သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်လက်ခံရေး မူ ဂျာမနီပြောင်းမည်မဟုတ်


Austrian-German နယ်စပ်ဖြတ်ကျော်နေတဲ့ ဒုက္ခသည်များ။
Austrian-German နယ်စပ်ဖြတ်ကျော်နေတဲ့ ဒုက္ခသည်များ။

ဂျာမနီ နိုင်ငံမှာ တစ်ပတ်အတွင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဒုက္ခသည်တွေကို လက်ခံဖို့ တံခါးဖွင့်ပေးထားတဲ့ မူဝါဒကို ပြောင်းလဲ ဖို့ တောင်းဆိုမှုတွေကို ဂျာမနီ ခေါင်းဆောင် Angela Merkel က ခိုင်ခိုင်မာမာ ငြင်းဆိုလိုက်ပါတယ်။

Angela Merkel ဟာ သူမရဲ့ အားလပ်ရက်ခရီးကို ရပ်နားပြီး၊ ကြာသာပတေးနေ့က ဘာလင်မြို့မှာ သတင်းထောက်တွေကို ပြောကြားရာမှာ၊ တိုက်ခိုက်သူတွေဟာ ဂျာမနီနိုင်ငံရဲ့ လူမှုအသိုက်အဝန်း စိတ်ဓါတ်နဲ့ ပွင့်လင်းမြင်သာမှု၊ အကူအညီ လိုအပ်နေသူတွေကို ကူညီချင်စိတ် ရှိမှုတွေကို ချိုးနှိမ်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ သူမက ပြောပါတယ်။

ဘာလင်မှာ Angela Merkel သတင်းထောက်တွေနဲ့တွေ့ဆုံ။
ဘာလင်မှာ Angela Merkel သတင်းထောက်တွေနဲ့တွေ့ဆုံ။

မကြာခင်က ဂျာမနီမှာ ဖြစ်သွားတဲ့ တိုက်ခိုက်မှုတွေဟာ ဆိုးဝါး ထိတ်လန့်ဖွယ်ကောင်းပြီး၊ စိတ်ဖိစီးစရာဖြစ်ပေမယ့် ဒါဟာ အာဏာပိုင်တွေက အခြေအနေကို ထိန်းချုပ်နိုင်စွမ်းမရှိတော့တဲ့ လက္ခဏာတော့ မဟုတ်ဘူးလို့ သူမက ပြောပါတယ်။

တိုက်ခိုက်သူတွေဟာ ကျွန်မတို့ထဲက ဘယ်သူမဆို ရောက်နေနိုင်တဲ့ အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာဟာ လူ့ယဉ်ကျေးမှုတွေမှာ မလုပ်သင့်ဘူးလို့ ယုံကြည်ထားတဲ့ ပညတ်ချက်တွေ ပျက်စီးနေတာဖြစ်တယ်လို့ Merkel က ဇူလိုင်လ ၁၈ရက်နေ့ နောက်ပိုင်း ဂျာမနီမှာ အကြမ်းဖက် တိုက်ခိုက်မှု လေးခုဖြစ်ခဲ့တာနဲ့ ပြင်သစ် ဘယ်လဂျီယံ၊ တူရကီနဲ့ အမေရိကန် နိုင်ငံ ဖလော်ရီဒါ ပြည်နယ်တွေမှာ အသေအပျောက် များပြားတဲ့ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာတွေကို ရည်ညွှန်းပြီးတော့ ပြောသွားခဲ့ပါတယ်။

ဒုက္ခသည်လက်ခံရေး မူ ဂျာမနီပြောင်းမည်မဟုတ်
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG