သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာအပါအဝင္ ကမာၻႏိုင္ငံတခ်ိဳ႕ စာသင္ေက်ာင္းတိုက္ခိုက္ခံရမႈတိုးလာ


မိုးေမာက္ စာသင္ေက်ာင္း (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

တကၠသိုလ္ေကာလိပ္အပါအဝင္ တကမာၻလုံးက စာသင္ေက်ာင္းေတြမွာ လြန္ခဲ့တဲ့ ၂ ႏွစ္အတြင္း အၾကမ္းဖက္တိုက္ခိုက္ခံရမႈေတြေၾကာင့္ ဆရာနဲ႔ေက်ာင္းသားေတြ စုစုေပါင္း ၉ ေထာင္ေက်ာ္ ထိခိုက္ဒဏ္ရာရ ေသဆုံးမႈေတြရွိခဲ့တယ္လို႔ ပညာေရးက႑ တိုက္ခိုက္ခံရမႈကာကြယ္ေရး ကမာၻလုံးဆိုင္ရာၫြန႔္ေပါင္းအဖြဲ႕ (GCPEA) က ဇြန္လ ၁ ရက္ေန႔မွာ ထုတ္ျပန္ပါတယ္။

ေက်ာင္းေတြကို ေဖာက္ခြဲတိုက္ခိုက္တာနဲ႔ တပ္စြဲတာေတြဟာ ၂၀၁၉ နဲ႔ ၂၀၂၀ ခုႏွစ္မွာ သုံးပုံတပုံ ျမင့္တက္သြားခဲ့ၿပီး မႏွစ္ ၂၀၂၁ တုန္းကလည္း ကိုဗစ္ကာလ ပိတ္ထားရက္မ်ားတဲ့ၾကားထဲက အလားတူႏႈန္းနဲ႔ ဆက္ရွိေနခဲ့တယ္လို႔ GCPEA အဖြဲ႕က ေျပာပါတယ္။ စာသင္ေက်ာင္းတိုက္ခိုက္ခံရမႈမ်ားတဲ့ႏိုင္ငံေတြဟာ ျမန္မာအပါအဝင္ အာဖဂနစၥတန္၊ ကိုလံဘီယာ၊ ႏိုင္ဂ်ီးရီးယား၊ အီသီယိုပီးယား၊ မိုဇမ္း ဘစ္၊ ဘာကီနာဖာဆို၊ မာလီ၊ အဇာဘိုင္ဂ်န္တို႔ျဖစ္ၾကတယ္လို႔ စာမ်က္ႏွာ ၂၅၆ မ်က္ႏွာပါ အဲဒီ အစီရင္ခံစာကေရးပါတယ္။

ကမာၻအႏွံ႔ စာသင္ေက်ာင္းေတြကို အစိုးရတပ္အပါအဝင္ လက္နက္ကိုင္အဖြဲ႕ေတြ တပ္စြဲအသုံးျပဳတာဟာ လြန္ခဲ့တဲ့ႏွစ္ႏွစ္ထက္စာရင္ ႏွစ္ဆတက္ခဲ့တယ္လို႔ အစီရင္ခံစာမွာေဖာ္ျပပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ ၂၀၂၁ ေဖေဖာ္ဝါရီလ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ အလားတူအမႈမ်ိဳး ၂၀၀ ေက်ာ္ ေတြ႕ခဲ့ရတယ္လို႔ ေဖာ္ျပပါတယ္။ ျမန္မာႏိုင္ငံတြင္းမွာ အာဏာသိမ္းစစ္ေကာင္စီက အထက္တန္းေက်ာင္းေတြျပန္ဖြင့္ဖို႔ ႀကိဳးစားခ်ိန္မွာပဲ စာသင္ေက်ာင္းတခ်ိဳ႕ တိုက္ခိုက္ခံရတာေတြရွိခဲ့ပါတယ္။ အာဏာသိမ္းမႈကိုဆန႔္က်င္တဲ့ PDF အဖြဲ႕က စာသင္ေက်ာင္းေတြကို တိုက္ခိုက္တယ္ဆိုၿပီး စစ္ေကာင္စီက စြပ္စြဲထားပါတယ္။

အခုႏွစ္ ေဖေဖာ္ဝါရီ ၂၄ ေန႔က ႐ုရွားက်ဳးေက်ာ္စစ္ေၾကာင့္လည္း ယူကရိန္းက တကၠသိုလ္နဲ႔ ေက်ာင္းေပါင္း တေထာင္ေက်ာ္ ပ်က္စီးခဲ့ရၿပီးၿပီလို႔လည္း
ယူကရိန္း ပညာေရးနဲ႔ လူမူအဖြဲ႕အစည္းေတြကို ကိုးကားၿပီး ဒီ အစီရင္ခံစာမွာေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

မြန်မာအပါအဝင် ကမ္ဘာနိုင်ငံတချို့ စာသင်ကျောင်းတိုက်ခိုက်ခံရမှုတိုးလာ

တက္ကသိုလ်ကောလိပ်အပါအဝင် တကမ္ဘာလုံးက စာသင်ကျောင်းတွေမှာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေကြောင့် ဆရာနဲ့ကျောင်းသားတွေ စုစုပေါင်း ၉ ထောင်ကျော် ထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေရှိခဲ့တယ်လို့ ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှုကာကွယ်ရေး ကမ္ဘာလုံးဆိုင်ရာညွန့်ပေါင်းအဖွဲ့ (GCPEA) က ဇွန်လ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ကျောင်းတွေကို ဖောက်ခွဲတိုက်ခိုက်တာနဲ့ တပ်စွဲတာတွေဟာ ၂၀၁၉ နဲ့ ၂၀၂၀ ခုနှစ်မှာ သုံးပုံတပုံ မြင့်တက်သွားခဲ့ပြီး မနှစ် ၂၀၂၁ တုန်းကလည်း ကိုဗစ်ကာလ ပိတ်ထားရက်များတဲ့ကြားထဲက အလားတူနှုန်းနဲ့ ဆက်ရှိနေခဲ့တယ်လို့ GCPEA အဖွဲ့က ပြောပါတယ်။ စာသင်ကျောင်းတိုက်ခိုက်ခံရမှုများတဲ့နိုင်ငံတွေဟာ မြန်မာအပါအဝင် အာဖဂနစ္စတန်၊ ကိုလံဘီယာ၊ နိုင်ဂျီးရီးယား၊ အီသီယိုပီးယား၊ မိုဇမ်း ဘစ်၊ ဘာကီနာဖာဆို၊ မာလီ၊ အဇာဘိုင်ဂျန်တို့ဖြစ်ကြတယ်လို့ စာမျက်နှာ ၂၅၆ မျက်နှာပါ အဲဒီ အစီရင်ခံစာကရေးပါတယ်။

ကမ္ဘာအနှံ့ စာသင်ကျောင်းတွေကို အစိုးရတပ်အပါအဝင် လက်နက်ကိုင်အဖွဲ့တွေ တပ်စွဲအသုံးပြုတာဟာ လွန်ခဲ့တဲ့နှစ်နှစ်ထက်စာရင် နှစ်ဆတက်ခဲ့တယ်လို့ အစီရင်ခံစာမှာဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာတော့ ၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက် အလားတူအမှုမျိုး ၂၀၀ ကျော် တွေ့ခဲ့ရတယ်လို့ ဖော်ပြပါတယ်။ မြန်မာနိုင်ငံတွင်းမှာ အာဏာသိမ်းစစ်ကောင်စီက အထက်တန်းကျောင်းတွေပြန်ဖွင့်ဖို့ ကြိုးစားချိန်မှာပဲ စာသင်ကျောင်းတချို့ တိုက်ခိုက်ခံရတာတွေရှိခဲ့ပါတယ်။ အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ PDF အဖွဲ့က စာသင်ကျောင်းတွေကို တိုက်ခိုက်တယ်ဆိုပြီး စစ်ကောင်စီက စွပ်စွဲထားပါတယ်။

အခုနှစ် ဖေဖော်ဝါရီ ၂၄ နေ့က ရုရှားကျုးကျော်စစ်ကြောင့်လည်း ယူကရိန်းက တက္ကသိုလ်နဲ့ ကျောင်းပေါင်း တထောင်ကျော် ပျက်စီးခဲ့ရပြီးပြီလို့လည်း
ယူကရိန်း ပညာရေးနဲ့ လူမူအဖွဲ့အစည်းတွေကို ကိုးကားပြီး ဒီ အစီရင်ခံစာမှာဖော်ပြထားပါတယ်။
==========

XS
SM
MD
LG