သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေသအသီးသီးမှ မဲဆန္ဒပေး အခြေအနေစုံ


ရန်ကုန်မြို့ ဆောက်လက်စအဆောက်အဦးတစ်ခုအတွင်း မဲရေတွက်နေစဉ်။ (နိုဝင်ဘာ ၈၊ ၂၀၁၅)
ရန်ကုန်မြို့ ဆောက်လက်စအဆောက်အဦးတစ်ခုအတွင်း မဲရေတွက်နေစဉ်။ (နိုဝင်ဘာ ၈၊ ၂၀၁၅)

ရွေးကောက်ပွဲနေ့မတိုင်ခင်ကတည်းက ဖြစ်နေခဲ့တဲ့ အဆင်မပြေမှုနဲ့ အခက်အခဲတွေက ဒီကနေ့အထိလည်း အလုံးစုံ ပြေလည်သွားတဲ့ပုံမရှိတာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေရဲ့ ပြောပြချက်တွေက သက်သေပြနေပါတယ်။ ကမာရွတ်၊ ကြည့်မြင်တိုင်။ တောင်ဥက္ကလာပ၊ ရွှေပြည်သာမြို့နယ် စတဲ့မြို့နယ်တွေက အခြေအနေကို မမေခ တင်ပြထားပါတယ်။ အသံဖိုင်မှာ အပြည့်အစုံနားဆင်နိုင်ပါတယ်။

please wait

No media source currently available

0:00 0:05:03 0:00
တိုက်ရိုက် လင့်ခ်

ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင် အရွေးကောက်ခံမယ့် လက်ရှိအာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ ကိုယ်စားလှယ် ဦးအောင်သိန်းလင်းကို ဗွီအိုအေသတင်းထောက် မမြင့်မြင့်ခိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။

အသံဖုိင်မှာ အပြည့်အစုံနားဆင်နိုင်ပါတယ်။

please wait

No media source currently available

0:00 0:02:39 0:00
တိုက်ရိုက် လင့်ခ်

အထွေထွေရွေးကောက်ပွဲအတွက် မြန်မာပြည်အဝှမ်းမှာ မဲပေးနေကြရာမှာ နေရာဒေသတော်တော်များများမှာ အားလုံးအဆင်ပြေချောမွေနေတဲ့ အနေအထားရှိနေပြီး တချို့ဒေသတွေမှာတော့ မဲစာရင်းကျန်နေတာတွေ၊ ကြိုတင်မဲပိုပေးတာတွေ၊ ရှိနေပါတယ်။ နေရာ အများစုကတော့ မဲဆန္ဒရှင်နဲ့ မဲပေးချိန် မမျှမတဖြစ်ပြီး မဲရုံပိတ်ချိန်မှာ မဲမပေးရဘဲ ကျန်ရှိ နေမှာကို စိုးရိမ်နေကြပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့ကအခြေအနေကို ဗီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အသံဖိုင်မှာ အပြည့်အစုံနားဆင်နိုင်ပါတယ်။

please wait

No media source currently available

0:00 0:06:32 0:00
တိုက်ရိုက် လင့်ခ်

တနင်္သာရီတိုင်း စစ်တပ်နယ်မြေအတွင်း တပ်မတော်သားတွေ၊ သူတို့မိသားစုတွေအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲမထည့်ကြဖို့ တပ်တွင်း ညွန်ကြားချက် ထုတ်ပြန်ခဲ့သလို ခြိမ်းခြောက်မှုတွေရှိခဲ့တယ်လို့ တပ်တွင်းမိသားစုတွေကပြောပါတယ်။

ဒါဟာ နိုင်ငံသားအခွင့်အရေးချိုးဖောက်ခံရတာဖြစ်ပြီး မိမိတို့ပေးချင်တဲ့နိုင်ငံရေးပါတီကို မဲထည့်ခွင့်မရတဲ့အတွက် ဝမ်းနည်းမိတယ်လို့ ဒီကနေ့ တနင်္သာရီတိုင်း တပ်နယ်မြေမှာ ကိုယ်တိုင်မဲထည့်ခဲ့တဲ့ မဲဆန္ဒရှင်တဦးက ဗွီအိုအေကိုပြောပါတယ်။

ဒီကနေ့ရွေးကောက်ပွဲနေ့မှာ တပ်တွင်း မဲရုံတွေကို နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်သူတွေလာရောက်ကြည့်ရှုကြတယ်လို့လည်း မျက်မြင်သက်သေတွေက ဗွီအိုအေကိုပြောပါတယ်။

please wait

No media source currently available

0:00 0:00:36 0:00
တိုက်ရိုက် လင့်ခ်

ဒီကနေ့ရွေးကောက်ပွဲကျင်းပတဲ့အချိန်မှာ ရန်ကုန်တိုင်းအတွင်းက မြို့နယ်အတော်များများက မဲရုံတွေကို ကိုယ်တိုင်သွားရောက်ကြည့်ရှု့လေ့လာခဲ့တဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာေရးအဖွဲ့ စေတနာ့ဝန်ထမ်းက ဦးရွှေဘက သူကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ ထူးခြားဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ဗွီအိုအေမြန်မာပိုင်းက မဆုမွန်ရဲ့မေးမြန်းချက်ကို အခုလိုစဖြေပါတယ်။

မြို့နယ်အတော်များများက မဲရုံတွေကို ကိုယ်တိုင်သွားရောက်ကြည့်ရှု့လေ့လာခဲ့တဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာေရးအဖွဲ့ စေတနာ့ဝန်ထမ်းက ဦးရွှေဘကို မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာပါ။

အသံဖိုင်မှာ အပြည့်အစုံနားဆင်နိုင်ပါတယ်။

please wait

No media source currently available

0:00 0:05:14 0:00
တိုက်ရိုက် လင့်ခ်

ရန်ကုန်ဘက်က ရွေးကောက်ပွဲ အခြေအနေမှာတော့ ရန်ကင်းမြို့နယ်တွင်းက မဲလက်မှတ်တွေမှာ ကော်မရှင်ရဲ့ တံဆိပ်တုံးတွေမပါတာတွေရှိသလို၊ ကြည့်မြင်တိုင်မြို့နယ်က မဲလက်မှတ်နေရာမှာ အလုံကမဲလက်မှတ်တွေရောက်နေတာတွေရှိနေပြီး၊ သင်္ဃန်းကျွန်းမြို့နယ်ဘက်က တိုင်းရင်းသားတချို့ တိုင်းရင်းသားမဲလက်မှတ်မရတာတွေရှိတယ်လို့ မဲဆန္ဒရှင်တွေက ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ကိုရန်နိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

please wait

No media source currently available

0:00 0:03:44 0:00
တိုက်ရိုက် လင့်ခ်

မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် ၁ ရပ်ကွက်မှာ မဲစာရင်းမှာ မပါဝင်သူ ၁ ရာလောက် ကားတွေနဲ့ လာရောက်မဲပေးခဲ့တဲ့အတွက် အခြေအနေတွေက ရုတ်ရုတ်သဲသဲဖြစ်ခဲ့ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး မန္တလေးမြို့က ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ ဦးခင်မောင်ထွန်းကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

please wait

No media source currently available

0:00 0:02:34 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG