သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Greenland ကျွန်းက ဧရာမချောက်ကြီး


ဒိန်းမတ်နိုင်ငံမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ရေခဲပြင်အောက်က ဧရာမချောက်ကြီး။
ဒိန်းမတ်နိုင်ငံမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ရေခဲပြင်အောက်က ဧရာမချောက်ကြီး။
ဒိန်းမတ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးရ ရေခဲလွှမ်း ဂရင်းလန်ကျွန်းပေါ်မှာ မိုင် ၅၀၀ နီးပါးရှည်ပြီးတော့ အမေရိကန်ပြည်ထောင်စုက Green Canyon ချောက်ကြီးလောက်နက်တဲ့ ပျောက်ကွယ်နေတဲ့ ချောက်ကြီးတစ်ခုကို သိပ္ပံပညာရှင်တွေ ရှာဖွေ တွေ့ရှိလိုက်ပါတယ်။

လေယာဉ်တွေကနေ ဖမ်းယူရရှိတဲ့ ရေဒါအချက်အလက်တွေကို စုစည်းပြီးတော့ ရေခဲတွေ နှင်းတွေနဲ့ ဖုံးလွှမ်းနေတဲ့ ဧရာမချောက်ကြီးရဲ့ပုံသဏ္ဍန်ကို သိပ္ပံပညာရှင်တွေ ပုံဖော်ယူ ကြည့်ခဲ့ကြပါတယ်။ ရေခဲတွေနဲ့ ဖုံးလွှမ်းမသွားခင် လွန်ခဲ့တဲ့နှစ်ပေါင်း ၄ သန်းလောက်မှာ ဒီချောက်ကြီးက ရေစီးဆင်းရာ အဓိက လမ်းကြောင်းကြီး တစ်ခုဖြစ်လိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ယူဆပါတယ်။

အခုနေ့မှာတောင်မှ ဒီချောက်ကြီးက ရေခဲပြင်က အရည်ပျော်တဲ့ရေတွေကို ရေခဲပြင်အစွန်းကို ပို့ဆောင်ပေးပြီးတော့ အဲဒီကတဆင့် သမုဒ္ဒရာထဲကိုပို့ပေးနေတုန်းပဲ ဖြစ်ပါတယ်။ ဒီချောက်ကြီးက ဂရင်းလန်ကျွန်းအလယ်ပိုင်းက အစပြုပြီးတော့ မြောက်ဖက်ကမ်းရိုးတန်းကို သွယ်တန်းသွားပါတယ်ရှင်။
XS
SM
MD
LG