သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်တင်းနစ်မယ် လီနာ ပြင်သစ်အိုးပင်း ဗိုလ်စွဲ

တရုတ်တင်းနစ်မယ် လီနာ ပြင်သစ်အိုးပင်း ဗိုလ်စွဲ
တရုတ်တင်းနစ်မယ် လီနာ ပြင်သစ်အိုးပင်း ဗိုလ်စွဲ

ပြင်သစ်နိုင်ငံ ပဲရစ်စ်မြို့တော်မှာ စနေနေ့က ကစားခဲ့တဲ့ ပြင်သစ်အိုးပင်း တင်းနစ် (French Open Tennis) အမျိုးသမီး ဗိုလ်လုပွဲမှာ တရုတ်နိုင်ငံက လီနာ (Li Na) က အမျိုးသမီး ချန်ပီယံ ဖလားကို ရရှိသွားပါတယ်။

ဒါဟာ အာရှက ကစားသမားတယောက် အနေနဲ့ တင်းနစ်လောကမှာ တဦးချင်း ပွဲစဉ်အတွက် Grand Slam ဆုကြီးကို ပထမဆုံး ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဖိုင်နယ်မှာ လီနာဟာ မနှစ်က ပြင်သစ်အိုးပင်း ချန်ပီယံ အီတလီသူ ဖရန်ဆက်စ်ကာ စကီယာဗွန်နေ (Francesca Schiavone) ကို ၆-၄၊ ၇-၆ နဲ့ ၂ ပွဲပြတ် အနိုင်ရသွားတာ ဖြစ်ပါတယ်။

ကမ္ဘာ့အမျိုးသမီး တင်းနစ်အဆင့်မှာ ပြင်သစ်အိုးပင်းပွဲ မတိုင်ခင်က နံပါတ် ၆ နေရာမှာ ရှိခဲ့တဲ့ လီနာဟာ အခုဆိုရင် Seeding အဆင့် ၄ ကို ရောက်မယ်လို့ မျှော်လင့်ရပါတယ်။ သူ့ကြောင့် တရုတ်နိုင်ငံမှာ တင်းနစ်ကစားပွဲတွေအပေါ် စိတ်ဝင်စားမှုတွေ ပိုပြီး များလာကြလိမ့်မယ်လို့လည်း ခန့်မှန်းရပါတယ်။

လီနာဟာ လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက နိုင်ငံတကာ တင်းနစ်ပွဲတွေမှာ ပါဝင်ကစားလာခဲ့ပေမဲ့ အခု ၂၀၁၁ မှာ ပထမဆုံး Grand Slam ဆုဖလားကြီးကို ရရှိတာ ဖြစ်ပါတယ်။

စနေနေ့က ပြင်သစ်အိုးပင်း ဖလားကို ဗိုလ်လုခဲ့ကြတဲ့ လီနာရော စကီယာဗွန်နေတို့ ၂ ယောက်လုံးဟာ ၂၉ နှစ်အရွယ်တွေ ဖြစ်ကြတဲ့အတွက် ဒါဟာ တင်းနစ်လောကအတွက် အသက်ကြီးသူတွေလို့ ပြောလို့ရပါတယ်။

၂၀၁၀ တုန်းက စကီယာဗွန်နေ ပြင်သစ်အိုးပင်း ဆုဖလားကို အနိုင်ရခဲ့စဉ်က သူဟာ အသက်အကြီးဆုံး အမျိုးသမီး ချန်ပီယံ ဖြစ်ခဲ့တာပါ။

ဒီနေ့ တနင်္ဂနွေမှာတော့ အမျိုးသား တဦးချင်း ဗိုလ်လုပွဲ ရှိပါတယ်။ ပြင်သစ်အိုးပင်းကို ၅ ကြိမ် အနိုင်ရဖူးပြီး လက်ရှိ ကမ္ဘာ့အဆင့် ၁ ဖြစ်တဲ့ စပိန်က ရာဖဲလ် နာဒယ်လ် (Rafael Nadal) နဲ့ ကမ္ဘာ့အဆင့်မှာ ထိပ်ပိုင်းက အမြဲရှိနေတဲ့ ဆွစ်ဇာလန်က ရော်ဂျာ ဖက်ဒါရာ (Roger Federer) တို့ ပြင်သစ်အိုးပင်း ချန်ပီယံ လုကြမှာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG