သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလ် လက်ချက် ပါလက်စတိုင်း ၁၅ ဦးသေဆုံး


အစ္စရေးလ်နဲ့ ဂါဇာကမ်းမြောင်ဒေသ နယ်စပ်တလျှောက်မှာ အစ္စရေးလ်လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လက်ချက်ကြောင့် သောကြာနေ့က ပါလက်စတိုင်းလူမျိုး ၁၅ ယောက်ထက်မနည်း သေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရသွားတယ်လို့ ပါလက်စတိုင်း ကျန်းမာရေး ဌာနကပြောပါတယ်။

မကြာသေးခင်နှစ်အတွင်း နယ်စပ်တလျှောက်မှာ ဆန္ဒပြပွဲတွေထဲက အကြီးမားဆုံးတခုနဲ့ ရုန်းရင်းဆန်ခတ် အခြေအနေကို ဖြိုခွဲဖို့ အဓိကရုဏ်းနှိမ်နင်းရေး နည်းလမ်းတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အသုံးပြုခဲ့တယ်လို့ အစ္စရေးလ်စစ်ဘက်က ပြောပါတယ်။ ထောင်ပေါင်းများစွာသော ပါလက်စတိုင်းလူမျိုးတွေ နယ်စပ်ကို ချဉ်းကပ်ခဲ့ကြတာနဲ့အမျှ ရုန်းရင်းဆန်ခတ် အခြေအနေတွေ ဖြစ်ခဲ့ တာပါ။ ကျောက်ခဲတွေနဲ့ပစ်ပေါက်ပြီး မီးရှို့ထားတဲ့ မော်တော်ကားတာယာတွေကို တွန်းလှိမ့်လွှတ်တဲ့ အဓိက လှုံ့ဆော်သူတွေကို တုန့်ပြန် လုပ်ဆောင်ခဲ့တာလို့ အစ္စရေးလ်စစ်ဘက်က ပြောပါတယ်။ လူထု ဆန္ဒပြပွဲတွေကို အကာအကွယ်ယူပြီး စစ်သွေးကြွတွေ က တိုက်ခိုက်ဖို့ ကြိုးစားတယ်လို့လည်း အစ္စရေးလ်စစ်ဘက်က စွပ်စွဲပါတယ်။

အစ္စရေးလ်တပ်ဖွဲ့တွေဟာ ကျည်ဆန်အစစ်တွေ၊ ရာဘာအုပ်ထားတဲ့ သံမဏိလုံးတွေ၊ မျက်ရည်ယိုဗုံးတွေသုံးပြီး ပစ်ခတ်တာ ကြောင့် ပါလက်စတိုင်း ၁၅ ယောက်ထက်မနည်းသေဆုံးပြီး ၁၄၀၀ လောက် ဒဏ်ရာရတယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဌာန က ပြောပါတယ်။ အဲဒီထဲမှာ ကျည်အစစ်ထိလို့ ဒဏ်ရာရသူ ၇၅၀ ကျော် ပါတယ်လို့လည်းပြောပါတယ်။

ဒီဖြစ်ရပ်ဟာ ပါလက်စတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဂါဇာဒေသမှာ ပြီးခဲ့တဲ့နှစ် ဆောင်းဦးရာသီကတည်းကဆိုရင် သေဆုံး ဒဏ်ရာရသူ အများဆုံးဖြစ်ရပ်ပါ။

ဂါဇာကမ်းမြောင်ဒေသ အခြေအနေကို ဆွေးနွေးဖို့ သောကြာနေ့ညနေပိုင်းမှာ တံခါးပိတ်ဆွေးနွေးပွဲတခုလုပ်မယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG