သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအရေး ယူကရိန်းမပါဖို့ G-20 ခေါင်းဆောင်တွေ ဖိအားပေး


ပြင်သစ်သမ္မတ Francois Hollande၊ အမေရိကန်သမ္မတ Barack Obama နဲ့ ဗြိတိန်ဝန်ကြိးချုပ် David Cameron
ပြင်သစ်သမ္မတ Francois Hollande၊ အမေရိကန်သမ္မတ Barack Obama နဲ့ ဗြိတိန်ဝန်ကြိးချုပ် David Cameron

ယူကရိန်းမှာ တိုက်ပွဲတွေအဆုံးသတ်စေဖို့ ရည်ရွယ်ပြီး ချမှတ်ထားတဲ့ နိုင်ငံတကာဥပဒေနဲ့ သဘောတူညီချက်တွေကို ရုရှားက ဆက်လက် ချိုးဖောက်နေမယ်ဆိုရင် ရုရှားဟာ နိုင်ငံတကာအသိုက်အဝိုင်းရဲ့ ဝိုင်းကျဉ်တာကို ဆက်ခံနေရမှာဖြစ်တယ်လို့ အမေရိကန်သမ္မတ Barack Obama က ပြောပါတယ်။

ယူကရိန်းအရှေ့ပိုင်းဒေသက သူပုန်တွေကို ရုရှားက ပံ့ပိုးကူညီနေတာကြောင့် အနောက်နိုင်ငံတွေဘက်က လောလောဆယ်ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှှုတွေဟာ ထိရောက်တာ ပြနေတယ်လို့ Australia နိုင်ငံ Brisbane မှာ ကျင်းပတဲ့ G20 စက်မှုထိပ်သီးနိုင်ငံ ၂၀ ထိပ်သီးအစည်းအဝေးမှာ တနင်္ဂနွေနေ့က သမ္မတအိုဘားမားက ပြောကြားခဲ့တာပါ။

ယူကရိန်းပြဿနာမှာ ရုရှားရဲ့ပါဝင်မှုနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေကလိုအပ်ရင် ရုရှားနယ်စပ်ဒေသနားက တိုက်ပွဲတွေအဆုံးသတ်အောင် ရုရှားသမ္မတ Vladimir Putin ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရလာတဲ့အထိ ဖိအားပိုတိုးပေးဖို့ပါပြင်နေတယ်လို့ဆိုပါတယ်။

ယူကရိန်းအရေးအတွက် သမ္မတအိုဘားမားအပြင် ကနေဒါဝန်ကြီးချုပ် Stephen Harper နဲ့ Australia ဝန်ကြီးချုပ် Tony Abbott တို့ကလည်း သတိပေးနေကြသလို ယူကရိန်းအစိုးရသစ်အဖွဲ့ကလည်း ယူကရိန်းအရှေ့ပိုင်းဒေသက ရုရှားလိုလားတဲ့ သူပုန်တွေရဲ့လှုပ်ရှားမှုကို အရေးယူဖို့ လုပ်ဆောင်နေပါတယ်။

XS
SM
MD
LG