သုံးရလွယ်ကူစေသည့် Link များ

ပြင်သစ်ပါလီမန်ရွေးကောက်ပွဲ နောက်ဆုံးအကျော့ကို ဒီကနေ့မှာ ကျင်းပနေပြီး၊ မဲဆန္ဒရှင်တွေဟာ မဲပေးနေကြပါတယ်။ ပြင်သစ်မဲဆန္ဒရှင်တွေဟာ ပြင်သစ်နိုင်ငံရဲ့ သမ္မတသစ် Emmanuel Macron နဲ့ သူရဲ့ ရီပတ်ဘလစ်ပါတီ ပြတ်ပြတ်သားသား အနိုင်ရဖို့အတွက် မဲပေးသွားဖွယ်ရှိပြီး ပါလီမန်အမတ်နေရာ ၅၇၇ နေရာထဲက ၄၀၀ ကျော် အနိုင်ရဖွယ်ရှိတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောကြပါတယ်။

အဲဒီလိုဆိုရင် သမ္မတ Macron အနေနဲ့ သူ့ကတိပေးထားတဲ့အတိုင်း ပြင်သစ်နိုင်ငံရဲ့ တင်းကြပ်တဲ့ အလုပ်သမားဥပဒေနဲ့ အလုပ်မဖြစ်တဲ့ လူမှုဖူလုံရေးစနစ်ကို ပြုပြင်ပြောင်းလဲရေးတွေလုပ်သွားနိုင်မှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁ လကျော်က သမ္မတဖြစ်လာခဲ့တဲ့ သမ္မတ Macron ဟာ ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ အတူရပ်ပြီး ပူတင်ကို ဝေဖန်ခဲ့သလို၊ အမေရိကန်က ရာသီဥတုဆိုင်ရာ ပဲရစ်သဘောတူညီချက်ကနေ ထွက်သွားပြီးတဲ့နောက် အဆိုပြုချက်အသစ်တွေ အဆိုပြုခဲ့တာတွေကြောင့် နာမည်ကောင်းရလာနေသူတဦးဖြစ်ပါတယ်။

ဒီအချက်တွေကလည်း ပြင်သစ်နိုင်ငံတွင်းမှာ သူ့ကို လူကြိုက်များလာစေခဲ့ပါတယ်။ ဆိုရှယ်လစ်ပါတီက ၅ နစ်ကြာ အုပ်ချုပ်ခဲ့စဉ်အတွင်း ပြင်သစ်သမ္မတဟောင်း Francois Hollande က ပါတီရဲ့ ရည်မှန်းချက်တွေဖြစ်တဲ့ အလုပ်လက်မဲ့ဖြစ်မှု လျှော့ချဖို့ နဲ့ စီးပွားရေး အားကောင်းလာအောင်လုပ်ဖို့ ရည်မှန်းချက်တွေ မအောင်မြင်ခဲ့တာတွေကြောင့် ပြင်သစ်နိုင်ငံသားတွေဟာ စိတ်ဓါတ်ကျနေပြီး ၊ နိုင်ငံရေးမှာလည်း သိပ်ပြီးတော့ တက်ကြွမှုမရှိဘဲဖြစ်နေကြတာဖြစ်ပါတယ်။

ဒါပေမဲ့ ပြင်သစ်သမ္မတသစ်က နိုင်ငံတကာစင်မြင့်ထက်မှာ နာမည်ကောင်းရလာနေတာကို တွေ့လာရတဲ့အတွက် အိမ်မှာပဲနေနေကြတဲ့ ပြင်သစ်မဲဆန္ဒရှင်တွေဟာ သူ့ကို ထောက်ခံဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

XS
SM
MD
LG