သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီရဲ႕ေသဒဏ္စီရင္မႈ G7 ႏိုင္ငံျခားေရးဝန္ႀကီးမ်ား ျပစ္တင္ရႈတ္ခ်


G-7 Flags 

[[Zawgyi/Unicode]]


ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီေရးလႈပ္ရွားသူ ကိုဂ်င္မီ၊ လႊတ္ေတာ္အမတ္ေဟာင္း ကိုၿဖိဳးေဇယ်ာေသာ္၊ အရပ္သားျပည္သူႏွစ္ဦးျဖစ္ၾကတဲ့ ကိုေအာင္သူရေဇာ္နဲ႔ ကိုလွမ်ိဳးေအာင္တို႔ကို ကြပ္မ်က္လိုက္တဲ့အေပၚ ျပင္းျပင္းထန္ထန္ ျပစ္တင္ ရႈတ္ခ်တယ္လို႔ စီးပြားအင္အားႀကီး ၇ ႏိုင္ငံက ေျပာၾကားလိုက္ပါတယ္။

လြတ္လပ္မွ်တတဲ့ တရားစီရင္မႈနဲ႔မဟုတ္ဘဲ ႏွစ္ေပါင္း ၃၀ ေက်ာ္အတြင္း ပထမဆုံး ကြပ္မ်က္တာကိုၾကည့္ရင္ ဒီမိုကေရစီလိုလားတဲ့ ျမန္မာျပည္သူေတြရဲ႕ ခိုင္မာတဲ့စိတ္ဓါတ္ကို ဂ႐ုမစိုက္ဘူးဆိုတာ ျပသလိုက္တာျဖစ္တယ္လို႔ G7 ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။ အခုလို ကြပ္မ်က္ခံရသူေတြအပါအဝင္ စစ္တပ္အာဏာခဲ့တဲ့ ၂၀၂၁ ေဖေဖာ္ဝါရီ ၁ ရက္ကစလို႔ အသတ္ခံရသူေတြ၊ ဖမ္းဆီးခံရသူေတြ၊ ညႇင္းပမ္းႏွိပ္စက္ခံရသူေတြအားလုံးရဲ႕ မိသားစုေတြအတြက္လည္း ဝမ္းနည္းစိတ္မေကာင္းျဖစ္ရေၾကာင္းေျပာပါတယ္။

စစ္အာဏာသိမ္းတဲ့အေပၚ G7 ႏိုင္ငံေတြအေနနဲ႔ အျပင္းထန္ဆုံး ဆက္လက္ ျပစ္ တင္ ရႈတ္ခ်တဲ့တခ်ိန္တည္းမွာ ျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး၊ လူသားခ်င္းစာနာစရာ အေျခအေနနဲ႔ လူ႔အခြင့္အေရး အေျခအေနေတြအေပၚ စိုးရိမ္ေၾကာင္းကိုလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ စစ္ေခါင္းေဆာင္ေတြအေနနဲ႔ အၾကမ္းဖက္လုပ္ရပ္ လုပ္ေနတာ ခ်က္ခ်င္းရပ္ဖို႔၊ ဥပေဒမဲ့ဖမ္းဆီးမႈေတြ ေနာက္ထပ္မလုပ္ဖို႔၊ ႏိုင္ငံေရးအက်ဥ္းသားေတြနဲ႔ ဥပေဒမဲ့ ဖမ္းဆီးထားသူအားလုံးကို ျပန္လႊတ္ေပးဖို႔နဲ႔ ျမန္မာႏိုင္ငံကို ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္သြားဖို႔လည္း G7 ႏိုင္ငံေတြက ေတာင္းဆိုလိုက္ၾကပါတယ္။

ျမန္မာ့အေရးေျဖရွင္းႏိုင္ဖို႔ ကုလသမဂၢနဲ႔အာဆီယံတို႔ရဲ႕ အားထုတ္မႈေတြအေပၚ ဆက္လက္ေထာက္ခံေနသလို အာဆီယံအထူးကိုယ္စားလွယ္နဲ႔ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ၾကား ပူးေပါင္းေဆာင္ ႐ြက္မႈေတြကိုလည္း ဆက္လက္ ေထာက္ခံေနတယ္လို႔ ေျပာပါတယ္။ ဒီမိုကေရစီေရးႀကိဳးပမ္းေနၾကတဲ့ အတိုက္အခံေတြ က်ယ္က်ယ္ျပန႔္ျပန႔္ ပါဝင္တဲ့ ေတြ႕ဆုံေဆြးေႏြးေရးအပါအဝင္ ASEAN ဘုံသေဘာတူညီမႈေတြကို စစ္ေခါင္းေဆာင္ေတြအေနနဲ႔ အဓိပၸါယ္ရွိရွိ အေကာင္အထည္ေဖာ္ဖို႔လည္း G7 ႏိုင္ငံေတြရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးေတြက ေတာင္းဆိုထားၾကပါတယ္။

G7 ႏိုင္ငံေတြထဲမွာ အေမရိကန္၊ ကေနဒါ၊ ၿဗိတိန္၊ ျပင္သစ္၊ ဂ်ာမနီ၊ အီတလီ၊ ဂ်ပန္နဲ႔ EU ဥေရာပသမဂၢတို႔ပါဝင္ပါတယ္။

ျမန္မာ့ဒီမိုကေရစီေရးလႈပ္ရွားသူ ကိုဂ်င္မီအပါအဝင္ ေလးဦးကို ေသဒဏ္စီရင္ခဲ့တဲ့ကိစၥဟာ အာဆီယံဘုံသေဘာတူညီခ်က္အေကာင္အထည္ေဖာ္ေရး တိုးတက္မႈေတြအစား ေနာက္ျပန္ဆုတ္သြားတဲ့အေျခအေနျဖစ္တယ္လို႔ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး Retno Marsudi ကလည္း ဒီကေန႔ ေျပာဆိုပါတယ္။ ေသဒဏ္စီရင္မႈကို ျပစ္တင္တဲ့ အာဆီယံ ေၾကညာခ်က္ထြက္လာဖို႔လည္း အင္ဒိုနီးရွားႏိုင္ငံဘက္ က ႀကိဳးပမ္းခဲ့တယ္လို႔ ဆိုပါတယ္။ ျမန္မာစစ္ေကာင္စီဘက္ကေတာ့ ဒီ ေသဒဏ္စီရင္ခံရသူေတြဟာ အၾကမ္းဖက္လုပ္ငန္းေတြ က်ဴးလြန္တာေၾကာင့္ ဥပေဒအတိုင္း ေဆာင္႐ြက္တာလို႔ ႏိုင္ငံတကာကို တုံ႔ျပန္ခဲ့ပါတယ္။ ဒီလို အၾကမ္းဖက္မႈက်ဴးလြန္လို႔ဆိုၿပီး ေသဒဏ္စီရင္ခဲ့ေပမယ့္လည္း ရန္ကုန္အပါအဝင္ ေနရာတခ်ိဳ႕မွာေတာ့ စစ္ေကာင္စီရဲ႕ ရပ္ေက်း အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ေတြ လုပ္ႀကံသတ္ျဖတ္မႈေတြ ဆက္ရွိေနတယ္လို႔သိရပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

စစ်ကောင်စီရဲ့သေဒဏ်စီရင်မှု G7 နိုင်ငံခြားရေးဝန်ကြီးများ ပြစ်တင်ရှုတ်ချ

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးလှုပ်ရှားသူ ကိုဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်၊ အရပ်သားပြည်သူနှစ်ဦးဖြစ်ကြတဲ့ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ကို ကွပ်မျက်လိုက်တဲ့အပေါ် ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချတယ်လို့ စီးပွားအင်အားကြီး ၇ နိုင်ငံက ပြောကြားလိုက်ပါတယ်။

လွတ်လပ်မျှတတဲ့ တရားစီရင်မှုနဲ့မဟုတ်ဘဲ နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံး ကွပ်မျက်တာကိုကြည့်ရင် ဒီမိုကရေစီလိုလားတဲ့ မြန်မာပြည်သူတွေရဲ့ ခိုင်မာတဲ့စိတ်ဓါတ်ကို ဂရုမစိုက်ဘူးဆိုတာ ပြသလိုက်တာဖြစ်တယ်လို့ G7 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ အခုလို ကွပ်မျက်ခံရသူတွေအပါအဝင် စစ်တပ်အာဏာခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကစလို့ အသတ်ခံရသူတွေ၊ ဖမ်းဆီးခံရသူတွေ၊ ညှင်းပမ်းနှိပ်စက်ခံရသူတွေအားလုံးရဲ့ မိသားစုတွေအတွက်လည်း ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းပြောပါတယ်။

စစ်အာဏာသိမ်းတဲ့အပေါ် G7 နိုင်ငံတွေအနေနဲ့ အပြင်းထန်ဆုံး ဆက်လက် ပြစ် တင် ရှုတ်ချတဲ့တချိန်တည်းမှာ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူသားချင်းစာနာစရာ အခြေအနေနဲ့ လူ့အခွင့်အရေး အခြေအနေတွေအပေါ် စိုးရိမ်ကြောင်းကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ခေါင်းဆောင်တွေအနေနဲ့ အကြမ်းဖက်လုပ်ရပ် လုပ်နေတာ ချက်ချင်းရပ်ဖို့၊ ဥပဒေမဲ့ဖမ်းဆီးမှုတွေ နောက်ထပ်မလုပ်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ဥပဒေမဲ့ ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့လည်း G7 နိုင်ငံတွေက တောင်းဆိုလိုက်ကြပါတယ်။

မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ ကုလသမဂ္ဂနဲ့အာဆီယံတို့ရဲ့ အားထုတ်မှုတွေအပေါ် ဆက်လက်ထောက်ခံနေသလို အာဆီယံအထူးကိုယ်စားလှယ်နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကြား ပူးပေါင်းဆောင် ရွက်မှုတွေကိုလည်း ဆက်လက် ထောက်ခံနေတယ်လို့ ပြောပါတယ်။ ဒီမိုကရေစီရေးကြိုးပမ်းနေကြတဲ့ အတိုက်အခံတွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးအပါအဝင် ASEAN ဘုံသဘောတူညီမှုတွေကို စစ်ခေါင်းဆောင်တွေအနေနဲ့ အဓိပ္ပါယ်ရှိရှိ အကောင်အထည်ဖော်ဖို့လည်း G7 နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက တောင်းဆိုထားကြပါတယ်။

G7 နိုင်ငံတွေထဲမှာ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်နဲ့ EU ဥရောပသမဂ္ဂတို့ပါဝင်ပါတယ်။

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ ကိုဂျင်မီအပါအဝင် လေးဦးကို သေဒဏ်စီရင်ခဲ့တဲ့ကိစ္စဟာ အာဆီယံဘုံသဘောတူညီချက်အကောင်အထည်ဖော်ရေး တိုးတက်မှုတွေအစား နောက်ပြန်ဆုတ်သွားတဲ့အခြေအနေဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကလည်း ဒီကနေ့ ပြောဆိုပါတယ်။ သေဒဏ်စီရင်မှုကို ပြစ်တင်တဲ့ အာဆီယံ ကြေညာချက်ထွက်လာဖို့လည်း အင်ဒိုနီးရှားနိုင်ငံဘက် က ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာစစ်ကောင်စီဘက်ကတော့ ဒီ သေဒဏ်စီရင်ခံရသူတွေဟာ အကြမ်းဖက်လုပ်ငန်းတွေ ကျူးလွန်တာကြောင့် ဥပဒေအတိုင်း ဆောင်ရွက်တာလို့ နိုင်ငံတကာကို တုံ့ပြန်ခဲ့ပါတယ်။ ဒီလို အကြမ်းဖက်မှုကျူးလွန်လို့ဆိုပြီး သေဒဏ်စီရင်ခဲ့ပေမယ့်လည်း ရန်ကုန်အပါအဝင် နေရာတချို့မှာတော့ စစ်ကောင်စီရဲ့ ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ လုပ်ကြံသတ်ဖြတ်မှုတွေ ဆက်ရှိနေတယ်လို့သိရပါတယ်။

XS
SM
MD
LG