သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်ရွေးကောက်ပွဲရလဒ် နိုင်ငံတကာချီးကျူးဂုဏ်ပြု


ရွေးကောက်ပွဲအနိုင်ရ Emmanuel Macron နှင့် ပြင်သစ်သမ္မတ Francois Hollande
ရွေးကောက်ပွဲအနိုင်ရ Emmanuel Macron နှင့် ပြင်သစ်သမ္မတ Francois Hollande

အလယ်အလတ်သဘောထားဝါဒီ Emmanuel Macron ပြင်သစ်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရလိုက်တဲ့အတွက် ဥရောပခေါင်းဆောင်တွေ စိတ်သက်သာရာ ရသွားပါတယ်။

သူသာ အနိုင်ရမယ်ဆိုရင် ယူငွေငွေကြေးသုံးစွဲတဲ့ နိုင်ငံတွေထဲကနေ နှုတ်ထွက်မှာ ဖြစ်သလို ဥရောပသမဂ္ဂကနေထွက်ဖို့ မဲခွဲဆုံးဖြတ်သွားမယ်လို့ ကတိပေးပြောဆိုထားတဲ့ လက်ယာစွန်းဝါဒီ Marine Le Pen ကို အပြတ်အသတ် အနိုင်ရလိုက်တဲ့ အသက် ၃၉ နှစ်အရွယ် Macron ကို ဥရောပ သတင်းစာတွေက ချီးကျူးဂုဏ်ပြပါတယ်။

ဒါ့အပြင် ဥရောပသမဂ္ဂခေါင်းဆောင်တွေကလည်း ဂုဏ်ပြုနှုတ်ဆက်ကြသလို ဥရောပကော်မရှင် ဥက္ကဌ Jean-Claude Juncker ကလည်း ဥရောပ အနာဂါတ်ကို ပြင်သစ်က ရွေးချယ်လိုက်တဲ့အတွက် ပျော်ရွှင်ကြောင်း တွိတာစာမျက်နှာမှာ ရေးသားထားပါတယ်။

ဥရောပကောင်စီ ဥက္ကဌ Donald Tusk ကလည်း လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ အများအကျိုးရှေ့ရှုတဲ့ သဘောထားအခြေခံနဲ့ ရွေးချယ်ခဲ့တဲ့ ပြင်သစ်လူထုကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ဂျာမနီဝန်ကြီးချုပ် Angela Merkel ရဲ့ ပြောခွင့်ရကလည်း အခုလိုအောင်မြင်မှုဟာ ညီညွတ်ပြီး ခိုင်မာတဲ့ ဥရောပနဲ့ ပြင်သစ် ဂျာမနီ ဆက်ဆံရေးအတွက် အောင်မြင်မှုဖြစ်တယ်လို့ ပြောပါတယ်။

သူအနိုင်ရရှိကြောင်း ကြေညာပြီးမှာပဲ ဝန်ကြီးချုပ် Merkel နဲ့ဖုန်းဆက်စကားပြောရာမှာ ဂျာမနီကို အမြန်ဆုံး လာရောက်မယ်လို့ Macron က ပြောပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် Theresa May ကလည်း ပြင်သစ်နိုင်ငံနဲ့အတူ လက်တွဲလုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားပါတယ်။

ရုရှားသမ္မတ Vladimir Putin ကလည်း အခုလို Macron အနိုင်ရမှုအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောဆိုသလို နားလည်မှု လွဲမှားတာတွေကို ကျော်လွှားပြီး နိုင်ငံတကာတည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက် အတူ ပူးပေါင်းဆောင်ရွက်သွားလိုတယ်လို့ ပြောကြားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG