သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

G20 မွာ ယူကရိန္း၊ အီရန္နဲ႔တ႐ုတ္အေရး ကန္ႏိုင္ငံျခားေရးဝန္ႀကီး ဦးစားေပးေဆြးေႏြး


အင္ဒိုနီးရွားႏုိင္ငံ၊ ဘာလီကၽြန္းမွာ G20 ႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးတက္ေရာက္ေနတဲ့ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken (ဗဟို/ဇူလိုင္ ၈၊၂၀၂၂)

[[Zawgyi/Unicode]]

G-20 ႏိုင္ငံျခားေရးဝန္ႀကီးမ်ား စည္းေဝးပြဲတက္ေရာက္ေနတဲ့ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Anthony Blinken ဟာ G-20 စည္းေဝးပြဲမစခင္ ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီး Catherine Colonna ၊ ဂ်ာမနီႏိုင္ငံျခားေရးဝန္ႀကီး Annalena Baerbock၊ ၿဗိတိန္ႏိုင္ငံျခားေရးဌာနရဲ႕ ႏိုင္ငံေရးဌာန လက္ေထာက္အၿမဲတမ္းအတြင္းဝန္ Tim Barrow တို႔နဲ႔ေတြ႕ဆံု ေဆြးေႏြးခဲ့ပါတယ္။

ယူကရိန္းႏိုင္ငံအေပၚ လံုျခံဳေရးနဲ႔လူသားခ်င္းစာနာတဲ့အကူအညီေတြ ေနာက္ထပ္ေပးဖို႔ကိစၥေတြအျပင္ ကမာၻတဝန္း စားေရရိကၡာဖူလံုေရးအတြက္ စိုးရိမ္ေနၾကတဲ့ကိစၥေတြကို ေဆြးေႏြးခဲ့ၾကတယ္လု႔ိ အေမရိကန္ ႏိုင္ငံျခားေရးဌာနေျပာခြင့္ရ Ned Price က ဒီေန႔ေသာေၾကာေန႔မွာ သတင္းထုတ္ျပန္ပါတယ္။ ယူကရိန္းထြက္ ဂ်ဳံ၊ ေျပာင္း၊ ေနၾကာစတဲ့ လယ္ယာထြက္ကုန္ေတြကို တင္ပို႔ေရာင္းခ်လု႔ိမရေအာင္ ႐ုရွားတို႔ပိတ္ဆို႔ထားတဲ့အတြက္ ဒါေတြကို ဝယ္ယူေနရတဲ့ ႏိုင္ငံေတြမွာ စားကုန္ေတြ ရွားပါး ေစ်းတက္ေနပါတယ္။

အီရန္ႏိုင္ငံက Nuclear လက္နက္အစီအစဥ္ေဆာင္ရြက္ေနတဲ့ ႏႈန္းအေပၚ အတၱလန္တိတ္သမုဒၵရာ တဘက္တခ်က္မွာရွိၾကတဲ့ ၄ ႏိုင္ငံ အဆင့္ျမင့္သံတမန္ေတြ စိုးရိမ္ေနၾကေၾကာင္းနဲ႔ Nuclear လက္နက္ဆိုင္ရာ အီရန္နဲ႔သေဘာတူထားခဲ့တဲ့ သေဘာတူညီခ်က္ေတြအတိုင္း ျပန္လည္လိုက္နာေအာင္လုပ္ဖို႔လည္း သေဘာတူညီခဲ့ၾကတယ္လို႔ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ႏိုင္ငံျခားေရးဝန္ႀကီး Blinken ဟာ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး Subrahmanyam Jaishankar နဲ႔လည္း သီးျခားေတြ႕ဆံုခဲ့ပါတယ္။ ကမာၻႀကီးမွာရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈေတြကို အားလံုး လက္တြဲေျဖရွင္းဖို႔ အေရးႀကီးေၾကာင္း အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ေတြ႕ဆံုစဥ္မွာ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာၾကားခဲ့ပါတယ္။

နက္ျဖန္ စေနေန႔က်ရင္ေတာ့ ဝန္ႀကီး Blinken ဟာ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi နဲ႔ေတ႔ြဆံုမွာျဖစ္ပါတယ္။ ၂ ႏိုင္ငံဆက္ဆံေရးကို အဓိကထားေဆြးေႏြးမယ့္ ေဆြးေႏြးပြဲနဲ႔ ေဒသတြင္းနဲ႔ ႏိုင္ငံတကာေရးရာေတြ အဓိကထားေဆြးေႏြးမယ့္ ေဆြးေႏြးပြဲ ၂ ႀကိမ္လုပ္ဖို႔ရွိတယ္လို႔ သံတမန္အသိုင္းအဝိုင္းက ေျပာပါတယ္။ တ႐ုတ္နဲ႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ ေတြ႕ဆံုေဆြးေႏြးပြဲမွာ ျမန္မာႏိုင္ငံအေရးကိစၥကိုလည္း ထည့္သြင္းေဆြးေႏြးဖို႔ရွိတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဌာန လက္ေထာက္ႏိ္ုင္ငံျခားေရးဝန္ႀကီး Daniel Kritenbrink ကေျပာၾကားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

G20 မှာ ယူကရိန်း၊ အီရန်နဲ့တရုတ်အရေး ကန်နိုင်ငံခြားရေးဝန်ကြီး ဦးစားပေးဆွေးနွေး

G-20 နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲတက်ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ဟာ G-20 စည်းဝေးပွဲမစခင် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Catherine Colonna ၊ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock၊ ဗြိတိန်နိုင်ငံခြားရေးဌာနရဲ့ နိုင်ငံရေးဌာန လက်ထောက်အမြဲတမ်းအတွင်းဝန် Tim Barrow တို့နဲ့တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ယူကရိန်းနိုင်ငံအပေါ် လုံခြုံရေးနဲ့လူသားချင်းစာနာတဲ့အကူအညီတွေ နောက်ထပ်ပေးဖို့ကိစ္စတွေအပြင် ကမ္ဘာတဝန်း စားရေရိက္ခာဖူလုံရေးအတွက် စိုးရိမ်နေကြတဲ့ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လု့ိ အမေရိကန် နိုင်ငံခြားရေးဌာနပြောခွင့်ရ Ned Price က ဒီနေ့သောကြောနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ယူကရိန်းထွက် ဂျုံ၊ ပြောင်း၊ နေကြာစတဲ့ လယ်ယာထွက်ကုန်တွေကို တင်ပို့ရောင်းချလု့ိမရအောင် ရုရှားတို့ပိတ်ဆို့ထားတဲ့အတွက် ဒါတွေကို ဝယ်ယူနေရတဲ့ နိုင်ငံတွေမှာ စားကုန်တွေ ရှားပါး ဈေးတက်နေပါတယ်။

အီရန်နိုင်ငံက Nuclear လက်နက်အစီအစဉ်ဆောင်ရွက်နေတဲ့ နှုန်းအပေါ် အတ္တလန်တိတ်သမုဒ္ဒရာ တဘက်တချက်မှာရှိကြတဲ့ ၄ နိုင်ငံ အဆင့်မြင့်သံတမန်တွေ စိုးရိမ်နေကြကြောင်းနဲ့ Nuclear လက်နက်ဆိုင်ရာ အီရန်နဲ့သဘောတူထားခဲ့တဲ့ သဘောတူညီချက်တွေအတိုင်း ပြန်လည်လိုက်နာအောင်လုပ်ဖို့လည်း သဘောတူညီခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Blinken ဟာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar နဲ့လည်း သီးခြားတွေ့ဆုံခဲ့ပါတယ်။ ကမ္ဘာကြီးမှာရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အားလုံး လက်တွဲဖြေရှင်းဖို့ အရေးကြီးကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံစဉ်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

နက်ဖြန် စနေနေ့ကျရင်တော့ ဝန်ကြီး Blinken ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့တေ့ွဆုံမှာဖြစ်ပါတယ်။ ၂ နိုင်ငံဆက်ဆံရေးကို အဓိကထားဆွေးနွေးမယ့် ဆွေးနွေးပွဲနဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာတွေ အဓိကထားဆွေးနွေးမယ့် ဆွေးနွေးပွဲ ၂ ကြိမ်လုပ်ဖို့ရှိတယ်လို့ သံတမန်အသိုင်းအဝိုင်းက ပြောပါတယ်။ တရုတ်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအရေးကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးဖို့ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink ကပြောကြားထားပါတယ်။

===============

XS
SM
MD
LG