သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂ်ပန္ဝန္ႀကီးခ်ဳပ္ Kishida နဲ႔ ထိုင္းဝန္ႀကီးခ်ဳပ္ Prayuth ယူကရိန္း- ႐ုရွား စစ္ပြဲနဲ႔ ျမန္မာ့အေရး ေဆြးေႏြး


ထိုင္းႏိုင္ငံကိုေရာက္ေနတဲ့ ဂ်ပန္ဝန္ႀကီးခ်ဳပ္  Minister Fumio Kishida (ဝဲ) နဲ႔ ထိုင္းဝန္ႀကီးခ်ဳပ္r Prayuth Chan-ocha (ယာ) (ေမ ၂၊ ၂၀၂၂)

[[Zawgyi/Unicode]]

ထိုင္းႏိုင္ငံမွာ ေရာက္ရွိေနတဲ့ ဂ်ပန္ဝန္ႀကီးခ်ဳပ္ Fumio Kishida ဟာ ဒီေန႔ ေန႔လယ္ ပိုင္းမွာ ထိုင္းဝန္ႀကီးခ်ဳပ္ Prayuth Chan-ocha နဲ႔ေတြ႔ဆုံၿပီး စီးပြါးေရးဆိုင္ရာ ကိစၥရပ္ေတြ၊ ျမန္မာႏိုင္ငံတြင္း မတည္ၿငိမ္မႈေတြနဲ႔ ယူကရိန္းကို တိုက္ခိုက္တဲ့ ႐ုရွား စစ္အေၾကာင္းေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။

ျမန္မာႏိုင္ငံအက်ပ္အတည္းနဲ႔ ပတ္သက္ၿပီး အာဆီယံက ႀကိဳးပမ္းအားထုတ္ေနတာကို ဂ်ပန္က ေထာက္ခံေၾကာင္း ေျပာဆိုဖို႔ ရွိတယ္လို႔ ဂ်ပန္အစိုးရရဲ႕ ျပည္သူ႔ ေရးရာဌာနအတြင္းဝန္ Noriyuki Shikata က သတင္းေထာက္ေတြကို ႀကိဳတင္ ေျပာၾကားခဲ့ပါတယ္။

ထိုင္းနဲ႔ဂ်ပန္တို႔ရဲ႕ သေဘာတူညီခ်က္မွာ ကာကြယ္ေရးဆိုင္ရာ နည္းပညာမ်ား လႊဲေျပာင္းေရးကိစၥလည္း ပါဝင္တယ္လို႔ဆိုပါတယ္။ ဒါ့အျပင္ ထိုင္းနဲ႔ ဂ်ပန္စစ္ေရးဆိုင္ ရာ ပူးတြဲေလ့က်င့္ေရးကိစၥရပ္ေတြပါ ပါဝင္တယ္လို႔ ဂ်ပန္ တူေဒးသတင္းက ဆိုပါတယ္။ ထိုင္း အေကာက္ခြန္ လုပ္ထုံးလုပ္နည္းမ်ား တိုးတက္ေရးအတြက္ ဂ်ပန္ ႏိုင္ငံက အကူအညီေပးေရးလည္း သေဘာတူညီခ်က္မွာ ပါဝင္တယ္ လို႔ ဆိုပါတယ္။

အေရွ႕ေတာင္အာရွဟာ ဂ်ပန္အတြက္ မဟာဗ်ဴဟာအရ အဓိကက်တဲ့ ေဒသတခု ျဖစ္ပါတယ္။ ကားနဲ႔အီလက္ထေရာနစ္ပစၥည္းေတြကို ထုတ္လုပ္ရာမွာ ဂ်ပန္ရဲ႕ ကမာၻသိကုမၸဏီႀကီးေတြ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံရာ ေဒသလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

ဂျပန်ဝန်ကြီးချုပ် Kishida နဲ့ ထိုင်းဝန်ကြီးချုပ် Prayuth ယူကရိန်း- ရုရှား စစ်ပွဲနဲ့ မြန်မာ့အရေး ဆွေးနွေး

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida ဟာ ဒီနေ့ နေ့လယ် ပိုင်းမှာ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha နဲ့တွေ့ဆုံပြီး စီးပွါးရေးဆိုင်ရာ ကိစ္စရပ်တွေ၊ မြန်မာနိုင်ငံတွင်း မတည်ငြိမ်မှုတွေနဲ့ ယူကရိန်းကို တိုက်ခိုက်တဲ့ ရုရှား စစ်အကြောင်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံအကျပ်အတည်းနဲ့ ပတ်သက်ပြီး အာဆီယံက ကြိုးပမ်းအားထုတ်နေတာကို ဂျပန်က ထောက်ခံကြောင်း ပြောဆိုဖို့ ရှိတယ်လို့ ဂျပန်အစိုးရရဲ့ ပြည်သူ့ ရေးရာဌာနအတွင်းဝန် Noriyuki Shikata က သတင်းထောက်တွေကို ကြိုတင် ပြောကြားခဲ့ပါတယ်။

ထိုင်းနဲ့ဂျပန်တို့ရဲ့ သဘောတူညီချက်မှာ ကာကွယ်ရေးဆိုင်ရာ နည်းပညာများ လွှဲပြောင်းရေးကိစ္စလည်း ပါဝင်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ထိုင်းနဲ့ ဂျပန်စစ်ရေးဆိုင် ရာ ပူးတွဲလေ့ကျင့်ရေးကိစ္စရပ်တွေပါ ပါဝင်တယ်လို့ ဂျပန် တူဒေးသတင်းက ဆိုပါတယ်။ ထိုင်း အကောက်ခွန် လုပ်ထုံးလုပ်နည်းများ တိုးတက်ရေးအတွက် ဂျပန် နိုင်ငံက အကူအညီပေးရေးလည်း သဘောတူညီချက်မှာ ပါဝင်တယ် လို့ ဆိုပါတယ်။

အရှေ့တောင်အာရှဟာ ဂျပန်အတွက် မဟာဗျူဟာအရ အဓိကကျတဲ့ ဒေသတခု ဖြစ်ပါတယ်။ ကားနဲ့အီလက်ထရောနစ်ပစ္စည်းတွေကို ထုတ်လုပ်ရာမှာ ဂျပန်ရဲ့ ကမ္ဘာသိကုမ္ပဏီကြီးတွေ လာရောက်ရင်းနှီးမြှုပ်နှံရာ ဒေသလည်း ဖြစ်ပါတယ်။

================

XS
SM
MD
LG