သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

G-7 ထိပ္သီးစည္းေဝးပြဲ ယူကရိန္းသမၼတ အြန္လိုင္းကပါဝင္


Zelesnkyy addresses G-7 (06-27-2022)


[[Zawgyi/Unicode]]

ဂ်ာမနီႏိုင္ငံမွာ စတင္က်င္းပေနတဲ့ G7 စက္မႈထိပ္သီး ၇ ႏိုင္ငံရဲ႕ တနလၤာေန႔ ေဆြးေႏြးပြဲကို ယူကရိန္းသမၼတ Volodymyr Zelenskyy အြန္လိုင္းကေန ပါဝင္တက္ေရာက္ခဲ့ပါတယ္။ G7 ကမာၻ႔စီးပြားေရးအင္အားႀကီးႏိုင္ငံေတြက ယူကရိန္းကို ေရရွည္အတြက္ ေထာက္ခံကူညီေပးဖို႔ရွိၿပီး အေမရိကန္ျပည္ေထာင္စုကေတာ့ ယူကရိန္းႏိုင္ငံအတြက္ ေျမျပင္ကေန ေဝဟင္ပစ္ အဆင့္ျမင့္ဒံုးစနစ္ ဝယ္ယူတဲ့ အစီအစဥ္ကို ေၾကညာဖို႔ လုပ္ေနတာပါ။

႐ုရွား ေရနံေစ်းကို ေစ်းျဖတ္ကန္႔သတ္ဖို႔၊ ႐ုရွားကုန္ပစၥည္းေတြကို အခြန္တိုးေကာက္ဖို႔၊ ႐ုရွားအရာရွိေတြ၊ ယူကရိန္းက်ဴးေက်ာ္စစ္ပြဲကို ေထာက္ခံတဲ့ အဖြဲ႔အစည္းနဲ႔ လုပ္ငန္းရာခ်ီကို ဒဏ္ခတ္ပိတ္ဆို႔မႈ အသစ္ေတြခ်မွတ္ဖို႔ သေဘာတူညီခ်က္ကိုလည္း ေၾကညာဖို႔ ရွိပါတယ္။ ဂ်ာမနီႏိုင္ငံ Alps ေတာင္တန္းမွာ ၃ ရက္တာ က်င္းပတဲ့ ဒီထိပ္သီးေဆြးေႏြးပြဲအတြင္းမွာ ႐ုရွားဆီေစ်းကို ေစ်းျဖတ္ကန္႔သတ္တဲ့ ကိစၥ ၿပီးျပတ္ႏိုင္ဖို႔ လက္စသတ္လုပ္ေဆာင္ေနခဲ့ၾကတာပါ။

ေနာက္ပိုင္းမွာေတာ့ G7 ေခါင္းေဆာင္ေတြဟာ ထြန္းသစ္စ စီးပြားေရးအေျခအေနရွိတဲ့ ႏိုင္ငံ ၅ ႏိုင္ငံျဖစ္တဲ့ အိႏိၵယ၊ အင္ဒိုနီးရွား၊ ေတာင္အာဖရိက၊ ဆီနီေဂါနဲ႔ အာဂ်င္တီးနား ႏိုင္ငံေတြရဲ႕ ေခါင္းေဆာင္ေတြနဲ႔လည္း ေတြ႔ဆံုၿပီး ဥတုရာသီေျပာင္းလဲမႈ တားဆီးေရးကိစၥရပ္ေတြ၊ စြမ္းအင္လိုအပ္မႈ နဲ႔ တျခားကိစၥရပ္ေတြကို ေဆြးေႏြးၾကမွာ ျဖစ္ပါတယ္။

G7 စက္မႈထိပ္သီး ႏိုင္ငံ ၇ ႏိုင္ငံအဖြဲ႕ဟာ ႐ုရွားရဲ႕ ယူကရိန္းက်ဴးေက်ာ္စစ္ပြဲကို ဆန္႔က်င္ရာမွာ တညီတညြတ္တည္း ရွိၾကတယ္လို႔ ဂ်ာမနီ ဝန္ႀကီးခ်ဳပ္ Olaf Scholz က တနလၤာေန႔ ပထမဆံုး ေဆြးေႏြးမႈ မစတင္ခင္မွာေျပာၾကားသြားပါတယ္။ Bavaria ေဒသ alps ေတာင္တန္းမွာ က်င္းပတဲ့ ဒီ G7 ထိပ္သီးေဆြးေႏြးပြဲ စတင္ဖြင့္လွစ္တဲ့ တနဂၤေႏြေန႔မွာပဲ ႐ုရွားက သီတင္းပတ္အေတာ္ၾကာအတြင္း ပထမဆံုးအၾကိမ္အျဖစ္နဲ႔ ကီးယက္ဗ္ၿမဳိ႕ေတာ္ကို ဒံုးက်ည္နဲ႔ ပစ္ခတ္ တိုက္ခိုက္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

====================
[[Unicode]]

G-7 ထိပ်သီးစည်းဝေးပွဲ ယူကရိန်းသမ္မတ အွန်လိုင်းကပါဝင်

ဂျာမနီနိုင်ငံမှာ စတင်ကျင်းပနေတဲ့ G7 စက်မှုထိပ်သီး ၇ နိုင်ငံရဲ့ တနင်္လာနေ့ ဆွေးနွေးပွဲကို ယူကရိန်းသမ္မတ Volodymyr Zelenskyy အွန်လိုင်းကနေ ပါဝင်တက်ရောက်ခဲ့ပါတယ်။ G7 ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံတွေက ယူကရိန်းကို ရေရှည်အတွက် ထောက်ခံကူညီပေးဖို့ရှိပြီး အမေရိကန်ပြည်ထောင်စုကတော့ ယူကရိန်းနိုင်ငံအတွက် မြေပြင်ကနေ ဝေဟင်ပစ် အဆင့်မြင့်ဒုံးစနစ် ဝယ်ယူတဲ့ အစီအစဉ်ကို ကြေညာဖို့ လုပ်နေတာပါ။

ရုရှား ရေနံဈေးကို ဈေးဖြတ်ကန့်သတ်ဖို့၊ ရုရှားကုန်ပစ္စည်းတွေကို အခွန်တိုးကောက်ဖို့၊ ရုရှားအရာရှိတွေ၊ ယူကရိန်းကျူးကျော်စစ်ပွဲကို ထောက်ခံတဲ့ အဖွဲ့အစည်းနဲ့ လုပ်ငန်းရာချီကို ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေချမှတ်ဖို့ သဘောတူညီချက်ကိုလည်း ကြေညာဖို့ ရှိပါတယ်။ ဂျာမနီနိုင်ငံ Alps တောင်တန်းမှာ ၃ ရက်တာ ကျင်းပတဲ့ ဒီထိပ်သီးဆွေးနွေးပွဲအတွင်းမှာ ရုရှားဆီဈေးကို ဈေးဖြတ်ကန့်သတ်တဲ့ ကိစ္စ ပြီးပြတ်နိုင်ဖို့ လက်စသတ်လုပ်ဆောင်နေခဲ့ကြတာပါ။

နောက်ပိုင်းမှာတော့ G7 ခေါင်းဆောင်တွေဟာ ထွန်းသစ်စ စီးပွားရေးအခြေအနေရှိတဲ့ နိုင်ငံ ၅ နိုင်ငံဖြစ်တဲ့ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တောင်အာဖရိက၊ ဆီနီဂေါနဲ့ အာဂျင်တီးနား နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံပြီး ဥတုရာသီပြောင်းလဲမှု တားဆီးရေးကိစ္စရပ်တွေ၊ စွမ်းအင်လိုအပ်မှု နဲ့ တခြားကိစ္စရပ်တွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

G7 စက်မှုထိပ်သီး နိုင်ငံ ၇ နိုင်ငံအဖွဲ့ဟာ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ပွဲကို ဆန့်ကျင်ရာမှာ တညီတညွတ်တည်း ရှိကြတယ်လို့ ဂျာမနီ ဝန်ကြီးချုပ် Olaf Scholz က တနင်္လာနေ့ ပထမဆုံး ဆွေးနွေးမှု မစတင်ခင်မှာပြောကြားသွားပါတယ်။ Bavaria ဒေသ alps တောင်တန်းမှာ ကျင်းပတဲ့ ဒီ G7 ထိပ်သီးဆွေးနွေးပွဲ စတင်ဖွင့်လှစ်တဲ့ တနင်္ဂနွေနေ့မှာပဲ ရုရှားက သီတင်းပတ်အတော်ကြာအတွင်း ပထမဆုံးအကြိမ်အဖြစ်နဲ့ ကီးယက်ဗ်မြို့တော်ကို ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

====================

XS
SM
MD
LG