmysh က ပြောပါတယ်။

သူ့ကို လူတွေနဲ့အဝေးကို ခွဲထုတ်ပြီး အထီးကျန်ဖြစ်အောင် တမင် ရည်ရွယ်လုပ်ဆောင်တာလို့လည်း ပြောပါတယ်။ ရုရှား အတိုက်အခံခေါင်းဆောင် Alexei Navalny ဟာ အကျဥ်းထောင်ထဲမှာ နေနေရတဲ့တိုင်အောင် သမ္မတပူတင်အတွက်ကတော့ သူဟာ အဓိကရန်သူအဖြစ် စိုးရိမ်နေရတုန်းပဲလို့လည်း Navalny ရဲ့ ပြောခွင့်ရက ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG