သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေနတ်သမား ၂ ဦးကို ပြင်သစ်ရဲ ဝိုင်းထား


ပုန်းအောင်းနေတဲ့ နေရာကို ရဲက ဝိုင်းထား (
ပုန်းအောင်းနေတဲ့ နေရာကို ရဲက ဝိုင်းထား (

ပြင်သစ်နိုင်ငံ ပါရီမြို့တော်က Charlie Hebdo မဂ္ဂဇင်းရုံးချုပ်မှာ လူ ၁၂ ယောက် သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုအပြီး ၂ ရက်အကြာမှာတော့ တိုက်ခိုက်သူတွေ လို့ သံသယရှိသူ နှစ်ဦး ပုန်းအောင်းနေတဲ့ အဆောက်အဦးကို ရဲက ဝိုင်းထားပြီး သူတို့နဲ့ ဆက်သွယ် စကားပြောနေတယ်လို့ ပြင်သစ် လုံခြုံရေးတပ်ဖွဲ့တွေက ပြောပါတယ်။

သံသယဖြစ်ခံထားရသူတွေက သူတို့ကိုယ်သူတို့ အာဇာနည်တွေအဖြစ်နဲ့ သတ်သေဖို့ ပြင်ဆင်ထားတဲ့ အကြောင်းကို ညှိနှိုင်းပေးနေတဲ့ ရဲအရာရှိက ပြောခဲ့တယ်လို့ ဆိုပါတယ်။ သူတို့က လူ တယောက်ကို ဓားစားခံအဖြစ် ဖမ်းဆီးထားတယ်လို့လည်း ရဲက အတည်ပြု ပြောဆိုပါတယ်။

သံသယဖြစ်နေသူတွေကို ၂ ရက်ကြာ လိုက်လံရှာဖွေခဲ့ပြီးတဲ့နောက် ပါရီမြို့ အရှေ့မြောက်ဘက် ၂၄ မိုင်ကျော်အကွာ ဒီမာတွန့်(သ်) ဂွယ်(လ်) Dammartin-en-Goele မြို့က စက်မှုဇုံတခုမှာ သူတို့နှစ်ဦး ပုန်းအောင်းနေတဲ့ နေရာကို ရဲတပ်ဖွဲ့က ရဟတ်ယာဉ်တွေ၊ ကားတွေ၊ မီးသတ်ကားတွေနဲ့ ဝန်းရံထားတာဖြစ်ပါတယ်။

မြို့က ဒေသခံတွေကိုလည်း နေအိမ်တွေထဲမှာပဲ နေကြဖို့ မြို့တော်ဝန်က သတိပေးထားပါတယ်။ သံသယဖြစ်နေသူတွေကို ဖမ်းဆီးနိုင်ဖို့ ကြိုးပမ်းနေတုန်းပဲလို့ ပြင်သစ် ပြည်ထဲရေးဝန်ကြီး ဘနာ့ ကာဇင်နာ့ (ဖ်) Bernard Cazeneuve က ပြောပါတယ်။ သမ္မတ၊ ဝန်ကြီးချုပ်၊ ရဲအရာရှိတွေနဲ့ အရေးပေါ် အစည်းအဝေး လုပ်ခဲ့ပြီးတဲ့နောက် သိပ်မကြာခင်မှာပဲ ဝန်ကြီးက ပြောသွားတာပါ။

သံသယဖြစ်နေတဲ့ ညီအစ်ကိုနှစ်ဦး ဖမ်းဆီးနိုင်ဖို့အတွက် ရဲ နဲ့ လုံခြုံရေးအင်အား ၈ သောင်း ၈ ထောင်ကျော်နဲ့ ကြိုးပမ်းနေကြတာပါ။

XS
SM
MD
LG