သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယက Adani ကုမ္ပဏီကို လာဘ်ထိုးမှုနဲ့ ကန် တရားစွဲ

လာဘ်ပေးမှုနဲ့ အမေရိကန်က တရားစွဲလိုက်တဲ့ အိန္ဒိယစီးပွါးရေးလုပ်ငန်းရှင် ဘီလျံနာသူဌေး Gautam Adani
လာဘ်ပေးမှုနဲ့ အမေရိကန်က တရားစွဲလိုက်တဲ့ အိန္ဒိယစီးပွါးရေးလုပ်ငန်းရှင် ဘီလျံနာသူဌေး Gautam Adani

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲကတယောက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံက ဘီလျံနာစီးပွားရေးသမား Gautam Adani ကိုရင်းနှီးမြှုပ်နှံတဲ့သူတွေကို လိမ်လည်လှည့်ဖြားတယ်ဆိုပြီး အမေရိကန်က တရားစွဲလိုက်ပါတယ်။

Adani နဲ့ သူ့ရဲ့ လက်အောက်က ကုမ္ပဏီအုပ်စုတွေဟာ အိန္ဒိယနိုင်ငံမှာ နေရောင်ခြည်စွမ်းအင် စီမံကိန်းအတွက်အာဏာပိုင်တွေကို အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကျော်ဖိုးလောက် လာဘ်ထိုးခဲ့ရပြီး အဲဒီလို လာဘ်ထိုးခဲ့ရတာကို သူ့တို့ဆီမှာ လာရောက် ရင်းနှီးမြှုပ်နှံတဲ့သူတွေကိုပြောဖို့ ပျက်ကွယ်ခဲ့ တာကြောင့် ဆိုပြီး တရားစွဲခဲ့တာဖြစ်ပါတယ်။ သူနဲ့အတူ ကုမ္ပဏီက နောက်ထပ်ပတ်သက်သူ အများအပြားအပါအဝင် သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ စီမံကိန်းတွေကိုလည်း စွဲချက်တင်လိုက်ပါတယ်။

Adani ကုမ္ပဏီအုပ်စုကတော့ Gautam Adani က အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကျော် လာဘ်ထိုး ခဲ့ရတယ်ဆိုပြီး အမေရိကန်က တရားစွဲတာဟာ အခြေအမြေမရှိဘူးလို့ Adani ကုမ္ပဏီအုပ်စုက ဒီနေ့ ပြောလိုက်ပါတယ်။ Adani Green ကုမ္ပဏီအဖွဲ့ဝင် ဒါရိုက်တာတွေနဲ့ပတ်သက်ပြီး အမေရိကန် တရားရေးဌာန၊ အမေရိကန်လုံခြုံရေးနဲ့ ငွေလဲလှယ်ရေး ကော်မရှင်တွေက စွပ်စွဲပြောဆိုနေတာ တွေဟာ အခြေအမြစ်မရှိလို့ လက်မခံဘဲ ပယ်ချတယ်လို့ Adani ကုမ္ပဏီအုပ်စုရဲ့ကြေညာချက်မှာ ပြောထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီး တရားဥပဒေကြောင်းအရ ဖြစ်နိုင်တဲ့နည်းနဲ့ ပြန်လည် တုံ့ပြန်သွားမယ်လို့လည်း ပြောပါတယ်။

တချိန်တည်းမှာမှာ အိန္ဒိယရဲ့ ကွန်ဂရက်ပါတီခေါင်းဆောင် Rahul Gandhi ကတော့ Gautam Adani ကို ချက်ချင်း အရေးယူးဖမ်းဆီးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီစီမံကိန်းကနေပြီး လာမယ့် နှစ် ၂၀ အတွင်း အခွန်ဆောင်ပြီး အမေရိကန်ဒေါ်လာ ၂ ဘီလျံကျော် အမြတ်အစွန်းရဖို့ မျှော်မှန်းထားတာ ဖြစ်ပါတယ်။

အိန္ဒိယက Adani ကုမ္ပဏီကို လာဘ်ထိုးမှုနဲ့ ကန် တရားစွဲ
please wait

No media source currently available

0:00 0:00:28 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG