သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Emmanuel Macron ကို ကမ္ဘာ့ခေါင်းဆောင်တွေဂုဏ်ပြု


သမ္မတရွေးကောက်ပွဲ အနိုင်ရ Emmanuel Macron

ပြင်သစ် သမ္မတ အဖြစ် ရွေးချယ်ခံလိုက်ရတဲ့ Emmanuel Macron သူအရွေးကောက်ပွဲအနိုင်ရတဲ့ တနင်္ဂနွေနေ့မှာပဲ ဂျာမနီ ဝန်ကြီးချုပ် Angela Merkel နဲ့ ၁၀ မိနစ်ကြာ ဖုန်းဆက်စကားပြောခဲ့ပါတယ်။ ဘာလင်မြို့တော်ကို မကြာခင် လာရောက်မှာဖြစ်ပြီး ဗြိတိန်နိုင်ငံ အီးယူ က ခွဲထွက်မယ့် ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ဗြိတိန် ဝန်ကြီးချုပ် Theresa May နဲ့ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

မစ္စတာ Macron ဟာ ဗြိတိန်ဝန်ကြီးချုပ် Theresa May ၊ ကနေဒါဝန်ကြီးချုပ် Justin Trudeau တို့နဲ့လည်း စကားပြောခဲ့တယ်လို့ သူ့လက်ထောက်တွေက ဆိုပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် May က ပြင်သစ်ရွေးကောက်ပွဲ အနိုင်ရသူ Macron ကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုစကားပြောကြားခဲ့ပြီး အကြောင်းအရာအများအပြားနဲ့ပတ်သက်ပြီး ပူးတွဲလုပ်ဆောင်သွားဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။

အလားတူစွာပဲ အမေရိကန်သမ္မတ Donald Trumpကလည်း Emmanuel Macron အနိုင်ရရှိမှု အတွက် ဂုဏ်ပြု စကားပြောကြားခဲ့ပြီး သူနဲ့အတူတကွ လက်တွဲလုပ်ဆောင်ဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။ Emmanuel Macron ဟာ ပြင်သစ်နိုင်ငံရဲ့ နောက်တက်လာမယ့် သမ္မတ အဖြစ် ကြီးမားတဲ့ အောင်ပွဲတရပ် ရရှိခဲ့ခြင်းဖြစ်တယ်လို့ အမေရိကန်သမ္မတ Donald Trump က သူ့ရဲ့ Twitter မှာ ဖော်ပြထားပါတယ်။

Emmanuel Macron ကို ကမ္ဘာ့ခေါင်းဆောင်တွေဂုဏ်ပြု
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG