သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမာၻတဝန္း အင္တာနက္လြတ္လပ္ခြင့္ ၁၂ ႏွစ္ ဆက္တိုက္ က်ဆင္း 


Freedom House


[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံအပါအဝင္ ကမာၻတဝန္း အင္တာနက္လြတ္လပ္ခြင့္ဟာ ၁၂ ႏွစ္ ဆက္တိုက္ က်ဆင္းေနတဲ့အေၾကာင္း အေမရိကန္အေျခစိုက္ Freedom House အဖြဲ႕ႀကီးရဲ႕ ဒီေန႔ ထုတ္ျပန္တဲ့အစီရင္ခံစာမွာ ေဖာ္ျပပါတယ္။

႐ုရွားႏိုင္ငံအတြင္း အင္တာနက္ သုံးစြဲသူေတြအေပၚ ဖိႏွိပ္မႈေတြနဲ႔ ျမန္မာ၊ ဆူဒန္၊ လစ္ဗ်ားႏိုင္ငံေတြမွာ ဆိုးဝါးလာတဲ့ အင္တာနက္ကန႔္သတ္မႈ အေျခအေနေတြေၾကာင့္ လြတ္လပ္ခြင့္အေျခအေန က်ဆင္းလာတာလို႔ အစီရင္ခံစာက ေရးပါတယ္။ တ႐ုတ္ႏိုင္ငံကေတာ့ ကမာၻမွာ အင္တာနက္လြတ္လပ္ခြင့္ အဆိုးဆုံးႏိုင္ငံအျဖစ္ ၈ ႏွစ္ဆက္တိုက္ ေနရာယူထားပါတယ္။ ဒီလို က်ဆင္းမႈေတြ ရွိသလို ဂမ္ဘီယာနဲ႔ ဇင္ဘာေဘြအပါအဝင္ ႏိုင္ငံ ၂၆ ႏိုင္ငံေလာက္မွာေတာ့ တိုးတက္မႈရွိလာတဲ့အေၾကာင္း အစီရင္ခံစာက ေဖာ္ျပပါတယ္။

ယူကရိန္းအေပၚ ႐ုရွားရဲ႕က်ဳးေက်ာ္မႈဟာ သက္ဆိုင္ရာ ႏွစ္ႏိုင္ငံအတြက္တင္မဟုတ္ဘဲ တကမာၻလုံးရဲ႕ အင္တာနက္ လြတ္လပ္ခြင့္အေပၚမွာပါ ႐ိုက္ခတ္မႈရွိခဲ့တယ္လို႔ အစီရင္ခံစာ ပူးတြဲေရးသားသူတဦးျဖစ္တဲ့ Allie Funk က ေျပာဆိုပါတယ္။ ျမန္မာႏိုင္ငံနဲ႔ပတ္သက္လို႔ေတာ့ Freedom House အဖြဲ႕ႀကီးရဲ႕ အမွတ္ ေပး သတ္မွတ္ခ်က္အရ ျမန္မာႏိုင္ငံရဲ႕ အင္တာနက္လြတ္လပ္ခြင့္ဟာ ေနာက္ထပ္ ၅ မွတ္ ထိုးက်သြားၿပီး ၿပီးခဲ့တဲ့ ၂ ႏွစ္အတြင္း ၁၉ မွတ္ က်ဆင္းသြားပါတယ္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ဝက္ဘ္ဆိုက္ဒ္ ၁,၂၀၀ ေက်ာ္ ပိတ္ပင္ခံခဲ့ရသလို လူမႈကြန္ယက္ေတြ အသုံးျပဳခြင့္ ပိတ္ပင္တာ၊ အင္တာနက္ ျဖတ္ေတာက္တာေတြ လုပ္ေဆာင္ခဲ့တဲ့အေၾကာင္း အစီရင္ခံစာက ေရးပါတယ္။ ျပည္တြင္း အင္တာနက္သုံးသူေတြအၾကား စစ္တပ္လိုလားတဲ့ သူတခ်ိဳ႕ပဲက်န္ခဲ့ၿပီး တက္ႂကြလႈပ္ရွားသူေတြ၊ သတင္းေထာက္ေတြနဲ႔ သာမန္ျပည္သူေတြရဲ႕ ၿပီးခဲ့တဲ့ႏွစ္အတြင္း အြန္လိုင္းကေန ေပ်ာက္ကြယ္သြားတာကို အစီရင္ခံစာက ေထာက္ျပပါတယ္။

ေနာ္ေဝႏိုင္ငံက Telenor ဆက္သြယ္ေရးကုမၸဏီ ျမန္မာႏိုင္ငံက လုပ္ငန္းေတြ မျဖစ္မေန ေရာင္းခ်ခဲ့ရခ်ိန္မွာ ျမန္မာစစ္ေကာင္စီအေနနဲ႔ တယ္လီဆက္သြယ္ေရး လုပ္ငန္းေတြကို အျပည့္အဝထိန္းခ်ဳပ္လာတဲ့ အေၾကာင္းလည္း အစီရင္ခံစာက ေရးသားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ကမ္ဘာတဝန်း အင်တာနက်လွတ်လပ်ခွင့် ၁၂ နှစ် ဆက်တိုက် ကျဆင်း

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်း အင်တာနက်လွတ်လပ်ခွင့်ဟာ ၁၂ နှစ် ဆက်တိုက် ကျဆင်းနေတဲ့အကြောင်း အမေရိကန်အခြေစိုက် Freedom House အဖွဲ့ကြီးရဲ့ ဒီနေ့ ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ရုရှားနိုင်ငံအတွင်း အင်တာနက် သုံးစွဲသူတွေအပေါ် ဖိနှိပ်မှုတွေနဲ့ မြန်မာ၊ ဆူဒန်၊ လစ်ဗျားနိုင်ငံတွေမှာ ဆိုးဝါးလာတဲ့ အင်တာနက်ကန့်သတ်မှု အခြေအနေတွေကြောင့် လွတ်လပ်ခွင့်အခြေအနေ ကျဆင်းလာတာလို့ အစီရင်ခံစာက ရေးပါတယ်။ တရုတ်နိုင်ငံကတော့ ကမ္ဘာမှာ အင်တာနက်လွတ်လပ်ခွင့် အဆိုးဆုံးနိုင်ငံအဖြစ် ၈ နှစ်ဆက်တိုက် နေရာယူထားပါတယ်။ ဒီလို ကျဆင်းမှုတွေ ရှိသလို ဂမ်ဘီယာနဲ့ ဇင်ဘာဘွေအပါအဝင် နိုင်ငံ ၂၆ နိုင်ငံလောက်မှာတော့ တိုးတက်မှုရှိလာတဲ့အကြောင်း အစီရင်ခံစာက ဖော်ပြပါတယ်။

ယူကရိန်းအပေါ် ရုရှားရဲ့ကျုးကျော်မှုဟာ သက်ဆိုင်ရာ နှစ်နိုင်ငံအတွက်တင်မဟုတ်ဘဲ တကမ္ဘာလုံးရဲ့ အင်တာနက် လွတ်လပ်ခွင့်အပေါ်မှာပါ ရိုက်ခတ်မှုရှိခဲ့တယ်လို့ အစီရင်ခံစာ ပူးတွဲရေးသားသူတဦးဖြစ်တဲ့ Allie Funk က ပြောဆိုပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့တော့ Freedom House အဖွဲ့ကြီးရဲ့ အမှတ် ပေး သတ်မှတ်ချက်အရ မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့်ဟာ နောက်ထပ် ၅ မှတ် ထိုးကျသွားပြီး ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ၁၉ မှတ် ကျဆင်းသွားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဝက်ဘ်ဆိုက်ဒ် ၁,၂၀၀ ကျော် ပိတ်ပင်ခံခဲ့ရသလို လူမှုကွန်ယက်တွေ အသုံးပြုခွင့် ပိတ်ပင်တာ၊ အင်တာနက် ဖြတ်တောက်တာတွေ လုပ်ဆောင်ခဲ့တဲ့အကြောင်း အစီရင်ခံစာက ရေးပါတယ်။ ပြည်တွင်း အင်တာနက်သုံးသူတွေအကြား စစ်တပ်လိုလားတဲ့ သူတချို့ပဲကျန်ခဲ့ပြီး တက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေနဲ့ သာမန်ပြည်သူတွေရဲ့ ပြီးခဲ့တဲ့နှစ်အတွင်း အွန်လိုင်းကနေ ပျောက်ကွယ်သွားတာကို အစီရင်ခံစာက ထောက်ပြပါတယ်။

နော်ဝေနိုင်ငံက Telenor ဆက်သွယ်ရေးကုမ္ပဏီ မြန်မာနိုင်ငံက လုပ်ငန်းတွေ မဖြစ်မနေ ရောင်းချခဲ့ရချိန်မှာ မြန်မာစစ်ကောင်စီအနေနဲ့ တယ်လီဆက်သွယ်ရေး လုပ်ငန်းတွေကို အပြည့်အဝထိန်းချုပ်လာတဲ့ အကြောင်းလည်း အစီရင်ခံစာက ရေးသားပါတယ်။

XS
SM
MD
LG