သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာလင်တံတိုင်း ဖြိုချမှု ၂၅ နှစ်ပြည့်


စစ်အေးစစ်ကာလ အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီကို ပိုင်းခြားထားတဲ့ ဘာလင်တံတိုင်းကြီးကို ဖြိုချနိုင်ခဲ့တဲ့ ၂၅ နှစ်ပြည့်အထိမ်းအမှတ်ပွဲတွေကို ဂျာမနီနိုင်ငံမှာ ဒီကနေ့ ကျင်းပနေရာမှာ ညပိုင်းမှာ ထောင်နဲ့ချီပြီးရှိတဲ့ အလင်းရောင်တောက်ပနေတဲ့ မိုးပျံဘောလုံးတွေကို ဘာလင်မြို့တော်ရဲ့ ကောင်းကင်ယံကို လွှတ်တင်ခဲ့ကြပါတယ်။

Brandenburg Gate မုဒ်ဦးနား အကာအရံတချို့ကျန်နေတဲ့နေရာတဝိုက်နဲ့ ဘာလင်မြို့တော်လမ်းမတွေပေါ်မှာ ပျော်ပွဲရွှင်ပွဲ ပောာပြောပွဲ အထိမ်းအမှတ်ပွဲတွေကို တနေ့လုံး ကျင်းပနေကြပါတယ်။ အရင်ကတံတိုင်းကြီးရဲ့အမြင့်နဲ့တူညီတဲ့ ၃.၆ မီတာအမြင့်ရှိပြီး တန်းကြီးတလျှောက်မှာ ဟီလီယံ ဓာတ်ငွေ့သွင်းထားတဲ့ အဖြူရောင်ဘောလုံးတွေကို တန်းစီထားထားပြီး တံတိုင်းကြီး ပြိုပျက်သွားတဲ့ အထိမ်းအမှတ်အဖြစ် အဲဒီဘောလုံးတွေကို တလုံချင်း မိုးပေါ်လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။

အရှေ့ဂျာမနီအစိုးရလက်ထက်မှာ သေဆုံးခဲ့ရသူတွေအတွက် ဝတ်ပြုဆုတောင်းပွဲကို ဂျာမနီဝန်ကြီးချုပ် Angela Merkel ဒီမနက်က တက်ရောက်ခဲ့သလို Brandenburg Gate မုဒ်ဦးနား အကာအရံတချို့ကျန်နေတဲ့နေရာမှာ နှင်းဆီတပွင့် သွားပြီးထိုးခဲ့တာအပါအဝင် အထိမ်းအမှတ်ပွဲတွေကို အရှေ့ဂျာမနီမှာ ကြီးပြင်းခဲ့သူ ဝန်ကြီးချုပ်ကိုယ်တိုင် ပါဝင်ဆင်နွှဲ ခဲ့ပါတယ်။ ဒီတံတိုင်းကြီးပြိုကျခဲ့တာဟာ ကျမတို့ရဲ့အိပ်မက်တွေ အကောင်ထည်ပေါ်နိုင်တယ်ဆိုတာကို ပြသနေတာဖြစ်တယ်လို့ ဂျာမန်ဝန်ကြီးချုပ်က ပြောဆိုသွားပါတယ်။

XS
SM
MD
LG