သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂ်ပန္ဝန္ႀကီးခ်ဳပ္ Kishida အေရွ႕ေတာင္အာရွ သံုးႏုိင္ငံခရီးစဥ္ စတင္ 


အင္ဒိုနီးရွားႏိုင္ငံမွာက်င္းပမယ့္ G-20 အစည္းအေဝးတက္ေရာက္ဖို႔ တိုက်ဳိႏိုင္ငံတကာေလဆိပ္ကေန ထြက္ခြါေတာ့မယ့္ ဂ်ပန္ဝန္ႀကီးခ်ဳပ္ Fumio Kishida (ဧၿပီ ၂၉ ၊ ၂၀၂၂)

[[Zawgyi/Unicode]]

ဂ်ပန္ဝန္ႀကီးခ်ဳပ္ Fumio Kishida ဟာ အင္ဒိုနီးရွား၊ ဗီယက္နမ္နဲ႔ ထုိင္းႏုိင္ငံေတြဆီ ဒီကေန႔ ခရီးစထြက္သြားၿပီျဖစ္ၿပီး အေရွ႕ေတာင္ အာရွ သံုးႏိုင္ငံခရီးစဥ္ၿပီးတဲ့ေနာက္ ဥေရာပေဒသကို ခရီးဆက္မွာျဖစ္ပါတယ္။

ဝန္ႀကီးခ်ဳပ္ Kishida ဟာ စက္မႈထိပ္သီးႏိုင္ငံ ၂၀ G-20 အဖြဲ႔ရဲ႕ လက္ရွိအလွည့္က်ဥကၠ႒ အင္ဒိုနီးရွားႏုိင္ငံကို အရင္ဆံုးသြားေရာက္မွာ ျဖစ္ပါတယ္။ အင္ဒိုနီးရွားဟာ အေရွ႕ေတာင္အာရွႏုိင္ငံမ်ားအဖြဲ႔ (ASEAN) ရဲ႕ အလွည့္က်ဥကၠ႒အျဖစ္လည္း ေနာက္ႏွစ္မွာ တာဝန္ ယူရမွာျဖစ္ပါတယ္။

အင္ဒိုနီးရွားကေန ဗီယက္နမ္ကို ခရီးဆက္ၿပီးတဲ့ေနာက္ ၂၀၂၂ ခုႏွစ္၊ အာရွ-ပစိဖိတ္ စီးပြားေရးဖိုရမ္ (APEC) အစည္းအေဝးကို အိမ္ရွင္ အျဖစ္ လက္ခံက်င္းပမယ့္ ထုိင္းႏုိင္ငံကို ဆက္သြားမွာျဖစ္ပါတယ္။

အခုခရီးစဥ္အတြင္း ယူကရိန္းကို ႐ုရွားက က်ဴးေက်ာ္တုိက္ခိုက္ေနတာနဲ႔ပတ္သက္ၿပီး ေဒသတြင္းႏုိ္င္ငံေတြရဲ႕ တုန္႔ျပန္လုပ္ေဆာင္မႈနဲ႔ ပတ္သက္လို႔ ေဆြးေႏြးသြားမွာျဖစ္သလို တ႐ုတ္ရဲ႕ ၾသဇာလႊမ္းမိုးမႈ ႀကီးထြားလာေနတဲ့အေရးကိုလည္း ေဆြးေႏြးဖို႔ရွိပါတယ္။

“လြတ္လပ္ၿပီး လမ္းဖြင့္ထားတဲ့ အင္ဒို-ပစိဖိတ္ေဒသ ျဖစ္ေပၚလာေရးဆီဦးတည္တဲ့ ေနာက္ထပ္ ပူးေပါင္းေဆာင္ရြက္မႈေတြကို ဖန္တီး သြားဖို႔ ဝန္ႀကီးခ်ဳပ္က ေမွ်ာ္လင့္ထားပါတယ္” လို႔ ဂ်ပန္အစိုးရအဖြဲ႔ အတြင္းဝန္ခ်ဳပ္ Hirokazu Matsuno က ၾကာသပေတးေန႔ သတင္းစာရွင္းလင္းပြဲအတြင္း ေျပာသြားပါတယ္။ “ေဒသတြင္းကိစၥရပ္ အေတာ္မ်ားမ်ားနဲ႔ ပတ္သက္လုိ႔လည္း က်ယ္က်ယ္ျပန္႔ျပန္႔ ေဆြးေႏြးဖို႔ ေမွ်ာ္လင့္ထားပါတယ္” လို႔ အတြင္းဝန္ခ်ဳပ္ Matsuno ကဆုိပါတယ္။

ဂ်ပန္ႏုိင္ငံဟာ Quad လို႔ေခၚတဲ့ ေဒသဆိုင္ရာ လံုျခံဳေရးအဖြဲ႔ ထိပ္သီးအစည္းအေဝးကို ေရွ႕လမွာ အိမ္ရွင္အျဖစ္ လက္ခံက်င္းပဖို႔ရွိၿပီး အေမရိကန္သမၼတ Joe Biden နဲ႔အတူ ၾသစေၾတးလ်နဲ႔ အိႏိၵယေခါင္းေဆာင္ေတြ တက္ေရာက္ၾကမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ဂျပန်ဝန်ကြီးချုပ် Kishida အရှေ့တောင်အာရှ သုံးနိုင်ငံခရီးစဉ် စတင်

ဂျပန်ဝန်ကြီးချုပ် Fumio Kishida ဟာ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတွေဆီ ဒီကနေ့ ခရီးစထွက်သွားပြီဖြစ်ပြီး အရှေ့တောင် အာရှ သုံးနိုင်ငံခရီးစဉ်ပြီးတဲ့နောက် ဥရောပဒေသကို ခရီးဆက်မှာဖြစ်ပါတယ်။

ဝန်ကြီးချုပ် Kishida ဟာ စက်မှုထိပ်သီးနိုင်ငံ ၂၀ G-20 အဖွဲ့ရဲ့ လက်ရှိအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံကို အရင်ဆုံးသွားရောက်မှာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ်လည်း နောက်နှစ်မှာ တာဝန် ယူရမှာဖြစ်ပါတယ်။

အင်ဒိုနီးရှားကနေ ဗီယက်နမ်ကို ခရီးဆက်ပြီးတဲ့နောက် ၂၀၂၂ ခုနှစ်၊ အာရှ-ပစိဖိတ် စီးပွားရေးဖိုရမ် (APEC) အစည်းအဝေးကို အိမ်ရှင် အဖြစ် လက်ခံကျင်းပမယ့် ထိုင်းနိုင်ငံကို ဆက်သွားမှာဖြစ်ပါတယ်။

အခုခရီးစဉ်အတွင်း ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်နေတာနဲ့ပတ်သက်ပြီး ဒေသတွင်းနိုင်ငံတွေရဲ့ တုန့်ပြန်လုပ်ဆောင်မှုနဲ့ ပတ်သက်လို့ ဆွေးနွေးသွားမှာဖြစ်သလို တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု ကြီးထွားလာနေတဲ့အရေးကိုလည်း ဆွေးနွေးဖို့ရှိပါတယ်။

“လွတ်လပ်ပြီး လမ်းဖွင့်ထားတဲ့ အင်ဒို-ပစိဖိတ်ဒေသ ဖြစ်ပေါ်လာရေးဆီဦးတည်တဲ့ နောက်ထပ် ပူးပေါင်းဆောင်ရွက်မှုတွေကို ဖန်တီး သွားဖို့ ဝန်ကြီးချုပ်က မျှော်လင့်ထားပါတယ်” လို့ ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် Hirokazu Matsuno က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။ “ဒေသတွင်းကိစ္စရပ် အတော်များများနဲ့ ပတ်သက်လို့လည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့ မျှော်လင့်ထားပါတယ်” လို့ အတွင်းဝန်ချုပ် Matsuno ကဆိုပါတယ်။

ဂျပန်နိုင်ငံဟာ Quad လို့ခေါ်တဲ့ ဒေသဆိုင်ရာ လုံခြုံရေးအဖွဲ့ ထိပ်သီးအစည်းအဝေးကို ရှေ့လမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ရှိပြီး အမေရိကန်သမ္မတ Joe Biden နဲ့အတူ သြစတြေးလျနဲ့ အိန္ဒိယခေါင်းဆောင်တွေ တက်ရောက်ကြမှာဖြစ်ပါတယ်။

=============

XS
SM
MD
LG